Search This Blog

Showing posts with label FreeTDS. Show all posts
Showing posts with label FreeTDS. Show all posts

Friday, October 5, 2018

Using Microsoft SQL Server from Linux Machines with ODBC & FreeTDS

FreeTDS က Unix နဲ့ Linux စက်တွေ အတွက် Microsoft SQL Server နဲ့ Sybase databases တွေကို ဆက်သွယ် အသုံးပြု ရတဲ့ လိုင်ဘရီ တွေ ဖြစ်ပါတယ် [Fre16]။ FreeTDS C libraries တွေက free, opensource ဖြစ်ပြီး GNU LGPL လိုင်စင် ဖြစ်ပါတယ်။ ဒီ အပိုင်း မှာ Windows စက် တစ်ခု ခု မှာရှိတဲ့ mixed mode authentication နဲ့ တပ်ဆင် ထားတဲ့ MS SQL server ကို Linux စက် ကနေ FreeTDS နဲ့ ဆက်သွယ် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ်။ MS SQL server က TCP/IP နဲ့ remote ဆက်သွယ်မှု ကို ခွင့်ပြု ထားပြီး၊ username နဲ့ password ကို အသုံးပြုပြီး ဆက်သွယ် နိုင်ဖို့ လိုပါတယ်။

MS SQL server က Microsoft နဲ့ Sybase တို့ ပူးပေါင်း ဆောက်ရွက်မှု ကနေ မွေးဖွား လာတာ ဖြစ်ပါ တယ်။ ဒါကြောင့် သူ့တို့ ရဲ့ SQL server တွေက ဆင်တူ ကြပြီး၊ client တွေက နေလှမ်း ဆက်သွယ် အသုံးပြု တဲ့ communication protocol က စ ထပ်တူ နီးပါး တူညီ ပါတယ်။ အဲဒီ protocol ကို Tabular Data Stream (TDS) လို့ ခေါ်ပါတယ်။ TDS ကို open source အနေနဲ့ implementation လုပ်တဲ့ project ကို Brian Bruns စတင်ခဲ့ ပြီး၊ FreeTDS လို့ နာမည် ပေးခဲ့ တာပါ။