Search This Blog

Friday, September 25, 2015

Adafruit CC3000 WiFi for Arduino

WiFi သုံးပြီး microcontroller နဲ့ ဆက်သွယ်တဲ့ ဟာကို Arduino Uno နဲ့ Adafruit CC3000 WiFi Shield ကိုသုံးပြီး စမ်းကြည့်ထားတာပါ။ သူက Arduino ရဲ့ standard WiFi shield မဟုတ်တဲ့ အတွက် WiFi.h library ကို သုံးလို့မရပါဘူး။ ဒါ့ကြောင့် Adafruit CC3000 library ကို ဒေါင်းလုပ်လုပ်၊ un-zip လုပ်ပြီး C:\Program Files (x86)\Arduino\libraries folder ထဲမှာ ထည့်ဖို့လိုပါတယ်။


Figure. Adafruit CC3000 WiFi shield stacked with Arduino Uno.


သူ့ရဲ့ ဝဘ်ဆိုက်မှာ Arduino IDE ကို ဗားရှင်း အဟောင်းသုံးဖို့ လိုတယ်လို့ ပြောထားပေမယ့် နောက်ဆုံးဗားရှင်းပဲ သုံးပြီးစမ်းကြည့်တာ ရပါတယ်။ နောက် laptop usb နဲ့ ဆက်ရင် ပါဝါ မနိုင်ဘူး ဆိုထားပေမယ့် အခုဟာကို လက်ပ်တော့ နဲ့ပဲ ချိတ်ပြီး စမ်းတာ အဆင်ပြေတာကို တွေ့ရပါတယ်။ Arduino ကို ဖွင့်ပြီး File->Examples->Adafruit CC3000 Library->HTTPServer ကို ဖွင့်လိုက်ပါမယ်။


Figure. Browsing WiFi examples.


ပရိုဂရမ်ကို ထည့်ပြီး Serial Monitor ကိုဖွင့်တဲ့ အခါ baud rate ကို 115200 ပြောင်းဖို့လိုပါတယ်။


Figure. Serial Monitor as seen for HTTPServer example.


အဲဒီမှာပြတဲ့ IP Address ကို သူနဲ့ network တခုထဲမှာဆက်ထားတဲ့ ဖုန်း browser ကနေ ဖွင့်လိုက်ရင် အောက်အတိုင်းတွေ့ရပါလိမ့်မယ်။


Figure. View from a web browser.


No comments:

Post a Comment