Search This Blog

Showing posts with label MCU. Show all posts
Showing posts with label MCU. Show all posts

Thursday, June 5, 2025

Exploring Edge AI with NXP's FRDM-MCXN947

Read this article in English

Auckland မှာ တလောက ကျင်းပတဲ့ NXP ရဲ့ NXP technology day ကို သွားဖြစ် လိုက်သေးတယ်။ သူတို့ရဲ့ နောက်ဆုံးပေါ် microcontroller တွေ၊ i.MX microprocessor တွေနဲ့ semiconductor technologies တွေ အဓိက ပြတာ။ NXP က ထိပ်သီး Dutch semiconductor ကုမ္ပဏီ တစ်ခု။ ပြီးတော့ automotive ၊ industrial ၊ IoT applications နဲ့ ဆိုင်တာတွေ အများဆုံး ထုတ်တယ်။ လက်ဟောင်း Philips နဲ့ Freescale ရဲ့ Kinetis MCU architecture တွေကို ပေါင်းစပ် လိုက်တဲ့ သူ့ ရဲ့ နောက်ဆုံးထွက် MCX microcontroller တွေထဲက MCXN947 ကိုတော့ တော်တော် သဘောကျတယ်။ ပါဝါ အစားနည်းပြီး၊ လုပ်ဆောင်မှု မြင့်မားတယ်။ နောက်ပြီး NPU ဆိုတဲ့ neural processing unit ပါတော့ on-device AI processing တွေ လုပ်ဆောင်နိုင် တယ်တဲ့။ Edge computing တွေ ပို ခေတ်စား လာတဲ့ အချိန်၊ ဒီလို energy-efficient ဖြစ်ပြီး၊ real-time AI ရတဲ့ hardware သေးသေး တွေက တော် တော် စိတ်ဝင်စား ဖို့ ကောင်းတယ်။


Tuesday, June 6, 2017

Flash content protection for LPC824

LPC824 low cost 32-bit ARM Cortex-M0 microcontroller လေးကို OM13071 LPCXpresso824-MAX Development board သုံးပြီး evaluate လုပ်လို့ရတဲ့ အတွေ့အကြုံလေးကို ပြောချင်ပါတယ်။ Board မှာ သုံးထားတဲ့ MCU အမျိုးအစားက LPC824M201JHI33 ပါ။ အရွယ်အစား က 5 x 5 x 0.85 mm ပဲရှိတဲ့ 33 pins ပါတဲ့ HVQFN package ပါ။

သူ့အတွက် MCUXpresso Integrated Development Environment (IDE) ကို download လုပ်ပြီး၊ install လုပ်ပါမယ်။ အခြား လိုအပ်တဲ့ tools တွေကိုလည်း ဒီမှာ တွေ့နိုင်ပါတယ်။ MCUXpresso ကိုဖွင့် ပြီး workspace သတ်မှတ်ပြီးတဲ့ အခါ ဘယ်ဘက်အောက်နားက Quick Start Paner ထဲက Import projects from file system ... ဆိုတာကိုနှိပ်ပြီး Browse LPC open resources ကိုနှိပ်ပြီး နမူနာ တွေကို ယူနိုင်ပါတယ်။



Thursday, November 26, 2015

DAC - Digital to Analog Converter

PWM (Pulse Width Modulation) တွေကို analog output တွေအနေနဲ့ အသုံးများပေမယ့် သူတို့က high frequency, high accuracy, hard real-time တွေအတွက်တော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ Analog signal အစစ်မထွက်တဲ့ အတွက် RC low pass filter ခံ သုံးပြန်ရင်လည်း ရလာမယ့် phase lag က hard real-time system တွေမှာ ပြဿနာ အကြီးကြီးပါ။ စျေးပေါ၊ သေးငယ်တဲ့ AD5641 လို DAC လေးတွေက သုံးရလွယ်ကူပြီး အဆင်ပြေတဲ့ solution ပါ။ AD5641 က 3 mm x 2 mm အရွယ်လေးပဲရှိပြီး၊ SPI interface ပါတဲ့ 14 bit DAC ပါ။ Power supply voltage က 2.7 V ကနေ 5.5 V အထိသုံးနိုင်ပါတယ်။ နမူနာ ဆက်သွယ် မှုတခုကို အောက်မှာ ပြထားပါတယ်။

ဒါကတော့ AD5641 တွေကို သုံးထားတဲ့ channel ၃ ခုပါတဲ့ digital to analog converter လေးပါ။ LPC54102 dual core ARM microcontroller ကိုသုံးပြီး AD5641 သုံးခုကို ပြိုင်တူ control လုပ်တဲ့ နမူနာ code ပါ။

Saturday, September 19, 2015

Controlling Your Hardware from the Web Using Arduino

Arduino Ethernet shield 2 ကိုသုံးပြီး အင်တာနက်ကနေ သင့်ရဲ့ hardware တွေကို လှမ်းပြီး ထိန်းတဲ့အကြောင်း ဆွေးနွေးချင်ပါတယ်။ Arduino Ethernet 2 Library ကိုသုံးပြီး server အနေနဲ့ နမူနာတခု၊ client အနေနဲ့ တမျိုး စမ်းကြည့်ပါမယ်။ နောက်ဆုံး version Arduino IDE ကို သုံးဖို့လိုပါတယ်။ ဒီနမူနာမှာတော့ Arduino IDE 1.7.6 ကိုသုံးထားပါတယ်။ Arduino Uno ကို Ethernet shield 2 တပ်ထားတဲ့ပုံကို အောက်မှာ ပြထားပါတယ်။


Figure. Arduino Uno paired with Arduino Ethernet shield 2.


Wednesday, September 16, 2015

Testing Dual-Core Microcontroller - LPC54102

LPC54102J512 MCU မှာ Cortex M4 Master တစ်ခုနဲ့ Cortex M0+ Slave ဆိုပြီး core နှစ်ခုပါပါတယ်။ LPCXpresso IDE v7.9.0 ကိုသုံးပြီး multicore systems တစ်ခုကို ဖန်တီးတာ၊ debug လုပ်တာတွေကို နမူနာ တစ်ခုရေးပြီး စမ်းကြည့်တဲ့ အတွေ့အကြုံကို ပြောချင်ပါတယ်။ LPCOpen ကို ဒေါင်းလုပ်လုပ်ထားပြီး Quickstart -> Import project(s) ကို နှိပ်ပြီး import လုပ် ထားဖို့လိုပါတယ်။


Thursday, September 10, 2015

Accelerometer LIS3DSH

LIS3DSH က STMicroelectronics ထုတ်တဲ့ 3-axis MEMS accelerometer တခု ဖြစ်ပါတယ်။ Full scale ကို ±2g ကနေ ±16g ထိ အမျိုးမျိုးရွေးလို့ ရပါတယ်။ အရွယ်အစားက လည်း 3mm x 3mm ပဲမို့ သေးသေးလေးပါ။ Digital output ကို SPI ဒါမှမဟုတ် I2C ကြိုက်တာသုံးလို့ရပါတယ်။ Supply voltage က 1.71 V ကနေ 3.6 V ထိပေးလို့ ရပါတယ်။ STEVAL-MKI134V1 adapter board လေး တခုဝယ်ပြီး စမ်းကြည့်ထားတဲ့ အတွေ့အကြုံ လေးအကြောင်း ပြောချင်ပါတယ်။


Figure. STEVAL-MKI134V1 - LIS3DSH adapter board for standard DIL24 socket.