Search This Blog

Showing posts with label Beach. Show all posts
Showing posts with label Beach. Show all posts

Friday, October 24, 2014

Bintan

Bintan ကိုသွားလည် ကြမယ်ဆိုတော့ သီရိက agoda.com မှာဝင်ပြီး ဟိုတယ်ကို book လုပ်တယ်။ Bintan ဟိုတယ်တွေအကြောင်း review တွေဖတ်ကြည့်တော့ စိတ်တိုင်းမကျကြတာများလို့ အဆင်ပြေပါ့မလား လို့ပူမိသေးတယ်။ ဒါပေမယ့် သီရိက review တွေသေချာဖတ်ကြည့်ထားပြီး စျေးသက်သာပြီး review တွေကောင်းတဲ့ Bintan Cabana Beach Resort ဆိုတဲ့ဟိုတယ်ကိုရွေးလိုက်တာ တော်တော်အဆင်ပြေပါတယ်။ ၂၀၁၂ မေ မှာသွားလည်ခဲ့ကြပြီး အဲဒီဟိုတယ်ကို ပဲ အခု ၂၀၁၄ သြဂုတ် မှာ နောက်တစ်ခေါက်ပြန်ထပ် သွားကြတယ်။