Showing posts with label TRIAC. Show all posts
Showing posts with label TRIAC. Show all posts
Wednesday, February 6, 2013
TRIAC Power Control Circuit
အိမ်က ဖုန်စုပ်စက်လေး ပျက်သွားတော့ ဖျု့စ် ပျက်တာလောက် ဆိုရင် ပြင်လို့ ရရင် ရနိုင်ကောင်းရဲ့ ဆိုပြီး စက်ကို ဖွင့် ဖျု့စ်လိုက်ရှာတော့ မတွေ့ပါဘူး :P။ ပလပ်မှာ လည်း မပါတော့ ဒါ ဆိုရင် ပါဝါ ကွန်ထရိုး လုပ်ပေးတဲ့ ဆားကစ် ကပျက်တာ လည်း ဖြစ်နိုင်တာပဲ ဆို ပြီး အဝင်ကြိုးကို ဆားကစ် ကို မဆက်ပဲ ကျော်ပြီး မော်တာ ကို တိုက်ရိုက် ဆက်ကြည့်ပါတယ်။ ဒါလည်း မလုပ်ပါဘူး။ နောက်ဆုံး တော့ စက် အဟောင်းကို ပစ်ပြီး၊ ဖုန်စက် စက် အသစ် တစ်လုံး ဝယ် ပြီး ဖြေရှင်းလိုက်တယ်။ အေးရော :P။ ပါဝါ ကွန်ထရိုး လုပ်ပေးတဲ့ ဆားကစ် လေးကိုတော့ မပစ်ပဲ အားတဲ့အချိန် trace လိုက်ကြည့်ပါတယ်။ သူက ရိုးရှင်းတဲ့ RC ဆားကစ်လေးနဲ့ DIAC ကိုသုံးပြီး TRIAC ဘယ်လောက် နောက်ကျပြီးမှ ပွင့် မလဲဆိုတဲ့ အချိန်ကို ထိန်းသွားတာပါ။ ဆားကစ်လေးက ရိုးရှင်းပြီး အခြေခံ ကျပါတယ်။ သူ့ကို အောက်ကပုံတွေမှာ ပြထားပါတယ်။
Subscribe to:
Posts (Atom)


