Search This Blog

Showing posts with label Current Transformer. Show all posts
Showing posts with label Current Transformer. Show all posts

Wednesday, September 19, 2018

Safe and easy DIY Home Energy Monitor Using Current Transformer with Arduino, Raspberry Pi, or Beaglebone Black

အိမ်မှာ ရှိတဲ့ လျှပ်စစ် အသုံး အဆောင် တွေရဲ့ စွမ်းအင် အသုံး ပြုမှု ကို စီစစ် တိုင်းတာ ဖို့ အတွက် ရိုးရှင်း ပြီး၊ အခြေခံ ကျတဲ့ energy monitor တစ်ခု ကို လုပ်ကြည့် ပါမယ်။ တိုင်းတာ အသုံး ပြုတဲ့ နည်း အများကြီး ရှိပေ မယ့် သင်ယူ လေ့လာမှု အတွက် အထောက် အကူ ဖြစ်ဖို့ ရော၊ အန္တရာယ် ကင်းဖို့ အတွက်ပါ သင့်တော်မှု ရှိမယ် ထင်တဲ့ YHDC Current Transformer SCT-013-000 [YHD18] ကို သုံးဖို့ ရွေးချယ် လိုက်ပါ တယ်။ သူက split-core ဖြစ်ပြီး တိုင်းတာ ချင်တဲ့ ဗို့အား မြင့် ဝါယာ လိုင်း တွေကို ဘာမှ ဖြုတ် စရာ မလိုပဲ ဝါယာ ပေါ်ကို ပတ်ပြီး ကလစ် တပ်လိုက် ဖို့ပဲ လိုတာမို့ non-invasive ဖြစ်ပြီး၊ အန္တရာယ် လည်းကင်း၊ အသုံးပြုဖို့လည်း လွယ်ကူ ပါတယ်။ အဲဒီ လို ပတ်တဲ့ အခါ Figure 1 ရဲ့ ညာဖက် ဆုံးမှာ ပြထား သလို ဝါယာ တစ်စ ကိုပဲ ပတ်ရ မှာဖြစ် ပါတယ်။


Figure 1. (ဘယ်ဘက်) SCT-013 က split core ဖြစ်တဲ့ အတွက် ကလစ်ကို ဖွင့်ပြီး ဝါယာ ပေါ်ကို အလွယ် တကူ တပ်ဆင်နိုင် ပါတယ်။ (အလယ်) ဝါယာ အကုန်လုံးကို ပတ်လိုက်ရင် အဝင် နဲ့ အထွက် ပြန်ကြေပြီး core ထဲမှာ ဖြတ်စီး တဲ့ စုစုပေါင်း current က သုည ဖြစ်သွား တဲ့ အတွက် တိုင်းလို့ မရ ပါဘူး။ (ညာဖက်) ဝါယာ တစ်စ ကို ပဲ core ထဲမှာ ပတ်ဖို့ လိုပါတယ်။