HC-05 Master/Slave Bluetooth Module လေးက စျေးသက်သာပြီး (~SGD 16) သံုးရလွယ်တဲ့ Bluetooth module တစ်ခုဖြစ်ပြီး UART interface သံုးပါတယ်။ အဲဒီ HC-05 နဲ့ Arduino Uno microcontroller ကိုသံုးပြီး LED မီးလံုးကို ဖုန်းနဲ့ Bluetooth communication သံုးပြီး အဖွင့်၊ အပိတ် ထိန်း တဲ့ နမူနာတစ်ခု ကို ဆွေးနွေးပါမယ်။ တကယ်တော့ UART interface ပါတဲ့ ဘယ် မိုက်ကရိုကွန်ထရိုလာ မဆို သံုးလို့ရပါတယ်။