Search This Blog

Showing posts with label Nanyang Lake. Show all posts
Showing posts with label Nanyang Lake. Show all posts

Sunday, October 4, 2015

Photographing around NTU

ဒီနှစ်ပိုင်းတွေထဲ NTU ကျောင်းဝင်းထဲမှာ ကြုံရင် ကြုံသလို ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးတွေ စုပြီး တင်လိုက်ပါတယ်။ ဒီအောက်ကပုံကတော့ 1950s နှစ်ပိုင်းလောက်က တည်ဆောက်ခဲ့တဲ့ Chinese Heritage Centre (CHC) ရဲ့ပုံပါ။ သူ့ဘေးမှာက သာယာအေးချမ်းတဲ့ Nanyang Lake ရေကန်လေးရှိပြီး ရှေ့မှာက စိမ်းလန်းလှပတဲ့ Yunnan ပန်းခြံ ရှိပါတယ်။ အိမ်ပြန်ရင် နောက်ဖက်ကတောင်ကုန်းကနေဆင်းပြီး ပန်းခြံကို လမ်းဖြတ်လျှောက်ပြီး ပြန်နေကျပါ။ ဒီဓာတ်ပုံရိုက်တုန်းက ညနေ ၇ နာရီလောက် မှောင်ရီပျိုးစ သဘာဝ အလင်းရောင် နဲ့ လျှပ်စစ်မီးရောင် တွေကအဆင်ပြေပြေ လှနေတယ်ထင်တာနဲ့ handheld ပဲ ရိုက်လိုက်တာပါ။


Figure. Chinese Heritage Centre in NTU