Mesh Bee က NXP ကထုတ်တဲ့ JN516x wireless chip ကိုသုံးပြီး seeed studio ထုတ်တဲ့ 2.4GHz wireless transceiver ပါ။ ကောင်းတာ တခုက သူက လုံးဝ open hardware, open source ပါ။ NXP ကပေးတဲ့ development environment နဲ့ tools တွေကလည်း free ရပါတယ်။
အစက Mesh Bee module နှစ်ခုဝယ်ပြီး စမ်းပါတယ်။ ဒါပေမယ့် module အသစ်တွေမှာ ပါတာက နှစ်ခုလုံး co-ordinator firmware ဖြစ်နေတာမို့ တခုကို end device အနေနဲ့ firmware ကို ပြောင်းဖို့ လိုလာပါတယ်။ ဒါနဲ့ UartSBee v5 တခု ထပ်ဝယ်ပြီး
http://www.seeedstudio.com/wiki/Mesh_Bee
မှာ ပြထားတဲ့ အတိုင်းစမ်းပါတယ်။
Co-ordinator ကို ကွန်ပျူတာနဲ့ ဆက်ဖို့က UartSBee ကို သုံးလိုက်တော့၊ end device အတွက် ဆက်ဖို့ UartSBee မရှိတော့တဲ့ အတွက် အလွယ်တကူရှိတဲ့ FTDI 3.3V cable နဲ့ 3V3, TX1, RX1, GND တို့ကို breadboard မှာ ဆက်ပြီး စမ်းကြည့်လိုက်တာ အဆင်ပြေတာကို တွေ့ရပါတယ်။
No comments:
Post a Comment