Search This Blog

Wednesday, October 7, 2026

အရှုံးမပေးသူ (၃) - ဇာတ်သိမ်း

 


“အမယ်လေး မောင်ရယ် မောင့်ကိုစောင့်နေရတာ တစ်နာရီ လောက်ရှိပြီ။ အခုမှပဲလာတော့တယ် လာမှလာပါဦးမလားလို့ ထင်နေတာ၊ ကဲကဲပြန်တော့ ပြန်တော့ ဒီကနေ့တော့ ပြန်ပေတော့ ပယ်ယာ သေပြီ ပယ်ယာသေရှာပြီ” ဟု ပြောလိုက်၏။


“ပယ်ယာဆိုတာ ဘယ်သူတုန်း”


“ပယ်ယာဂါဗင်လေ အင်နက်တာ လက်ထပ်မယ်ဆိုတဲ့ ကျောင်းဆရာလေးပေါ့”


“ပယ်ယာဂါဗင်သေပြီ” ဟူသော သတင်းကို ကြားလိုက်ရ သည်နှင့်တစ်ပြိုင်နက်တည်း ဝမ်းနည်းရမည့်အစား ဟန်သည် ရုတ်တ ရက် ဝမ်းသာသွား၏။ ကံကောင်းကာထောက်မပေပြီ။ မိမိနှင့် အင်နက်တာတို့ နီးစပ်နိုင်ရန် လမ်းပွင့်၍လာပြီ ဖြစ်သည်တကား။


“အင်နက်တာ တော်တော်စိတ်မကောင်းဖြစ်နေသလား”


“ငိုတော့ မငိုဘူးကွဲ့ ဒါပေမယ့် အတွင်းကြိတ်ဒေါသ, သိပ် ပြင်းနေတယ်၊ အဒေါ်တောင် သူ့ကို ဒီနေ့တော့စကားမပြောဝံ့ဘူး ဒီနေ့များ မင်းသွားမယ်ဆိုရင် မင်းကိုဓားနဲ့ထိုးဖို့တောင် သူခဲယဉ်း မှာမဟုတ်ဘူးထင်တယ်။ သိပ်ဒေါသပြင်းနေတယ်”

Tuesday, October 6, 2026

အရှုံးမပေးသူ (၂)

 


ဤသုံးယောက်သာလျှင် မိသားစုဖြစ်ပါသလားဟု ဟန်ကမေးလိုက် သောအခါ လယ်သူမကြီးသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူတို့တွင် သားတစ်ယောက်လည်းရှိကြောင်း၊သို့သော် စစ်ကြီးဖြစ်စတွင် စစ်ထဲမလိုက်မနေရသဖြင့် တပ်ထဲသို့ပါ၍သွားရှာကာ သေဆုံးခဲ့ပြီဖြစ် ကြောင်း၊ ထိုသားသည် တိုက်ပွဲတွင်ကျဆုံးသည် မဟုတ်ဘဲ နမိုးနီးယားရောဂါဖြင့် နန်စီမြို့ဆေးရုံတွင် သေဆုံးသည့်အကြောင်းများကို ပြောပြရှာလေသည်။


“ကျွန်တော်ဝမ်းနည်းပါတယ်ခင်ဗျာ” ဟု ဟန်ကဆိုလိုက်၏။ 

“သေသွားတာလည်းခပ်အေးအေးပဲထင်ပါရဲ့ကွယ်။ အဲဒီ သားက အင်နက်တာနဲ့ စရိုက်ချင်း တော်တော်ကြီးတူတယ်။ စစ်ရှူံး ရတာကို သူအင်မတန်အသည်းနာရှာတယ်။ အေးလေ စင်စစ်စစ်ရှူံး ရတာဟာလည်း သစ္စာအဖောက်ခံရလို့ပေါ့ကွယ်” ဟု ညည်းညူ နေပြန်လေသည်။


“နေပါဦး...အဒေါ်တို့ပြင်သစ်တွေက ဘာဖြစ်လို့ ပိုလန်ပြည် အတွက်ဝင်ပြီး တိုက်ကြရတာလဲ။ ပိုလန်ပြည်နဲ့ အဒေါ်တို့နဲ့ ဘာဆိုင်လို့လဲ”


“အေးကွယ် မောင်ရယ် မောင်ပြောတာမှန်ပါတယ်။ တကယ်လို့သာမောင်တို့ရဲ့ ဟစ်တလာက  ပိုလန်ပြည်ကို ယူတာ တို့က ကြည့်နေလိုက်လို့ရှိရင် ပြင်သစ်နဲ့ဂျာမန်စစ်တောင် ဖြစ်မှာမဟုတ် ဘူးကွယ်”


စကားပြောကြပြီးသည့်နောက်တွင် ဟန်သည် ထိုင်ရာမှထ၍ ပြန်ရန်နှုတ်ဆက်လေသည်။ မကြာမီတစ်ခေါက် လာပါဦးမည်ဟုလည်းး ကတိပြု၍သွား၏။


“ကျွန်တော်လာလို့ရှိရင် ဝက်သားမမေ့ခဲ့ပါဘူးဗျာ”


Monday, October 5, 2026

အရှုံးမပေးသူ (၁)


ဟန်သည် မီးဖိုခန်းထဲသို့ ပြန်၍ဝင်လာ၏။ အိမ်ရှင်ဖြစ်သော ပြင်သစ်လယ်သမားကြီးသည် မိမိလက်သီးနှင့်စွပ်၍ ထိုးကာ လှဲချထားခဲ့သည့်အတိုင်းပင် ကြမ်းပြင်ပေါ်၌ လဲမြဲလဲကျ၍နေကာ မျက်နှာတွင် သွေးများပေကျံလျှက် ညည်းညူနေ၏။ ထိုလယ်သမား ကြီး၏ ဇနီးဖြစ်သူ လယ်သူမကြီးမှာမူ မီးဖိုခန်းနံရံကို ကျောနှင့်ကပ်ကာ ဟန်၏ သူငယ်ချင်း ဝီလီကို အကြောက်လွန်နေသော မျက်လုံးပြူးကြီး များဖြင့် ကြည့်နေ၏။ 


မီးဖိုသို့ ဟန်ပြန်၍ဝင်လာသည်ကို မြင်ရသော အခါတွင်လယ်သူမကြီးသည် ရှိုက်ခါ ရှိုက်ခါ တအိအိ ငိုလေတော့သည်။ ဝီလီကား စားပွဲတစ်လုံးတွင် ထိုင်လျက်ရှိနေ၏။ သူ့လက်တွင် ခြောက်လုံးပြူးကို ကိုင်ထား၏။ ရှေ့တွင်ကား တစ်ဝက်မျှ ကျန်သေး သော ဝိုင်အရက်ဖန်ခွက်တစ်လုံးရှိပေသည်။ ဟန်သည် စားပွဲရှိရာသို့ လျှောက်သွားပြီးလျှင် သူ့ဖန်ခွက်၌၊ အရက်ထည့်ကာ တစ်ကျိုက် တည်းဖြင့် အားလုံးမော့ချလိုက်၏။


“ဟေ့...မင်း ဘယ်လိုဖြစ်လာတာလဲ ထိလာပါပကော” ဟု ဝီလီကပြုံး၍ ဆိုလိုက်မိသည်။


Saturday, January 24, 2026

Custom Linux Image Build Using Yocto on WSL

ကိုယ်သုံးမယ့် Single Board Computer (SBC) က အထူးပြုလုပ်ထားတဲ့ ဟာ့ဒ်ဝဲတွေ နဲ့ ချိတ်ဆက်ထားရင်၊ သူနဲ့ လိုက်ဖက်မယ့် Linux image ကို Yocto သုံးပြီး ပြုလုပ်တာက စိတ်တိုင်းကျရနိုင်သလို၊ နောက်လည်းအလွယ်တကူ ပြန်လုပ်လို့ရတဲ့ အပြင်၊ ပေါ့ပါးသေးငယ်တဲ့ အတွက် ပိုကောင်းပါတယ်။ Linux image ကို build လုပ်ဖို့အတွက် environment ပြင်ဆင်ရတာ အချိန်ကုန်သက်သာ ချင်ရင် WSL နဲ့ Yocto Docker container ကို ပေါင်းပြီး သုံးလို့ရပါတယ်။