Search This Blog

Showing posts with label TCP. Show all posts
Showing posts with label TCP. Show all posts

Monday, January 22, 2018

UDP/TCP Socket Programming with wxWidgets

  1. နိဒါန်း
  2. UDP
  3. TCP
  4. အကိုးအကားများ

နိဒါန်း

wxWidgets နဲ့ UDP ၊ TCP တို့ကို သုံးပြီး network ပေါ်မှာ ဒေတာ အပြန် အလှန် ပေးပို့ ဆက်သွယ် တဲ့ အကြောင်း ဆွေးနွေး ချင် ပါတယ်။ အဲဒီ အတွက် wxWidgets ကို တပ်ဆင် ထားဖို့ လိုပါ တယ်။ သူ့ကို platform အမျိုးမျိုး အတွက် တပ်ဆင်တဲ့ အကြောင်း တွေကို အောက်က လင့်ခ် မှာ ဖတ်နိုင် ပါတယ်။
အင်တာနက် စတဲ့ network တွေ ပေါ်မှာ TCP ဒါမှမဟုတ် UDP တွေသုံးပြီး စက်တစ်ခု နဲ့ တစ်ခု ဒေတာ တွေ အပြန်အလှန် ပို့ဖို့ အတွက် socket တွေကို အသုံးပြု နိုင် ပါတယ်။ ခေတ်ပေါ် operating system တွေ အားလုံးက socket layer ကို အထောက် အပံ့ ပေးကြ ပေမယ့် platform ပေါ်မူ တည်ပြီး socket ကို အသုံး ပြုရတဲ့ ပုံစံ တွေက အမျိုးမျိုး ကွဲပြား နိုင်ပါတယ်။ wxWidgets မှာ အောက်ခံ platform အတွက် ပူစရာ မလိုပဲ အလွယ် တကူ အသုံးပြုနိုင်တဲ့ socket class ပါ ပါတယ်။ အဲဒီ class ကို မတူညီတဲ့ ပုံစံ နည်းလမ်း အမျိုးမျိုး နဲ့ အသုံးပြုနိုင်ပြီး၊ အသုံးပြုပုံ နမူနာ တချို့ကို အောက်မှာ ဆက်ပြီး ဖော်ပြထား ပါတယ်။