ဘာလီ ဆိုတဲ့ နေရာ ကို အစက ငပလီတို့လို ပင်လယ်ကမ်းခြေပဲထင် နေတာ၊ နောက်မှ တကယ်သွားလည်မှ ကမ်းခြေတင် မကဘဲ မြန်မာပြည်က ပုဂံလိုမျိုး ရှေးဟောင်း အမွေအနှစ် ဘုရားကျောင်းတွေ၊ ငေးမောဖွယ်ရာ အနုပညာလက်ရာတွေ၊ အက စတဲ့ ကြာရှည်မြင့်မားတဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ တိမ်တွေကြားက မီးတောင်တွေ၊ စိမ်းလန်းလှပတဲ့ ရှုခင်းတွေ နဲ့ ဘာလီ ပါလား ဆိုတာ တွေ့မြင် ခဲ့ရတယ်။ ငယ်ငယ်တုန်း ကတည်းက ကြားဖူးခဲ့တဲ့ ဖြူသီရဲ့ ပိုလာဘာလီ ဆိုတဲ့ သီချင်းကြောင့်လည်း ဘာလီဆိုတဲ့ နေရာကို စိတ်မှန်းနဲ့ ရင်းနှီးခဲ့၊ ပိုသွားချင်ခဲ့တာပါ။
အဲဒီက လူတွေက ဖော်ရွေ ကြတာများ ပါတယ်။ အစားအသောက် တွေကို တော့ ထိုင်းတို့၊ မလေးတို့လောက် သိပ်မကြိုက်လှ သလို၊ စျေးကလည်း သိပ်မသက်သာလှ ပါဘူး။
သွားရေးလာရေး ကတော့ ကားစင်းလုံးငှားရတာ သက်သာသလို လွယ်ကူ အဆင်ပြေလှ ပါတယ်။
Showing posts with label Travel. Show all posts
Showing posts with label Travel. Show all posts
Monday, February 16, 2015
Friday, October 24, 2014
Bintan
Bintan ကိုသွားလည် ကြမယ်ဆိုတော့ သီရိက agoda.com မှာဝင်ပြီး ဟိုတယ်ကို book လုပ်တယ်။ Bintan ဟိုတယ်တွေအကြောင်း review တွေဖတ်ကြည့်တော့ စိတ်တိုင်းမကျကြတာများလို့ အဆင်ပြေပါ့မလား လို့ပူမိသေးတယ်။ ဒါပေမယ့် သီရိက review တွေသေချာဖတ်ကြည့်ထားပြီး စျေးသက်သာပြီး review တွေကောင်းတဲ့ Bintan Cabana Beach Resort ဆိုတဲ့ဟိုတယ်ကိုရွေးလိုက်တာ တော်တော်အဆင်ပြေပါတယ်။ ၂၀၁၂ မေ မှာသွားလည်ခဲ့ကြပြီး အဲဒီဟိုတယ်ကို ပဲ အခု ၂၀၁၄ သြဂုတ် မှာ နောက်တစ်ခေါက်ပြန်ထပ် သွားကြတယ်။
Sunday, March 16, 2014
Subscribe to:
Posts (Atom)