DRV2700 က single chip Piezo driver လေးဖြစ်ပြီး 4 mm x 4 mm x 0.9 mm အရွယ်ပဲ ရှိပါတယ်။ 100 V boost ဒါမှမဟုတ် 1 kV flyback configuration နဲ့ သုံးလို့ရပါတယ်။ Supply voltage က 3 V ကနေ 5.5 V အထိပေးနိုင်ပါတယ်။ သူ့ရဲ့ evaluation module တခုဖြစ်တဲ့ DRV2700EVM လေးနဲ့ စမ်းကြည့်ထားတာ တချို့ ဆွေးနွေးချင်ပါတယ်။
Showing posts with label amplifier. Show all posts

Thursday, May 5, 2016
Thursday, February 28, 2013
Non-inverting Amplifier Using op-amp
လတ်တလော သုံးနေတဲ့ amplifier (PiezoDrive PDX 150) လေးက ပျက်သွားတော့ အပိုရှိနေတဲ့ စပယ်ယာ amplifier လေးနဲ့ ပြောင်းသုံးဖို့ လိုလာပါတယ်။ အောက်ကပုံမှာ ပြထားတဲ့ စပယ်ယာ amplifier လေးက အဝင်ဗို့ -2 V ကနေ 12 V ရှိပြီး၊ အထွက်ဗို့က -20 V ကနေ 120 V ထုတ်ပေးနိုင်ပါတယ်။ ပျက်သွားတဲ့ ကောင်က ချဲ့ဆ ၂၀ ရှိပြီး၊ အပို ရှိတဲ့ amplifier လေးရဲ့ ချဲ့ဆ က ၁၀ ဆပဲရှိပါတယ်။ အဲဒီတော့ ချဲ့ဆ ၂ ဆရှိတဲ့ preamplifier လေး တစ်ခု ကို ကိုယ့်ဟာ ကိုယ် ဒီဇိုင်းလုပ်ပြီး ရှေ့ကနေ ခံသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လုပ်ရမယ့် amplifier ရဲ့ အဝင်ဗို့က -1 V ကနေ 6 V ရှိမှာ ဖြစ်ပြီး၊ အထွက်ဗို့က -2 V ကနေ 12 V ထုတ်ပေးဖို့ လိုပါမယ်။ အဝင်ဗို့ နဲ့ အထွက်ဗို့က အတည့် (non-inverted) ဖြစ်ဖို့ လိုတာမို့ op-amp ကိုnon-inverting configuration သုံးပြီး ဒီဇိုင်းလုပ်လိုက်ပါတယ်။ ချဲ့ဆကို အသေးစိတ် ချိန်ညှိ ချင်တာဖို့ trimmer လေးကို ပါထည့်သုံးလိုက်ပါတယ်။ အလွယ်တကူ တွေ့တဲ့ LM358N op-amp IC ကိုပဲ ကောက်သုံးလိုက်ပါတယ်။ ဆားကစ် ပုံ နဲ့ lab ထဲမှာ အလွယ်တကူ ရတဲ့ ပစ္စည်းလေးတွေသုံးပြီး ရလာတဲ့ ဟာလေးကို အောက်မှာ ပြထားပါတယ်။ ဒီဆားကစ် ရဲ့ အဝင် ခုခံမှု (input impedance) က အရမ်းကြီးတာမို့ အဝင်ကို ဘာမှ ဆက်မထားတဲ့ အချိန် မှာ floating ဖြစ်မနေအောင် 56k ရီစစ္စတာလေး ထည့်လိုက်ပါတယ်။
ဒီ amplifier ရဲ့ ချဲ့ဆ ကို ၂ ဆတိတိရအောင် ချိန်တဲ့ အခါ oscilloscope ရဲ့peak to peak တန်ဖိုး ပြနေတာ ကို ဖတ်ရတာ သိပ်မသေချာဘူး ထင်တာနဲ့ တစ်ခြား နည်းလမ်း ကို ထပ်စဉ်းစား ကြည့်ပါတယ်။ နောက်တော့ ချန်နယ် ၁ နဲ့ ဆက်ထားတဲ့ အထွက် ကို 10 V per division ထားပြီး၊ ချန်နယ် ၂ နဲ့ ဆက်ထားတဲ့ အဝင်ကို 5 V per division ထားလိုက်ပါတယ်။ ပြီးတာနဲ့ trimmer လေးကို ဖြည်းဖြည်းခြင်း လှည့်ပြီး ထပ်တူကျတဲ့ လှိုင်းနှစ်ခု ရအောင် ချိန်လိုက်ပါတယ်။

Subscribe to:
Posts (Atom)