Search This Blog

Showing posts with label ODBC. Show all posts
Showing posts with label ODBC. Show all posts

Thursday, November 22, 2018

MySQL Connector/ODBC 8.0 on Linux

Microsoft ရဲ့ MsSQL server ကို ODBC driver သုံးပြီး C++ နဲ့ သုံးခဲ့ သလိုပဲ Oracle ရဲ့ MySQL server ကို လည်း MySQL Connector/ODBC 8.0 driver ကို တပ်ဆင်ပြီး အသုံးပြု နိုင်ပါတယ်။ ကောင်းတဲ့ အချက်က တော့ C++ program တွေကို ဘာမှ ပြောင်းစရာ မလိုပဲ DSN ကို ပဲ ပြောင်းပြီး သုံးလိုက် ရုံပါပဲ။

SBC အမျိုးမျိုး၊ Platforms အမျိုးမျိုးမှာ သုံးချင်တာမို့ MySQL Connector/ODBC 8.0 ကို source ကနေ build လုပ်ပြီး တပ်ဆင် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ်။ စစခြင်း အောက်က tools တွေကို စက်ထဲမှာ တပ်ဆင်ထားဖို့ လိုပါတယ်။
sudo apt install mysql-client libmysqlclient-dev
sudo apt install unixodbc unixodbc-dev
sudo apt install libgtk-3-dev cmake
sudo apt install libssl-dev

Friday, October 5, 2018

Using MS SQL Server from C++ with wxWidgets

MS SQL server ကို ODBC API နဲ့ C++ ပရိုဂရမ် ရေးပြီး ဆက်သွယ် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ် [Eas18]။ အဲဒီနောက် Class module တစ်ခု ဖန်တီးပြီး wxWidgets GUI application တွေမှာ SQL server တွေကို သုံးတဲ့ နမူနာ တစ်ခုကို ဆက်လက် ဖော်ပြ ပါမယ်။ Unix နဲ့ Linux စက်တွေ အတွက်တော့ အောက်က လင့်ခ်

Using Microsoft SQL Server from Linux Machines with ODBC & FreeTDS
(http://coolemerald.blogspot.com/2018/10/using-microsoft-sql-server-from-linux.html)


မှာ ဖော်ပြ ထားတဲ့ အတိုင်း FreeTDS နဲ့ ODBC ကို တပ်ဆင် ထားဖို့ လို ပါတယ်။

Using Microsoft SQL Server from Linux Machines with ODBC & FreeTDS

FreeTDS က Unix နဲ့ Linux စက်တွေ အတွက် Microsoft SQL Server နဲ့ Sybase databases တွေကို ဆက်သွယ် အသုံးပြု ရတဲ့ လိုင်ဘရီ တွေ ဖြစ်ပါတယ် [Fre16]။ FreeTDS C libraries တွေက free, opensource ဖြစ်ပြီး GNU LGPL လိုင်စင် ဖြစ်ပါတယ်။ ဒီ အပိုင်း မှာ Windows စက် တစ်ခု ခု မှာရှိတဲ့ mixed mode authentication နဲ့ တပ်ဆင် ထားတဲ့ MS SQL server ကို Linux စက် ကနေ FreeTDS နဲ့ ဆက်သွယ် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ်။ MS SQL server က TCP/IP နဲ့ remote ဆက်သွယ်မှု ကို ခွင့်ပြု ထားပြီး၊ username နဲ့ password ကို အသုံးပြုပြီး ဆက်သွယ် နိုင်ဖို့ လိုပါတယ်။

MS SQL server က Microsoft နဲ့ Sybase တို့ ပူးပေါင်း ဆောက်ရွက်မှု ကနေ မွေးဖွား လာတာ ဖြစ်ပါ တယ်။ ဒါကြောင့် သူ့တို့ ရဲ့ SQL server တွေက ဆင်တူ ကြပြီး၊ client တွေက နေလှမ်း ဆက်သွယ် အသုံးပြု တဲ့ communication protocol က စ ထပ်တူ နီးပါး တူညီ ပါတယ်။ အဲဒီ protocol ကို Tabular Data Stream (TDS) လို့ ခေါ်ပါတယ်။ TDS ကို open source အနေနဲ့ implementation လုပ်တဲ့ project ကို Brian Bruns စတင်ခဲ့ ပြီး၊ FreeTDS လို့ နာမည် ပေးခဲ့ တာပါ။