Search This Blog

Sunday, October 4, 2015

Photographing around NTU

ဒီနှစ်ပိုင်းတွေထဲ NTU ကျောင်းဝင်းထဲမှာ ကြုံရင် ကြုံသလို ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးတွေ စုပြီး တင်လိုက်ပါတယ်။ ဒီအောက်ကပုံကတော့ 1950s နှစ်ပိုင်းလောက်က တည်ဆောက်ခဲ့တဲ့ Chinese Heritage Centre (CHC) ရဲ့ပုံပါ။ သူ့ဘေးမှာက သာယာအေးချမ်းတဲ့ Nanyang Lake ရေကန်လေးရှိပြီး ရှေ့မှာက စိမ်းလန်းလှပတဲ့ Yunnan ပန်းခြံ ရှိပါတယ်။ အိမ်ပြန်ရင် နောက်ဖက်ကတောင်ကုန်းကနေဆင်းပြီး ပန်းခြံကို လမ်းဖြတ်လျှောက်ပြီး ပြန်နေကျပါ။ ဒီဓာတ်ပုံရိုက်တုန်းက ညနေ ၇ နာရီလောက် မှောင်ရီပျိုးစ သဘာဝ အလင်းရောင် နဲ့ လျှပ်စစ်မီးရောင် တွေကအဆင်ပြေပြေ လှနေတယ်ထင်တာနဲ့ handheld ပဲ ရိုက်လိုက်တာပါ။


Figure. Chinese Heritage Centre in NTU


NTU ထဲကို bus နဲ့ လာမယ်ဆိုရင်တော့ အဓိက မှတ်တိုင်က Lee Wee Nam Library မှတ်တိုင်ပါ။ ကျောင်းဝင်းထဲမှာ လူကူး ကုန်းကျော်တံတားရှိတဲ့ တခုထဲသော မှတ်တိုင်လို့ ပြောလို့ရပါတယ်။ ကားပေါ်ကဆင်းပြီး ဘယ်ဖက်က NTU ၊ ညာဖက်ကုန်းကျော်ကို ကျော် ဆင်းလိုက်ရင်ရင် NIE ပါ။ ဒီအောက်ကပုံက NIE ဖက်ကို ဆင်းတဲ့ လှေကားမှာ ရိုက်ထားတာပါ။ Tripod နဲ့ timer ကို သုံးပြီး အောက်ကိုပြေးဆင်း၊ ပြီးရင် ပြန်တက်ပြီး ပုံကို ပြန်ကြည့်၊ စိတ်တိုင်းမကျ ရင် ပြန်ရိုက်လိုက်နဲ့ လေးငါးခေါက်လောက် ရိုက်လိုက်တာ တော်တော်တော့ မောသွားပါတယ် :P


Figure. NIE





Figure. Lee Wee Nam library


NTU ထဲမှာ သဘောအကျမိဆုံးနေရာကတော့ Nanyang Valley အပေါ်နားက student service centre ရှိတဲ့ တောင်ကုန်း ထိပ်လေးပါပဲ။ လူကတော်တော်ပြတ်ပြီး တော်တော်အေးချမ်းပါတယ်။ Bukit Timah တောင်ကုန်းတွေ အပါအဝင် သင်္ဘောကျင်းတွေ၊ တိုက်တာတွေ ပါဝင်တဲ့ စင်ကာပူမြို့ပြရဲ့ ရှုခင်းကို အပေါ်စီးကနေ လှမ်းမြင်နေရ တာပါ။ စက်ရုံတွေက ထွက်လာတဲ့ မီးခိုးတွေ၊ လူလုပ်မီးရောင်တွေနဲ့ မှုန်မှိုင်းမှိုင်း ညနေခင်းရဲ့ တမျိုးတမည်အလှ ကို ခံစားပြီး လူသူမရှိတဲ့ လှေကားထစ်လမ်းလေး ကနေ တယောက်တည်း ဆင်းရတာလည်း အရသာ တမျိုးပေါ့။ လပြည့်ရက် ဝန်းကျင်မှာ ရာသီဥတုကလည်း မျက်နှာသာပေးမယ် ဆိုရင်တော့ ညနေဆည်းဆာအလှနဲ့ မြို့ပြကောင်းကင်မှာ ဖြည်းဖြည်းချင်းထွက်လာမယ့် လမင်းကြီးကို ထိုင်ကြည့်လို့ရပါတယ်။


Figure. A view from admin hill





Figure. စောင်းတန်း


NTU ဖက်တင် လမ်းသလားတာ အားမရတော့ တခါတလေ NIE ဖက်တွေလည်း ရောက်ရောက်သွားတတ်ပါတယ်။ အဲဒီ ဖက် ကြုံရင် ကြုံသလို ကန်တင်းမှာစား၊ Popular စာအုပ်ဆိုင်မှာ စာအုပ်ငမ်း ပေါ့။


Figure. Buildings inside NIE


NTU campus က တော်တော်စိမ်းလန်းပါတယ်။ ပန်းခြံထဲက တက္ကသိုလ် လို့ ပြောကြပါတယ်။ ကျောင်းဝင်းထဲမှာ အပြေးလေ့ကျင့်ဖို့ ရာဘာ အပြာရောင် အပျော့လေးတွေ ခင်းပေးထားတဲ့ လမ်းလေးတွေ ရှိပါတယ်။ ဒီအောက်ကပုံကတော့ Graduate Hall 2 ဖက်မှာ ရိုက်ထားတာပါ။ အပြာရောင်လမ်းလေးကို အစိမ်းရောင်ပြောင်းထားပါတယ်။ အဲဒီအ ကြောင်းကို ဒီမှာ ရေးဖူးပါတယ်။

Figure. အပြာရောင် ကျောပိုးအိတ် တခုထဲ ♫ ဒဏ်ရာ အဟောင်းလေးကို ထည့် ♫ သွားရတော့မယ် ♫


ADM building ကတော့ NTU ရဲ့ အဆောက်အအုံ အသစ်လို့ ပြောလို့ရပါတယ်။ မြက်ခင်းပြင် စိမ်းစိမ်းလေးတွေနဲ့ ကုန်းလျှော ခေါင်မိုးပေါ်ကို လမ်းလျှောက်တက်သွားလို့ ရတဲ့ လှေကားထစ်လေးတွေနဲ့ အသည်းပုံ ဒီဇိုင်း ဆောက်ထားတယ်လို့ မြင်ပါတယ်။


Figure. ADM building in haze as seen from Nanyang Height





Figure. ADM building at the new iconic School of Art, Design and Media





Figure. Near the entrance of ADM building


Learning Hub က အခုမကြာခင်ကမှ ဖွင့်လိုက်တဲ့ အဆောက်အအုံ အသစ်ပါ။ BCA ကပေးတဲ့ Green Mark Platinum Award ရတယ်လို့ ဆိုပါတယ်။ အထဲမှာ အဲယားကွန်းတွေ၊ ပန်ကာတွေ မသုံးပါဘူး၊ သဘာဝ အတိုင်း လေဝင်လေထွက် ကောင်းအောင် ဒီဇိုင်းထုတ်ထားတယ် လို့ ဆိုပါတယ်။ အထဲကို ဝင်သွားကြည့်တော့ တကယ်ပဲ လေတဖြူးဖြူးနဲ့ အေးအေးလေး ဖြစ်နေတာကို တွေ့ရပါတယ်။


Figure. Learning Hub


Nanyang valley ဖက်ကို ဆင်းသွားတဲ့ ပြန်နေကျ လမ်းလေးပါ။ လမ်းအဆုံးနားက Nanyang lake နားမှာ ယုဇနပင်တွေ အတန်းလိုက်ကြီးရှိပြီး ပန်းပွင့်တဲ့ အချိန်တွေဆို တော်တော်မွှေးပါတယ်။


Figure. အကြိမ်ကြိမ် ကိုယ်ပြန်ရာလမ်း ♫ အဝါရောင်ခြုံကာလွှမ်း ♫


ခေါင်းစဉ်နဲ့ မဆိုင်ပေမယ့် Gardens by the Bay ဘက်မှာ ရိုက်ဖြစ်ခဲ့တဲ့ ပုံတချို့ကို ပါ ကြုံတုန်းလေး တလက်စတည်း တင်လိုက်ပါရစေ။


Figure. Supertree grove





Figure. Dragonfly lake


No comments:

Post a Comment