Search This Blog

Showing posts with label Myanmar. Show all posts
Showing posts with label Myanmar. Show all posts

Wednesday, February 22, 2017

မြန်မာဘာသာ အတွက် LaTeX Report ပုံစံ

XeLaTeX ကို အသုံးပြု၍ မြန်မာ ဘာသာဖြင့် report ရေးသားရန် နမူနာ ပုံစံ ( template) တစ်ခု ဖြစ်သည်။

https://github.com/yan9a/LaTeX_Myanmar_Language တွင် တွေ့နိုင်သည်။

မြန်မာဘာသာဖြင့် ရေးသား ထားသည် များကို အသုံးပြုရန် ယူနီကုဒ်ကို ထောက်ပံ့သော XeLaTeX ကို အသုံးပြုရန် လိုသည်။ XeLaTeX စမ်းသပ်ရန် ရိုးရှင်းသည့် နမူနာ များအား အရင် ပို့စ် အဟောင်း တခု ဖြစ်သော Myanmar (Burmese) Language with XeTeX and LuaTeX တွင် တွေ့နိုင်သည်။ မြန်မာ ဘာသာဖြင့် သုံးရန် လိုအပ်သည်မှာ burmese.sty ကို folder တစ်ခုထဲမှာ ထားပြီး report ၏အစတွင်
\usepackage{burmese}
ကို ထည့်လိုက်ရုံသာ ဖြစ်သည်။ နမူနာ အနေနှင့် အသုံးများသော LaTeX editor တစ်ခုဖြစ်သည့် TeXstudio ကိုသုံးမည်။ အသုံးပြုသည့် မြန်မာဖောင့်ကို ပြင်လိုပါက burmese.sty ဖိုင်တွင် ပြင်ရမည်။

Monday, December 2, 2013

မြန်မာ ပြက္ခဒိန် အခါပေးရက်များ

မြန်မာ ပြက္ခဒိန်တွေမှာ ဗေဒင်နဲ့ ဆက်စပ်တဲ့ အခါပေးရက် ဥပမာ ရက်ကောင်း၊ရက်ဆိုး တွေကို ဖော်ပြလေ့ ရှိပါတယ်။ ဒီစာတမ်းမှာ အောက်ကရက်တွေနဲ့ သူတို့ကို javascript ကုဒ် သုံးပြီး ဘယ်လိုတွက်မလဲဆိုတာ ဖော်ပြပါမယ်

Saturday, June 15, 2013

Algorithm, Program and Calculation of Myanmar Calendar

Read this article in English

မြန်မာ ပြက္ခဒိန် တွက်တဲ့ အခါ ပိုမို မြန်ဆန်လွယ်ကူ စေမယ့် ညီမျှခြင်းများကို တင်ပြမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မြန်မာ ပြက္ခဒိန် ရက်ကိုပဲ ဖြစ်ဖြစ်၊ နောက်လာမည့် မြန်မာ ပြက္ခဒိန်ရက် ကို ကြိုပြီးပဲဖြစ်ဖြစ် ဘယ်လို တွက်မလဲ ဆိုတာ ဆွေးနွေးပါမယ်။ မြန်မာ ပြက္ခဒိန် ရက်စွဲ တစ်ခုရဲ့ မြန်မာ ခုနှစ်၊ မြန်မာလ၊ လဆန်း လဆုတ်၊ မြန်မာရက်၊ အဲဒီနှစ်က ဝါထပ် မထပ်၊ ထပ်ရင် လည်း ဝါကြီးလား၊ ဝါငယ်လား ဆိုတာ ကိုအလွယ်တကူ တွက်ထုတ်နိုင်ဖို့ ကိန်းသေတွေ၊ ဖော်မြူလာတွေ၊ တွက်ချက်ပုံ အဆင့် တွေ ကို ရှင်းရှင်းလင်းလင်း တင်ပြပါမယ်။ မြန်မာ ပြက္ခဒိန်၊ နတ္ခတ် အခေါ်အဝေါ် တွေနဲ့ မရင်းနှီးရင် တောင်မှ အလွယ် တစ်ကူ နားလည် နိုင်မှာပါ။

Thursday, July 19, 2012

Myanmar (Burmese) Language with XeTeX and LuaTeX

LaTeX မှာ မြန်မာစာ ကို မှန်မှန်ကန်ကန် ပေါ်ဖို့ အတွက် ဆိုရင် ယူနီကုတ် ကို သုံးလို့ရတဲ့ ဇီးတက်ခ် (XeTeX) နဲ့ လူဝါတက်ခ် (LuaTeX) တို့ကို သုံးဖို့လိုပါတယ်။ မြန်မာစာ ပေါ်ဖို့ TeX Live တို့၊ MiKTeX တို့နဲ့ တစ်ခါတည်း ပါလာတဲ့ XeTeX နဲ့ LaTeX တွေဟာ နောက်ဆုံးပေါ် ဗားရှင်းတွေ ဖြစ်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ အယ်ဒီတာ ဆော့ဖ်ဝဲ တွေဖြစ်တဲ့ TeXmaker တို့၊ TeXstudio တို့ မှာ TeX ဖိုင်တွေကို အလွယ်တကူ သုံးရလွယ်အောင် user command တွေ သတ်မှတ် လို့ရပါတယ်။ TeXstudio မှာ ဆိုရင် အဲဒီလို သတ်မှတ်ဖို့ အတွက် Options menu ကို သွားပြီး Configure TeXstudio... ကို နှိပ်ပါ။ နောက် Commands ကို နှိပ်ပြီး PdfLaTeX အတွက် သုံးထားတဲ့ command ကို ကော်ပီ ကူးယူပါ။
အဲဒီနောက် User menu ကိုပြန်သွားပြီး User Commands -> Edit User Commands ကို နှိပ်ပြီး အစိမ်းရောင် အပေါင်း လက္ခဏာ သင်္ကေတ ကို နှိပ်ပါ။ ပြီးရင် ခုနက ကော်ပီကူးထားတဲ့ command ကို Paste လုပ်ပြီး XeTeX ကို သုံးဖို့ pdflatex ဆိုတဲ့ နေရာမှာ xelatex နဲ့ အစားထိုးပါ။ LuaTeX ကိုသုံးဖို့ အတွက်လည်း ခုနက နည်းအတိုင်း ထပ်လုပ်ပြီး lualatex နဲ့ အစားထိုးပါ။
အောက်က နမူနာ (Z1.tex) က xelatex နဲ့ရော lualatex နဲ့ပါ အလုပ်လုပ် ပါတယ်။
\documentclass{article}
\usepackage{fontspec}
\setmainfont{Zawgyi-One}
\begin{document}
ျမန္မာစာ
\end{document}
နောက်ထပ် lua script တွေ သုံးထားတဲ့ lualatex နမူနာ က luaZ1.tex ပါ။ LuaTeX ကို Zawgyi-One ၊ Padauk ၊ Myanmar3 ၊ Myanmar MN အစရှိတဲ့ ဖောင့်တွေနဲ့ စမ်းကြည့်တဲ့ အခါ Zawgyi-One တစ်ခုပဲ လက်ရှိ ဗားရှင်း (LuaTeX, Version beta-0.70.1-2011082320) မှာ လုပ်တာကို တွေ့ပါတယ်။
XeTeX ကတော့ Zawgyi-One နဲ့ Padauk ကို ပလက်ဖောင်း အားလုံးမှာ ပေါ်အောင် လုပ်နိုင်ပြီး၊ Myanmar MN ကိုလည်း Mac OS X မှာ ပေါ်အောင် လုပ်နိုင်ပါတယ်။ ဇော်ဂျီ အတွက် ဘာမှ ပြဿနာ မရှိပေမယ့် Unicode ဖောင့်တွေဖြစ်တဲ့ Padauk အစရှိတဲ့ ဖောင့်တွေမှာတော့ renderer ကို သတ်မှတ် ပေးဖို့လိုပါတယ်။ အောက်က နမူနာမှာတော့ Renderer=Graphite ဆိုပြီး Graphite ကို renderer အနေနဲ့ သတ်မှတ်ပေးလိုက် ပါတယ်။ Myanmar MN ဖောင့် အတွက် ဆိုရင်တော့ Renderer=AAT လို့ သုံးနိုင်ပါတယ်။ နမူနာ အနေနဲ့ အောက်မှာ ပြထားတဲ့ XeFontspec.tex ကို ကြည့်နိုင်ပါတယ်။
\fontspec[Renderer=Graphite]{Padauk} အစား renderer ကို သတ်မှတ်နိုင်တဲ့ တခြားနည်း ကတော့ \font\1="Padauk/GR" \1 ပါ။ အဲဒီမှာ /GR က Graphite font renderer အတွက် ဖြစ်ပြီး၊ /AAT က ATSUI renderer (Mac OS X အတွက်သာ) အတွက် နဲ့၊ /ICU ကို သုံးရင် ICU OpenType renderer အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို renderer သတ်မှတ်တာ က ကျွန်တော့် Windows XP နဲ့ Ubuntu Linux မှာ ရှိတဲ့ xelatex ဗားရှင်းတွေ အတွက် အလုပ် မလုပ်ဘူး ဖြစ်နေ ပါတယ်။ ကံကောင်းချင်တော့ Calmhill ရဲ့ ဘလော့ဂ် မှာ Padauk ကို ပေါ်အောင် \fontspec[Script=Myanmar]{Padauk} ကို သုံးထားတဲ့ နည်းကို တွေ့ပါတယ်။ နမူနာက XePadauk.tex ပါ။
Myanmar MN အတွက် နမူနာက XeMyanmarMN.tex ပါ။ Myanmar3 ကိုစမ်းကြည့်တာတော့ လောလောဆယ် ပလက်ဖောင်း အားလုံးမှာ မရသေး ပါဘူး။

Updated post: မြန်မာဘာသာ အတွက် LaTeX Report ပုံစံ