Search This Blog

Friday, October 5, 2018

Using MS SQL Server from C++ with wxWidgets

MS SQL server ကို ODBC API နဲ့ C++ ပရိုဂရမ် ရေးပြီး ဆက်သွယ် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ် [Eas18]။ အဲဒီနောက် Class module တစ်ခု ဖန်တီးပြီး wxWidgets GUI application တွေမှာ SQL server တွေကို သုံးတဲ့ နမူနာ တစ်ခုကို ဆက်လက် ဖော်ပြ ပါမယ်။ Unix နဲ့ Linux စက်တွေ အတွက်တော့ အောက်က လင့်ခ်

Using Microsoft SQL Server from Linux Machines with ODBC & FreeTDS
(http://coolemerald.blogspot.com/2018/10/using-microsoft-sql-server-from-linux.html)


မှာ ဖော်ပြ ထားတဲ့ အတိုင်း FreeTDS နဲ့ ODBC ကို တပ်ဆင် ထားဖို့ လို ပါတယ်။

Using Microsoft SQL Server from Linux Machines with ODBC & FreeTDS

FreeTDS က Unix နဲ့ Linux စက်တွေ အတွက် Microsoft SQL Server နဲ့ Sybase databases တွေကို ဆက်သွယ် အသုံးပြု ရတဲ့ လိုင်ဘရီ တွေ ဖြစ်ပါတယ် [Fre16]။ FreeTDS C libraries တွေက free, opensource ဖြစ်ပြီး GNU LGPL လိုင်စင် ဖြစ်ပါတယ်။ ဒီ အပိုင်း မှာ Windows စက် တစ်ခု ခု မှာရှိတဲ့ mixed mode authentication နဲ့ တပ်ဆင် ထားတဲ့ MS SQL server ကို Linux စက် ကနေ FreeTDS နဲ့ ဆက်သွယ် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ်။ MS SQL server က TCP/IP နဲ့ remote ဆက်သွယ်မှု ကို ခွင့်ပြု ထားပြီး၊ username နဲ့ password ကို အသုံးပြုပြီး ဆက်သွယ် နိုင်ဖို့ လိုပါတယ်။

MS SQL server က Microsoft နဲ့ Sybase တို့ ပူးပေါင်း ဆောက်ရွက်မှု ကနေ မွေးဖွား လာတာ ဖြစ်ပါ တယ်။ ဒါကြောင့် သူ့တို့ ရဲ့ SQL server တွေက ဆင်တူ ကြပြီး၊ client တွေက နေလှမ်း ဆက်သွယ် အသုံးပြု တဲ့ communication protocol က စ ထပ်တူ နီးပါး တူညီ ပါတယ်။ အဲဒီ protocol ကို Tabular Data Stream (TDS) လို့ ခေါ်ပါတယ်။ TDS ကို open source အနေနဲ့ implementation လုပ်တဲ့ project ကို Brian Bruns စတင်ခဲ့ ပြီး၊ FreeTDS လို့ နာမည် ပေးခဲ့ တာပါ။

Thursday, October 4, 2018

MySQL Connector C++ 8.0 with wxWidgets

MySQL Connector C++ 8.0 ကို wxWidgets နဲ့ တွဲသုံး တဲ့ နမူနာ တစ်ခု ကို ဖော်ပြ ချင် ပါတယ်။ wxWidgets ထည့်သွင်း အသုံးပြုပုံ နဲ့ MySQL server, MySQL Connector C++ 8.0 တို့ တပ်ဆင် အသုံးပြု ပုံ အသေး စိတ်တွေ ကို အောက်က လင့်ခ် တွေမှာ ဖော်ပြ ထားတဲ့ အရင်ပို့စ် တွေ မှာ တွေ့နိုင် ပါတယ်။

ceMySQL.h Cross-platform C++ programming with wxWidgets

Using MySQL Database with C++ on Various Platforms Including ARM Single Board Computers

အဲဒီ အတွက် ဆက်သွယ် အသုံးပြု မယ့် MySQL server မှာ mytest ဆိုတဲ့ database နဲ့၊ အထဲမှာ mytable ဆိုတဲ့ table ကို Figure 1 မှာ ပြထား တဲ့ အတိုင်း MySQL Workbench နဲ့ ဖန်တီး ထားလိုက် ပါမယ်။


Figure 1. Creating a database 'mytest' and a table 'mytable' using MySQL Workbench.