Search This Blog

Showing posts with label Raspberry Pi. Show all posts
Showing posts with label Raspberry Pi. Show all posts

Saturday, January 24, 2026

Custom Linux Image Build Using Yocto on WSL

ကိုယ်သုံးမယ့် Single Board Computer (SBC) က အထူးပြုလုပ်ထားတဲ့ ဟာ့ဒ်ဝဲတွေ နဲ့ ချိတ်ဆက်ထားရင်၊ သူနဲ့ လိုက်ဖက်မယ့် Linux image ကို Yocto သုံးပြီး ပြုလုပ်တာက စိတ်တိုင်းကျရနိုင်သလို၊ နောက်လည်းအလွယ်တကူ ပြန်လုပ်လို့ရတဲ့ အပြင်၊ ပေါ့ပါးသေးငယ်တဲ့ အတွက် ပိုကောင်းပါတယ်။ Linux image ကို build လုပ်ဖို့အတွက် environment ပြင်ဆင်ရတာ အချိန်ကုန်သက်သာ ချင်ရင် WSL နဲ့ Yocto Docker container ကို ပေါင်းပြီး သုံးလို့ရပါတယ်။



Friday, October 5, 2018

Using Microsoft SQL Server from Linux Machines with ODBC & FreeTDS

FreeTDS က Unix နဲ့ Linux စက်တွေ အတွက် Microsoft SQL Server နဲ့ Sybase databases တွေကို ဆက်သွယ် အသုံးပြု ရတဲ့ လိုင်ဘရီ တွေ ဖြစ်ပါတယ် [Fre16]။ FreeTDS C libraries တွေက free, opensource ဖြစ်ပြီး GNU LGPL လိုင်စင် ဖြစ်ပါတယ်။ ဒီ အပိုင်း မှာ Windows စက် တစ်ခု ခု မှာရှိတဲ့ mixed mode authentication နဲ့ တပ်ဆင် ထားတဲ့ MS SQL server ကို Linux စက် ကနေ FreeTDS နဲ့ ဆက်သွယ် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ်။ MS SQL server က TCP/IP နဲ့ remote ဆက်သွယ်မှု ကို ခွင့်ပြု ထားပြီး၊ username နဲ့ password ကို အသုံးပြုပြီး ဆက်သွယ် နိုင်ဖို့ လိုပါတယ်။

MS SQL server က Microsoft နဲ့ Sybase တို့ ပူးပေါင်း ဆောက်ရွက်မှု ကနေ မွေးဖွား လာတာ ဖြစ်ပါ တယ်။ ဒါကြောင့် သူ့တို့ ရဲ့ SQL server တွေက ဆင်တူ ကြပြီး၊ client တွေက နေလှမ်း ဆက်သွယ် အသုံးပြု တဲ့ communication protocol က စ ထပ်တူ နီးပါး တူညီ ပါတယ်။ အဲဒီ protocol ကို Tabular Data Stream (TDS) လို့ ခေါ်ပါတယ်။ TDS ကို open source အနေနဲ့ implementation လုပ်တဲ့ project ကို Brian Bruns စတင်ခဲ့ ပြီး၊ FreeTDS လို့ နာမည် ပေးခဲ့ တာပါ။

Wednesday, September 19, 2018

Safe and easy DIY Home Energy Monitor Using Current Transformer with Arduino, Raspberry Pi, or Beaglebone Black

အိမ်မှာ ရှိတဲ့ လျှပ်စစ် အသုံး အဆောင် တွေရဲ့ စွမ်းအင် အသုံး ပြုမှု ကို စီစစ် တိုင်းတာ ဖို့ အတွက် ရိုးရှင်း ပြီး၊ အခြေခံ ကျတဲ့ energy monitor တစ်ခု ကို လုပ်ကြည့် ပါမယ်။ တိုင်းတာ အသုံး ပြုတဲ့ နည်း အများကြီး ရှိပေ မယ့် သင်ယူ လေ့လာမှု အတွက် အထောက် အကူ ဖြစ်ဖို့ ရော၊ အန္တရာယ် ကင်းဖို့ အတွက်ပါ သင့်တော်မှု ရှိမယ် ထင်တဲ့ YHDC Current Transformer SCT-013-000 [YHD18] ကို သုံးဖို့ ရွေးချယ် လိုက်ပါ တယ်။ သူက split-core ဖြစ်ပြီး တိုင်းတာ ချင်တဲ့ ဗို့အား မြင့် ဝါယာ လိုင်း တွေကို ဘာမှ ဖြုတ် စရာ မလိုပဲ ဝါယာ ပေါ်ကို ပတ်ပြီး ကလစ် တပ်လိုက် ဖို့ပဲ လိုတာမို့ non-invasive ဖြစ်ပြီး၊ အန္တရာယ် လည်းကင်း၊ အသုံးပြုဖို့လည်း လွယ်ကူ ပါတယ်။ အဲဒီ လို ပတ်တဲ့ အခါ Figure 1 ရဲ့ ညာဖက် ဆုံးမှာ ပြထား သလို ဝါယာ တစ်စ ကိုပဲ ပတ်ရ မှာဖြစ် ပါတယ်။


Figure 1. (ဘယ်ဘက်) SCT-013 က split core ဖြစ်တဲ့ အတွက် ကလစ်ကို ဖွင့်ပြီး ဝါယာ ပေါ်ကို အလွယ် တကူ တပ်ဆင်နိုင် ပါတယ်။ (အလယ်) ဝါယာ အကုန်လုံးကို ပတ်လိုက်ရင် အဝင် နဲ့ အထွက် ပြန်ကြေပြီး core ထဲမှာ ဖြတ်စီး တဲ့ စုစုပေါင်း current က သုည ဖြစ်သွား တဲ့ အတွက် တိုင်းလို့ မရ ပါဘူး။ (ညာဖက်) ဝါယာ တစ်စ ကို ပဲ core ထဲမှာ ပတ်ဖို့ လိုပါတယ်။


Friday, March 9, 2018

DIY Smart Surveillance Camera Using Raspberry Pi Camera and C++

RPi ကို သုံးပြီး smart surveillance ကင်မရာ တစ်ခု ကို ကိုယ်တိုင် ပြုလုပ် ဖန်တီး ကြည့် ပါမယ်။ ပုံမှန် ဘာမှ ထူးခြားမှု မရှိတဲ့ အချိန်မှာ 5x speed နဲ့ နေ့စဉ်၊ ဒါမှ မဟုတ် နာရီ အလိုက် ဗွီဒီယို ဖိုင်တွေ ခွဲပြီး record လုပ်ပေး နိုင် အောင် လုပ်ပါမယ်။ ဖမ်းယူ ရရှိတဲ့ ပုံရိပ် တွေကို analysis လုပ်နေပြီး လူ့ ကိုယ်ခန္ဓာ တွေကို တွေ့တာ နဲ့ ပုံမှာ အစိမ်းရောင် စတုဂံ နဲ့ ဘောင်ခတ် ပြပြီး၊ ပုံမှန် speed နဲ့ ပြောင်းပြီး record လုပ် ပါမယ်။ Passive infrared sensor (PIR sensor) ကိုပါ သုံးပြီး sensor က လူရိပ် ကို အာရုံခံ မိရင် လည်း၊ ပုံရိပ် မှာ အနီရောင် indicator ပြပြီး၊ ပုံမှန် နှုန်းနဲ့ ပြောင်း record လုပ်နိုင် ပါမယ်။

ဒီ နမူနာ ပရိုဂရမ် မှာ လုပ်လို့ ရတဲ့ အကြောင်း ကုဒ် အကြမ်း ရေးကြည့် ရုံ ဖြစ်ပြီး၊ တစ်ခုခု ထူးခြားရင် ကိုယ့်ရဲ့ အီးမေးလ် ကို လှမ်းပို့ တာ၊ အိမ်က လူတွေ ရဲ့ မျက်နှာကို မှတ်မိတာ၊ သတ်မှတ် ထားတဲ့ အချိန် အပိုင်း အခြား အလိုက် လိုသလို record လုပ်တာ စတာ တွေကို စိတ်ကူး ရှိရင် ရှိသလို ထပ်ဖြည့် နိုင် ပါတယ်။

Figure. PIR sensor ကို ချိတ်ဆက်ခြင်း။


Wednesday, September 13, 2017

Pixy

Arduino, Raspberry Pi, BeagleBone စတာ တွေနဲ့ Computer Vision အလွယ်တကူ တွဲသုံး ချင်ရင် Pixy (http://cmucam.org/projects/cmucam5) ဆိုတဲ့ Vision System လေး သုံးရတာ လွယ်ကူ အဆင်ပြေ ပါတယ်။ ကိုယ် detect လုပ်ချင် တဲ့ အရာ ဝတ္တု တွေရဲ့ အရောင် ကို သင်ပေး ပြီးတာနဲ့ သူတို့ ကို အာရုံခံ ပေးပြီး နေရာ၊ အရွယ် စတာ တွေကို UART, SPI, I2C အစရှိတဲ့ interface တွေ နေ ပို့ ပေးနိုင် ပါတယ်။