Mesh Bee က NXP ကထုတ်တဲ့ JN516x wireless chip ကိုသုံးပြီး seeed studio ထုတ်တဲ့ 2.4GHz wireless transceiver ပါ။ ကောင်းတာ တခုက သူက လုံးဝ open hardware, open source ပါ။ NXP ကပေးတဲ့ development environment နဲ့ tools တွေကလည်း free ရပါတယ်။
Showing posts with label Open source. Show all posts
Showing posts with label Open source. Show all posts
Thursday, January 21, 2016
Friday, September 25, 2015
Adafruit CC3000 WiFi for Arduino
WiFi သုံးပြီး microcontroller နဲ့ ဆက်သွယ်တဲ့ ဟာကို Arduino Uno နဲ့ Adafruit CC3000 WiFi Shield ကိုသုံးပြီး စမ်းကြည့်ထားတာပါ။ သူက Arduino ရဲ့ standard WiFi shield မဟုတ်တဲ့ အတွက် WiFi.h library ကို သုံးလို့မရပါဘူး။ ဒါ့ကြောင့် Adafruit CC3000 library ကို ဒေါင်းလုပ်လုပ်၊ un-zip လုပ်ပြီး C:\Program Files (x86)\Arduino\libraries folder ထဲမှာ ထည့်ဖို့လိုပါတယ်။
Saturday, June 29, 2013
GNU Octave as an Alternative to MatLab
GNU Octave၊ FreeMat နဲ့ Scilab တို့က MATLAB လိုမျိုး တွက်ချက်မှုတွေ လုပ်ပေးနိုင်တဲ့ အလကားရတဲ့ free open source software တွေဖြစ်ပါတယ်။ လိုက်ရှာ ဖတ်ကြည့်တော့ GNU Octave က အကောင်းဆုံးလို့ ကြားတာနဲ့ သူ့ကို စက်ထဲမှာ ထည့်ပြီး စမ်းကြည့်တော့ တော်တော် သဘောကျ သွားပါတယ်။ GNU Octave ကို ဝင်းဒိုး ပေါ်မှာတင်ရတာ တော့ တော်တော်လွယ်ပါတယ်။ သူ့ရဲ့ Download page က ဖိုင်တွေကို ယူပြီး စက်ထဲမှာ folder တစ်ခု အနေနဲ့ ထုတ်ယူလိုက်ပါမယ်။ ပြီးရင် shortcut ဖိုင်ကို ကြိုက်တဲ့နေရာမှာ ထားပြီး သူ့ရဲ့ properties မှာ path နဲ့ icon ကို ပြင်ပေး လိုက်ရုံပါပဲ။
သူရဲ့ shortcut ကနေ Octave ကို ဖွင့်လိုက်ရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း ကွန်မန်း ပေးလို့ရတဲ့ ဝင်းဒိုး ပွင့်လာပါမယ်။ အဲဒီမှာ MATLAB ကွန်မန်း တွေ တိုက်ရိုက် ရိုက်ထည့်ရင် လည်းရပါတယ်။
Thursday, December 30, 2010
Inkscape
Inkscape က Illustrator တို့၊ CorelDraw တို့ လိုမျိုး vector graphic editor တစ်ခုပါ။ ပိုကောင်းတာ တစ်ခုကတော့ Inkscape က အလကား ရနိုင်တဲ့ free software ဖြစ်တာပါပဲ။ Open source software လည်း ဖြစ်ပါတယ်။
သူ့ကို http://inkscape.org/ မှာ ယူလို့ရပါတယ်။
သူ့ကို ကြိုက်တာ တစ်ခုကတော့ graphics တွေကို pdf format အနေနဲ့ save လုပ်လို့ရတာပါပဲ။ အဲဒါကြောင့် pdflatex သုံးပြီး pdf ဖိုင်တွေ ထုတ်တဲ့ အခါ image ဖိုင်တွေ သုံးတာနဲ့ စာရင် ပိုကောင်းတဲ့ graphic quality ကို ရနိုင်ပါတယ်။ သူတို့ဟာ Scalable Vector Graphics ဖြစ်တာမို့ magnify လုပ်ကြည့် ရင် တောင် bitmap image တွေလို ပြဿနာ မရှိပါဘူး။
အောက်မှာ နမူနာ အနေနဲ့ Inkscape ကို သုံးပြီး မြားခေါင်း ပါတဲ့ မျဉ်းကြောင်း တစ်ကြောင်း ဆွဲ ကြည့် ထားပါတယ်။ ၁။ Bezier Curves ကိုရွေးပါ။ မျဉ်းကြောင်းကို စဆွဲ ဖို့ ကလစ် နှိပ်ပြီး၊ မျဉ်းကြောင်း ကို အဆုံးသတ်ဖို့ double click နှိပ်ပါ။ (click တစ်ချက်ပဲ နှိပ်ပြီး enter key နှိပ်လည်း ရပါတယ်။) ၂။ Object menu မှာ ရှိတဲ့ Fill and Stroke... command ကိုနှိပ်ပါ။ (ဒါမှမဟုတ် ဘယ်ဘက်အောက်နားက Fill: သို့ Stroke: ကို နှိပ်လို့လည်း ရပါတယ်။) နောက် Stroke style tab ထဲက End Markers ကို arrow ပြောင်းပါ။ ၃။ မျဉ်းကြောင်း ရဲ့ အရောင် ကို Stroke paint tab ထဲမှာ ပြောင်းနိုင်ပါတယ်။ မြားခေါင်း ရဲ့ အရောင် ကို ပါ ပြောင်းဖို့ အတွက် Extensions->Modify Path->Color Markers to Match Stroke ကို နှိပ် နိုင် ပါတယ်။ သင်္ချာ သင်္ကေတ တွေ ထည့် ချင်ရင်တော့ ctrl+u ကို နှိပ်ပြီး ထည့်ချင်တဲ့ သင်္ကေတရဲ့ hexadecimal Unicode code point ကို ရိုက်ပြီး enter ကိုနှိပ်ပါ။
http://wiki.inkscape.org/wiki/index.php/FAQ
http://www.unicode.org/charts/PDF/U0370.pdf

Subscribe to:
Posts (Atom)