ခရီးသွားရင် ယူစရာတွေ စဉ်းစားရလွန်းလို့ စာရင်းလုပ်ထားလိုက်တယ်။
ပစ္စည်း/စာရွက်စာတမ်း
- မှတ်ပုံတင်ကဒ်
- ပတ်စပို့ -ခြောက်လသက်တမ်း
- လေယာဉ် လက်မှတ် + လေဆိပ် အခွန် (အကြွေး ဝယ်ကဒ် ဖြင့် ဝယ်ယူထားပါက ဝယ်သည့်ကဒ်)
- ဘဏ်ကဒ်/ အကြွေးဝယ်ကဒ်
- သွားမည့် နိုင်ငံ၏ငွေ
- နာမည်ကဒ်
- ဗီဇာ
- ခရီးသွား အာမခံ
- ခရီးစဉ် (မြေပုံ၊ သွားမည့်နေရာများ၊ ဟိုတယ် လိပ်စာ၊ ဖုန်း)
- ဟိုတယ် ဘွတ်ကင် စာရွက်စာတမ်းများ (အကြွေး ဝယ်ကဒ် သုံးထားပါက သုံးသည့်ကဒ်)
- ဖုန်း ဆော့ဖ်ဝဲများ (ဥပမာ currency converter မျိုး)
- စာရေးရန် စာရွက်/ဘောပင်
- စာရွက်စာတမ်း မိတ္တူများ
- အသုံးဝင်မည့် စာလုံးများကို သွားမည့် နိုင်ငံ၏ ဘာသာစကားနှင့် ရေးထားသောစာရွက်
ဆေးများ
- ပါရာစီတမော
- ဝမ်းလျှော/ဝမ်းကိုက် ပျောက်ဆေး
- ဆေး ပလာစတာ
- ဘီတာဒင်း
- ခြင် / အင်းဆက် မောင်းဆေး (မည်းမှောင် သည့် အဝတ်အစား များက ခြင်ကို ပိုမိုဆွဲဆောင် သည်ကို ဂရုပြုပါ)
- အခြားဆေးများ (Coughing, running nose, lotion for itching/insect bite)
အထွေထွေ
- ထီး
- မျက်မှန်/ နေကာ မျက်မှန်
- ဘီး
- ချွေးနံ့ပျောက်ဆေး/ ရေမွှေး
- ခေါင်းလိမ်းဆီ
- သွားတိုက်တံ/ သွားတိုက်ဆေး
- ဆပ်ပြာ/ ရေချိုးဆပ်ပြာ/ အဝတ်လျှော် ဆပ်ပြာ
- ခေါင်းလျှော်ရည်
- မျက်နှာသစ် ဆပ်ပြာ
- လက်သည်းညှပ်
- ဟမ်းဖုန်း/ အားသွင်းစက် (roaming သုံးမသုံး / prepaid / skype top up )
- လက်ပ်တော့ပ်/ အားသွင်းစက်
- အိုင်ပက်/ အားသွင်းစက်
- စာအုပ် / မဂ္ဂဇင်း
- ဘုံ လျှပ်စစ် ပလပ်ခေါင်း (သွားမည့် နိုင်ငံ တွင် ၂၂၀ ဗို့ လား၊ ၁၁၀ ဗို့လား စစ်ရန်)
- ကင်မရာ/ ကဒ်/ မှန်ဘီလူး/ အားသွင်းစက်
- ဗွီဒီယို ကင်မရာ/ ကဒ်/ အားသွင်းစက်
- တစ်ရှုး စက္ကူ
- နားကြပ်
- မှန်
- အစား အသောက် များ အတွက် အသုံးအဆောင်
- လက်နှိပ် ဓာတ်မီး
- ပလပ်စတစ် အိပ်များ / အန်လျှင် သုံးရန် အိတ်
- သောက်ရေ
- အပျင်းပြေ စားစရာများ
- တိပ်
- ခရီးသွား မီးဖို
- သုံးချောင်းထောက်
- Thumb drive
- ဓာတ်ခဲများ
- လိုးရှင်း (e.g. Sun block lotion)
- ကပ်ကြေး
- ချိုချဉ်၊ ငုံဆေးပြား
အဝတ်အစားများ
- ရေကူးဝတ်စုံများ
- စောင်
- မျက်နှာသုတ် ပဝါ
- ရှပ်အင်္ကျီ
- ခြေအိတ်
- ညှပ်/ကြိုးသိုင်း ဖိနပ်
- ရှုးဖိနပ်
- ညဝတ်အင်္ကျီ
- အနွေးထည်
သူ့အတွက်
- မုတ်ဆိပ်ရိတ်ဓား
- အတွင်းခံ
- ဘောင်းဘီ
- ခါးပတ်
- နက်ကတိုင်
သူမ အတွက်
- ပန်တီ
- ဘရာ
- လက်ဝတ်လက်စား ( နားကပ်၊ ဆွဲကြိုး၊ လက်ကောက်)
- အလှပြင် ပစ္စည်းများ (Lipsticks, make-up, foundation, mascara, face-powder (cream pad), eye brow pencil, makeup remover, nail-polish, eye shadow)
ကလေး
- ဒိုင်ယာပါ
- ဒိုင်ယာပါ လိမ်းဆေး
- သုတ်ရန် စက္ကူအစို
- အခင်း
- လိုးရှင်း
- နို့ဘူး
- နို့မှုန့်
- စားစရာ (Friso cream, brown rice, normal rice, beans)
- ခွက်/ဇွန်း
- ဦးထုပ်
- ကလေး ပန်ကန်ဆေးဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်
No comments:
Post a Comment