Search This Blog

Friday, December 28, 2018

Curve Plotting with C++

C++ program တွေမှာ curve plotting လုပ်ဖို့ လိုလာရင် သုံးလို့ ရမယ့် နည်းလမ်း တချို့ကို ဆွေးနွေး ချင်ပါတယ်။ သုံးကြည့်မယ့် tools တွေက
တို့ ဖြစ်ပါတယ်။

Gnuplot

Gnuplot ကို Ubuntu ပေါ်မှာ install လုပ်ဖို့ အတွက် အောက်က command တွေကို သုံးနိုင် ပါတယ်။

$ sudo apt update
$ sudo apt install gnuplot


Install လုပ်ပြီး တဲ့ အခါ gnuplot ကို အောက်ပါ အတိုင်း စနိုင် ပါတယ်။

$ gnuplot


ပြီးတဲ့ အခါ လက်ရှိ ဗားရှင်း စတဲ့ အချက်အလက် တွေပေါ်လာ ပြီးတဲ့ အခါ gnuplot ရဲ့ prompt ကို ရောက်သွား ပါမယ်။ နမူနာ အနေနဲ့ sin(x) ကို plot လုပ်ကြည့်ပြီး၊ cos2(x) ကို ပါ အောက်က အတိုင်း ထပ် plot လုပ်ကြည့် လိုက်ရင် Figure. 1 မှာ ပြထား သလို တွေ့ရ ပါလိမ့်မယ် [Mig18]။ Gnuplot ကနေ ထွက်ဖို့ အတွက် q ကို ရိုက်ထည့် နိုင် ပါတယ်။

> plot sin(x)
> replot cos(x)**2
> q



Figure 1. Plotting sin(x) and cos2(x) to test gnuplot.