Search This Blog

Thursday, December 11, 2014

Sepia Toning in GIMP

အဖြူအမဲ ဓာတ်ပုံတွေ တရက်တပုံနဲ့ ငါးရက် ငါးပုံတိတိတင်ဖို့ ဖေ့ဘုတ်မှာ challenge လုပ်ခံရတာနဲ့ အဖြူအမဲ ပုံတွေ ဖေ့ဘုတ်မှာ တင်ဖြစ်ပါတယ်။ နောက်တော့ ရိုးရိုး အဖြူအမဲ ပုံတင်ရတာ ပျင်းလာတာနဲ့ ရှေးခေတ်က အဖြူအမဲ ဓာတ်ပုံ အဟောင်းပုံမျိုး ဖြစ်အောင် ဝါကျန့်ကျန့် အရောင် မျိုး GIMP မှာ ထည့်ကြည့်ထားပါတယ်။ Sepia Toning မှာ အသေးစိတ် ပြောထားတဲ့ အတိုင်း လုပ်ထားတာပါ။ အခု ဒီပို့စ်မှာ တော့ အဲဒါကို အကျဉ်းချုပ်ပြီး မှတ်မိလွယ်အောင် ပြန်ချုံငုံ ရေးလိုက်ပါတယ်။ မူရင်းပုံ ကအောက်က ပြထားတဲ့ အတိုင်းပါ။

Friday, October 24, 2014

Bintan

Bintan ကိုသွားလည် ကြမယ်ဆိုတော့ သီရိက agoda.com မှာဝင်ပြီး ဟိုတယ်ကို book လုပ်တယ်။ Bintan ဟိုတယ်တွေအကြောင်း review တွေဖတ်ကြည့်တော့ စိတ်တိုင်းမကျကြတာများလို့ အဆင်ပြေပါ့မလား လို့ပူမိသေးတယ်။ ဒါပေမယ့် သီရိက review တွေသေချာဖတ်ကြည့်ထားပြီး စျေးသက်သာပြီး review တွေကောင်းတဲ့ Bintan Cabana Beach Resort ဆိုတဲ့ဟိုတယ်ကိုရွေးလိုက်တာ တော်တော်အဆင်ပြေပါတယ်။ ၂၀၁၂ မေ မှာသွားလည်ခဲ့ကြပြီး အဲဒီဟိုတယ်ကို ပဲ အခု ၂၀၁၄ သြဂုတ် မှာ နောက်တစ်ခေါက်ပြန်ထပ် သွားကြတယ်။

Thursday, September 18, 2014

Galaxy Note 2 Glass Screen Replacement

Samsung Galaxy note 2 ဖုန်းရဲ့ မှန်ကွဲသွားတာနဲ့ ပြန်လဲဖို့ လိုလာပါတယ်။ မှန်ပဲ ကွဲပြီး စကရင် က အလုပ်လုပ်နေတုန်းပဲ မို့ မှန်တင်ပဲ သီရိက အွန်လိုင်းကနေ မှာပေးတာ စင်ကာပူ ဒေါ်လာ ၁၅ ကျပ်လောက်ပဲကျတယ်။ နောက် အဖုံး၊ ဘက်ထရီ၊ ဆင်မ်းကဒ်၊ တုတ်တံ တွေကို ဖယ်ပြီးတဲ့အခါ အောက်ကပုံ မှာ ပြထားတဲ့ အတိုင်း ဝက်အူ ၁၁ လုံးကို ဖြုတ်ပါတယ်။

Wednesday, September 3, 2014

Adjustable Voltage Regulator Using LM337

အောက်မှာ ပြထားတဲ့ laser diodes လေးတွေအတွက် adjustable voltage regulator လုပ်ဖို့ လိုလာပါတယ်။

Friday, August 22, 2014

Batch Processing of Images in GIMP

ဓာတ်ပုံတွေ အများကြီးကို တစ်ခါတည်း နာမည်ပြင်ချင်တာ၊ အရွယ်အစား ပြောင်းချင်တာ၊ ဖိုင်အမျိုးအစား ပြောင်းချင်တာ တွေ လုပ်ချင်ရင် GIMP မှာ လုပ်လို့ရပါတယ်။ ပထမဆုံး အနေနဲ့ David's Batch Processor ဆိုတဲ့ Plug-in ကို http://members.ozemail.com.au/~hodsond/dbp.html ဆိုတဲ့လင့်မှာ သွားယူဖို့ လိုပါတယ်။ ပြီးရင် ဒေါင်းလုပ်လုပ်ထားတဲ့ ဖိုင်ကို extract လုပ်ပြီးရင် ရလာတဲ့ dbp.exe ဆိုတဲ့ဖိုင် ကို C:\Program Files\GIMP 2\lib\gimp\2.0\plug-ins ဆိုတဲ့ နေရာမှာ ထားလိုက်ပါမယ်။ နောက် GIMP ရဲ့ Filters menu မှာ Batch Process... command ကိုနှိပ်လိုက်ရင် အောက် ကအတိုင်း David's Batch Processor ဆိုတဲ့ pop-up windows ပေါ်လာရင် လိုချင်တဲ့ batch processing လုပ်လို့ရပါပြီ။

Friday, August 15, 2014

Selective Color Modification

အောက်မှာ ပြထားတဲ့ ပုံထဲက လမ်းအပြာလေးကိုပဲ ရွေးပြီး အစိမ်းရောင် ပြောင်းကြည့် ချင်တာနဲ့ MatLab program လေး ရေးကြည့်ပြီး Octave သုံးပြီး run ကြည့်လိုက်တယ်။ အပြာရောင် ကို အစိမ်းပြောင်းချင်တာဆိုတော့ rgb color model မှာပဲ blue နဲ့ green ကို နေရာချင်း လဲလိုက်ရင် ရပေမယ့် သိပ် ယေဘူယျ မဆန်ဘူးထင်တာနဲ့ hsv color model သုံးလိုက်တယ်။ အဲဒါဆို hue ကို ကြိုက်တဲ့ အရောင်ကနေ လိုချင်တဲ့ အရောင်ကို အလွယ်တကူ ပြောင်းလို့ရသွားတာပေါ့။

Sunday, March 16, 2014

Travel Checklist

ခရီးသွားရင် ယူစရာတွေ စဉ်းစားရလွန်းလို့ စာရင်းလုပ်ထားလိုက်တယ်။

ပစ္စည်း/စာရွက်စာတမ်း

Thursday, March 6, 2014

Reading Rotary Encoder Using Microcontroller

Rotary encoder တွေကို ထောင့်ဘယ်လောက်လှည့်သွားသလဲ (angular position) နဲ့ ဘယ်လောက်ဘီးလည်ပြီး ရွေ့သွားလဲ (motion sensing) ဆိုတာတွေကို တိုင်းတာဖို့ သုံးလေ့ရှိပါတယ်။ Optical rotary encoder တွေမှာ အပေါက်လေးတွေ ပုံဖော်ပြီး ဖောက်ထားတဲ့ အချပ်ကလေး ပါလေ့ရှိပြီး၊ အလင်းထုတ်ပေးတဲ့ LED နဲ့ အလင်းကို အာရုံခံနိုင်တဲ့ photo detector ကြားမှာ အဲဒီ အဝိုင်းလေး လည်တဲ့အခါ၊ အလင်းကျသွား၊ အလင်းကွယ်သွားတဲ့ ပေါ်မူတည်ပြီး ဗို့အား အနိမ့်အမြင့် digital waveform တွေထွက်လာပါတယ်။


VEX Robotics Design System ကထုတ်လုပ်တဲ့ optical encoder တခု

Encoder တွေမှာ glitch တွေ မဖြစ်အောင် ပုံမှန် binary code အစား Gray code ကို သုံးလေ့ပါတယ်။ Gray code မှာ ကပ်ရပ်နံပါတ် တစ်ခုနဲ့ တစ်ခု အကြား ပြောင်းလဲတဲ့ bit အရေအတွက်က တစ်ခု ထက် မပိုတဲ့အတွက် glitch တွေ ဖြစ်မယ့် ပြဿနာကနေ ကာကွယ်ပေးပါတယ်။ Gray code 0 ကနေ 3 အထိကို အောက်က ဇယားမှာ ပြထားပါတယ်။