Search This Blog

Monday, May 14, 2018

MCP3008 - Analog to Digital Converter with SPI Interface

MCP3008 က Microchip က ထုတ်တဲ့ 8-channel, 10-bit analog to digital converter ဖြစ်ပါတယ်။


Figure. MCP3008 ၏ pin များ။


သူ့ကို single ended analog input အနေနဲ့ ရှစ်ခု သုံးလို့ ရပြီး၊ differential input pair အနေနဲ့ ဆို လေးစုံ သုံးလို့ ရပါတယ်။ Power supply ဗို့ 2.7 V ကနေ 5 V အထိ သုံးလို့ ရပြီး၊ အပူချိန် -40 °C ကနေ +85 °C အထိ ခံနိုင် ပါတယ်။ SPI interface ဖြစ်ပြီး mode 0 ဒါမှ မဟုတ် mode 3 နဲ့ သုံးနိုင် ပါတယ်။