LIS3DSH က STMicroelectronics ထုတ်တဲ့ 3-axis MEMS accelerometer တခု ဖြစ်ပါတယ်။ Full scale ကို ±2g ကနေ ±16g ထိ အမျိုးမျိုးရွေးလို့ ရပါတယ်။ အရွယ်အစားက လည်း 3mm x 3mm ပဲမို့ သေးသေးလေးပါ။ Digital output ကို SPI ဒါမှမဟုတ် I2C ကြိုက်တာသုံးလို့ရပါတယ်။ Supply voltage က 1.71 V ကနေ 3.6 V ထိပေးလို့ ရပါတယ်။ STEVAL-MKI134V1 adapter board လေး တခုဝယ်ပြီး စမ်းကြည့်ထားတဲ့ အတွေ့အကြုံ လေးအကြောင်း ပြောချင်ပါတယ်။
Thursday, September 10, 2015
Accelerometer LIS3DSH
Labels:
8051,
Accelerometer,
Arduino,
ARM,
AT89C51CC03,
Circuit,
Code,
Electronics,
Embedded System,
Firmware,
I2C,
Interface,
LPC54102,
MCU,
Mechatronics,
Microcontroller,
Robotics,
Sensor,
Signal Processing,
SPI
Tuesday, September 8, 2015
A Holistic Approach to Vocal Freedom
NTU ရဲ့ Campus Recreation and Wellness (CReW) ကစီစဉ်တဲ့ A Holistic Approach to Vocal Freedom ဆိုတဲ့ သီချင်း အဆို သင်တန်း သွားတက်ကြည့်ဖြစ်တယ်။ သင်တဲ့သူက NIE က Visual and Performing Arts က lecturer တယောက်ဖြစ်တဲ့ Dr. Chia Wei Khuan ပါ။ ငယ်ငယ်ကတည်းက သီချင်းတွေ အိမ်နေရင်း အမြဲဆိုခဲ့ပေမယ့် အဲဒီအကြောင်းကို မလေ့လာဘူးတာ တပိုင်း၊ စိတ်ဝင်စားတာတပိုင်း ကြောင့် ကြုံကြိုက်တုန်း သွားတက်ဖြစ်ခဲ့တာပါ။ ခြောက်ပတ်စာ သင်တာတွေက
Figure. ကြာတော့ ကြာပြီ အိမ်မှာ ကာရာအိုကေ ဆိုလို့ ရအောင်ဆိုပြီး မိုက်ခရိုဖုန်း လိုက်ရှာရင်း ကြိုးမဲ့မဟုတ်တာလည်း ဖြစ်တဲ့ Shure SM58 လေး သဘောကျတာနဲ့ ဝယ်ဖို့လုပ်တော့ ဘယ်မှာ ဝယ်ရမှန်း မသိဘူး။ အွန်လိုင်း မှလည်း Amazon မှာတော့ တွေ့ပေမယ့် စင်ကာပူ လိပ်စာနဲ့ ဝယ်မရဖြစ်နေတာ။ နောက်မှ သီရိကို အမှတ်မထင် ပြောပြဖြစ်တော့ သူက SingPost ကနေတဆင့် ပို့တဲ့ ဟာလုပ်ပြီး ရအောင် ရှာဝယ်ပေးတာနဲ့ အဆင်ပြေသွားတယ်။
- The McClosky Technique: Relaxation, Posture, Breathing and Breathy Sigh
- Freeing the Tongue, Jaw, Facial Muscles and Neck
- Phonation: On-set and Off-set, Flow vs Pressed
- Resonance and Articulation
- The Singer's Breath: Appoggio
- Maintaining Vocal Freedom
Figure. ကြာတော့ ကြာပြီ အိမ်မှာ ကာရာအိုကေ ဆိုလို့ ရအောင်ဆိုပြီး မိုက်ခရိုဖုန်း လိုက်ရှာရင်း ကြိုးမဲ့မဟုတ်တာလည်း ဖြစ်တဲ့ Shure SM58 လေး သဘောကျတာနဲ့ ဝယ်ဖို့လုပ်တော့ ဘယ်မှာ ဝယ်ရမှန်း မသိဘူး။ အွန်လိုင်း မှလည်း Amazon မှာတော့ တွေ့ပေမယ့် စင်ကာပူ လိပ်စာနဲ့ ဝယ်မရဖြစ်နေတာ။ နောက်မှ သီရိကို အမှတ်မထင် ပြောပြဖြစ်တော့ သူက SingPost ကနေတဆင့် ပို့တဲ့ ဟာလုပ်ပြီး ရအောင် ရှာဝယ်ပေးတာနဲ့ အဆင်ပြေသွားတယ်။
Monday, August 31, 2015
A Workshop about Brain Enhancement Techniques
တနေ့က NTU Healthy Lifestyle ကလုပ်တဲ့ Brain Enhancement Techniques Workshop ဆိုတာ သွားနားထောင် လိုက်သေးတယ်။ နေ့လည် ထမင်းစားချိန်မှာ ပေါ့ပေါ့ပါးပါး ခဏလေး လုပ်တဲ့ workshop လေးဆိုတော့ ဘာမှ ထွေထွေထူးထူး မရှိလှပါဘူး။ ပိုက်ဆံလည်း မပေးရပါဘူး။ လာနားထောင်တဲ့ သူတွေကို သစ်တော်သီး လေးတွေ ဝေပါတယ်။
Tuesday, August 4, 2015
Bluetooth Module to be Used with Microcontroller
HC-05 Master/Slave Bluetooth Module လေးက စျေးသက်သာပြီး (~SGD 16) သံုးရလွယ်တဲ့ Bluetooth module တစ်ခုဖြစ်ပြီး UART interface သံုးပါတယ်။ အဲဒီ HC-05 နဲ့ Arduino Uno microcontroller ကိုသံုးပြီး LED မီးလံုးကို ဖုန်းနဲ့ Bluetooth communication သံုးပြီး အဖွင့်၊ အပိတ် ထိန်း တဲ့ နမူနာတစ်ခု ကို ဆွေးနွေးပါမယ်။ တကယ်တော့ UART interface ပါတဲ့ ဘယ် မိုက်ကရိုကွန်ထရိုလာ မဆို သံုးလို့ရပါတယ်။
Thursday, April 23, 2015
Image Retrieval
ဓာတ်ပုံ တပုံ (test image) ပေးလိုက်ရင် သိမ်းထားတဲ့ ပုံတွေထဲက အတူဆုံး ပုံတွေ ကို ပြန်ရွေးထုတ်ပေးတဲ့ program ကို MatLab နဲ့ ရေးကြည့်ထားပါတယ်။
Sunday, February 22, 2015
MacRitchie Reservoir
MacRitchie reservoir park က Lornie Rd နဲ့ Upper Thomson Rd ဆုံတဲ့ ထောင့်နားမှာ Mount Alvernia Hospital နဲ့ မျက်နှာချင်းဆိုင် လောက်မှာ ရှိပါတယ်။ အိမ်နဲ့လည်း ဘပ်စ်ကား သုံးမှတ်တိုင် လောက်ပဲ ဝေးတာမို့ တရက်က အဲဒီမှာ sunset ဓာတ်ပုံတချို့ သွားရိုက်ဖြစ်ပါတယ်။ ကင်မရာ အသစ်ဝယ်ဖြစ်တာနဲ့ သွားစမ်းရိုက်ကြည့်တာပါ။ အဲဒီ MacRitchie Reservoir Park ကနေ HSBC treetop walk ထိ လမ်းလျှောက်သွားလို့ရတဲ့ hiking route လည်းရှိပါတယ်။ ကျွန်တော်ကတော့ ပန်းခြံ နားမှာပဲရိုက်တာပါ။
Monday, February 16, 2015
A Visit to Bali
ဘာလီ ဆိုတဲ့ နေရာ ကို အစက ငပလီတို့လို ပင်လယ်ကမ်းခြေပဲထင် နေတာ၊ နောက်မှ တကယ်သွားလည်မှ ကမ်းခြေတင် မကဘဲ မြန်မာပြည်က ပုဂံလိုမျိုး ရှေးဟောင်း အမွေအနှစ် ဘုရားကျောင်းတွေ၊ ငေးမောဖွယ်ရာ အနုပညာလက်ရာတွေ၊ အက စတဲ့ ကြာရှည်မြင့်မားတဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ တိမ်တွေကြားက မီးတောင်တွေ၊ စိမ်းလန်းလှပတဲ့ ရှုခင်းတွေ နဲ့ ဘာလီ ပါလား ဆိုတာ တွေ့မြင် ခဲ့ရတယ်။ ငယ်ငယ်တုန်း ကတည်းက ကြားဖူးခဲ့တဲ့ ဖြူသီရဲ့ ပိုလာဘာလီ ဆိုတဲ့ သီချင်းကြောင့်လည်း ဘာလီဆိုတဲ့ နေရာကို စိတ်မှန်းနဲ့ ရင်းနှီးခဲ့၊ ပိုသွားချင်ခဲ့တာပါ။
အဲဒီက လူတွေက ဖော်ရွေ ကြတာများ ပါတယ်။ အစားအသောက် တွေကို တော့ ထိုင်းတို့၊ မလေးတို့လောက် သိပ်မကြိုက်လှ သလို၊ စျေးကလည်း သိပ်မသက်သာလှ ပါဘူး။
သွားရေးလာရေး ကတော့ ကားစင်းလုံးငှားရတာ သက်သာသလို လွယ်ကူ အဆင်ပြေလှ ပါတယ်။
Thursday, January 8, 2015
Photographing the Night Sky
ညအချိန် ကြယ်တွေကို ဓာတ်ပုံ ရိုက်ကြည့်ချင်နေတာ ကတော့ ကြာပြီ။ The Mountain ဆိုတဲ့ ဗွီဒီယိုလေးကို ကြည့်မိပြီး တော်တော် သဘောကျဖူးတယ်။
ဒါပေမယ့် စင်ကာပူမှာက ကောင်းကင် မကြည်လင်တဲ့ ညကများတယ်။
တစ်ခါက ကြယ်တွေကို နည်းနည်းမြင်ရလို့ ဆိုပြီး အိမ်နောက်နားက နည်းနည်းမှောင်တယ် ထင်တဲ့ဖက်ကို သွားရိုက်ကြည့်ဖူးတယ်။
အဲဒါတောင် အနီးအနားက လမ်းမီးတွေ၊ တိုက်တာတွေက ထွက်တဲ့ အလင်းရောင် light pollution တွေက များလွန်းလို့ ထွက်လာတဲ့ ပုံတွေက တစ်ပုံလုံး ဖွေးသာသွားတယ် ကြယ်တွေက ကောင်းကောင်းတောင် မပေါ်ဘူး။
ဒါနဲ့ စိတ်ပျက်ပြီး RAW ဖိုင်တွေကစ အကုန်ပြန်ဖျက်လိုက်တယ်။
လက်ရှိကင်မရာ Nikon D300s ကလည်း ငါးနှစ်လောက်တောင် ရှိပြီဆိုတော့ သူ့ရဲ့ DX Sensor လေးက နောက်ထွက်တဲ့ Sensor တွေနဲ့ စာရင် အလင်းရောင်အားနည်းတဲ့အခါမှာ noise တွေပိုများ လို့များလားပေါ့။
မန္တလေး နားက မြခနောက် တောင်ထိပ်လို နေရာမျိုးကို တက်ရိုက်ရရင်တော့ မဆိုးလောက်ဘူးလို့ စဉ်းစားမိတယ်။
Thursday, December 11, 2014
Sepia Toning in GIMP
အဖြူအမဲ ဓာတ်ပုံတွေ တရက်တပုံနဲ့ ငါးရက် ငါးပုံတိတိတင်ဖို့ ဖေ့ဘုတ်မှာ challenge လုပ်ခံရတာနဲ့ အဖြူအမဲ ပုံတွေ ဖေ့ဘုတ်မှာ တင်ဖြစ်ပါတယ်။ နောက်တော့ ရိုးရိုး အဖြူအမဲ ပုံတင်ရတာ ပျင်းလာတာနဲ့ ရှေးခေတ်က အဖြူအမဲ ဓာတ်ပုံ အဟောင်းပုံမျိုး ဖြစ်အောင် ဝါကျန့်ကျန့် အရောင် မျိုး GIMP မှာ ထည့်ကြည့်ထားပါတယ်။ Sepia Toning မှာ အသေးစိတ် ပြောထားတဲ့ အတိုင်း လုပ်ထားတာပါ။ အခု ဒီပို့စ်မှာ တော့ အဲဒါကို အကျဉ်းချုပ်ပြီး မှတ်မိလွယ်အောင် ပြန်ချုံငုံ ရေးလိုက်ပါတယ်။ မူရင်းပုံ ကအောက်က ပြထားတဲ့ အတိုင်းပါ။
Friday, October 24, 2014
Bintan
Bintan ကိုသွားလည် ကြမယ်ဆိုတော့ သီရိက agoda.com မှာဝင်ပြီး ဟိုတယ်ကို book လုပ်တယ်။ Bintan ဟိုတယ်တွေအကြောင်း review တွေဖတ်ကြည့်တော့ စိတ်တိုင်းမကျကြတာများလို့ အဆင်ပြေပါ့မလား လို့ပူမိသေးတယ်။ ဒါပေမယ့် သီရိက review တွေသေချာဖတ်ကြည့်ထားပြီး စျေးသက်သာပြီး review တွေကောင်းတဲ့ Bintan Cabana Beach Resort ဆိုတဲ့ဟိုတယ်ကိုရွေးလိုက်တာ တော်တော်အဆင်ပြေပါတယ်။ ၂၀၁၂ မေ မှာသွားလည်ခဲ့ကြပြီး အဲဒီဟိုတယ်ကို ပဲ အခု ၂၀၁၄ သြဂုတ် မှာ နောက်တစ်ခေါက်ပြန်ထပ် သွားကြတယ်။
Subscribe to:
Posts (Atom)
