Search This Blog

Tuesday, September 8, 2015

A Holistic Approach to Vocal Freedom

NTU ရဲ့ Campus Recreation and Wellness (CReW) ကစီစဉ်တဲ့ A Holistic Approach to Vocal Freedom ဆိုတဲ့ သီချင်း အဆို သင်တန်း သွားတက်ကြည့်ဖြစ်တယ်။ သင်တဲ့သူက NIE က Visual and Performing Arts က lecturer တယောက်ဖြစ်တဲ့ Dr. Chia Wei Khuan ပါ။ ငယ်ငယ်ကတည်းက သီချင်းတွေ အိမ်နေရင်း အမြဲဆိုခဲ့ပေမယ့် အဲဒီအကြောင်းကို မလေ့လာဘူးတာ တပိုင်း၊ စိတ်ဝင်စားတာတပိုင်း ကြောင့် ကြုံကြိုက်တုန်း သွားတက်ဖြစ်ခဲ့တာပါ။ ခြောက်ပတ်စာ သင်တာတွေက

  • The McClosky Technique: Relaxation, Posture, Breathing and Breathy Sigh
  • Freeing the Tongue, Jaw, Facial Muscles and Neck
  • Phonation: On-set and Off-set, Flow vs Pressed
  • Resonance and Articulation
  • The Singer's Breath: Appoggio
  • Maintaining Vocal Freedom
ဆိုတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။


Figure. ကြာတော့ ကြာပြီ အိမ်မှာ ကာရာအိုကေ ဆိုလို့ ရအောင်ဆိုပြီး မိုက်ခရိုဖုန်း လိုက်ရှာရင်း ကြိုးမဲ့မဟုတ်တာလည်း ဖြစ်တဲ့ Shure SM58 လေး သဘောကျတာနဲ့ ဝယ်ဖို့လုပ်တော့ ဘယ်မှာ ဝယ်ရမှန်း မသိဘူး။ အွန်လိုင်း မှလည်း Amazon မှာတော့ တွေ့ပေမယ့် စင်ကာပူ လိပ်စာနဲ့ ဝယ်မရဖြစ်နေတာ။ နောက်မှ သီရိကို အမှတ်မထင် ပြောပြဖြစ်တော့ သူက SingPost ကနေတဆင့် ပို့တဲ့ ဟာလုပ်ပြီး ရအောင် ရှာဝယ်ပေးတာနဲ့ အဆင်ပြေသွားတယ်။


စစချင်းတော့ မျက်နှာမှာ ရှိတဲ့ ကြွက်သားတွေ ပြေလျော့ အောင် လုပ်တဲ့ အပိုင်းကို ပြောပါတယ်။ ပါးပြင်၊ နားထင်မှာ ရှိတဲ့ ကြွက်သားတွေကို နှိပ်နယ်တာ၊ မေးအောက်၊ လည်ပင်း တစ်ဝိုက်တွေကို နှိပ်တာပါ။ မေးရိုးကို လျော့ချထားခိုင်းပါတယ်။ လည်စိ ကို တော့ တတ်နိုင်သမျှ နှိမ့်ထားခိုင်းပါတယ်။ လျှာ၊ ပါးစပ်အနေအထားက ပျင်းတွဲတွဲ ပုံစံမျိုး လျော့ချထားတဲ့ ပုံမျိုး။ ခေါင်းကို တော့ မတ်မတ်ထားခိုင်းပါတယ်။

The Six Areas of Relaxation
  • Face
  • Tongue
  • Swallowing Muscles (Suprahyoid)
  • Jaw
  • Larynx
  • Head and Neck


သီချင်းဆိုတဲ့ အခါ အကောင်းဆုံး အနေအထားကတော့ ခပ်မတ်မတ်ရပ်ထားတဲ့ ပုံစံမျိုးလို့ ဆိုပါတယ်။ ကိုယ့်ခန္ဓာရဲ့ အလေးချိန်ကို ညီညီမျှမျှ သက်ရောက်အောင်၊ ခြေထောက်နှစ် ချောင်းကို သက်တောင့်သက်သာ အနေအထားမှာ ထားမယ်။ ခါးမတ်မတ်၊ ရင်ဘတ် (နံရိုးအိမ်)ကို ကျယ်ကျယ်မြင့်မြင့်ထားမယ်။ ခေါင်းကိုတော့ မတ်မတ် ပေါ့။

The Six Areas of Posture
  • Feet
  • Knees
  • Pelvic Tilt
  • Rib Cage
  • Shoulders
  • Head and Neck


ပါးစပ်၊ လည်ပင်း၊ ရင်ဘတ်တွေကို လူရဲ့ အသံထုတ်ပေးတဲ့ instrument ကြီးရဲ့ အစိတ်အပိုင်းတွေလို့ စဉ်းစားမယ်ဆိုရင် အသံအိမ်တွေကို ကျယ်အောင်ထားတဲ့ သဘောပေါ့။ အာခေါင်ရဲ့ နောက်က အခေါင်းကို ပါလှိုဏ်သံထွက်နိုင်အောင် ဖြစ်နိုင်ရင် ထည့်ဆိုနိုင်ရင် ကောင်းတယ်လို့ဆိုပါတယ်။ Resonance အသံ components တွေပိုစုံ၊ ပိုမြိုင်အောင်လို့ ထင်ပါတယ်။ လည်စိ အပေါ်ကို တက်လာရင် အသံက အစ်၊တိမ်သွားတာမို့ တတ်နိုင်သမျှအောက်ချတာ ကပိုကောင်းတယ်လို့ ဆိုပါတယ်။ တချို့ စာလုံးတွေကို ဆိုတဲ့ အခါ ဆိုတဲ့ ပုံစံကို ပြောင်းလိုက်တာမျိုးတွေလည်း ပြောပါတယ်။ ဥပမာ အီး သံကို ဆိုတဲ့ အခါ အရမ်းပီအောင်ဆိုရင် ပြားသွားတာမို့ 'horizontal' မဖြစ်အောင် 'vertical' အသံဘက်ရောက်အောင် 'ဟီး' သံရောတဲ့ ပုံမျိုး ဆိုတာတွေ ပြောပါတယ်။ အသက်ရှုတဲ့ အပိုင်းမှာလည်း ရင်ဘတ်ကို ကျယ်ကျယ်မြှင့်ပြီး အသေထားပြီး ဗိုက်(ချက်) ဝန်းကျင်ကို ပဲလှုပ်ရှားပြီး ဆိုခိုင်းပါတယ်။ မေးရိုးတွေကို တော့ လျှော့ချ၊ လွှတ်ထားတဲ့ပုံမျိုးပေါ့။

Fundamentals of Good Singing
  • Posture
  • Breathing
  • Raised Soft Palate
  • Hanging Jaw
  • Relaxed Tongue
  • Stabilized/Low Larynx
  • Balanced On-Set/Flow phonation
  • Consistent Vibrato
  • Balanced Resonance (relaxed pharynx/open-throat) & Vowels Clarity
  • Lifted/Expanded Ribs: Appoggio


အဲ့မှာ ကျင့်ရင်း ဆိုဖြစ်တဲ့ သီချင်းတချို့က











No comments:

Post a Comment