Search This Blog

Sunday, September 20, 2015

Our Kids 1 : Communication with children

တစ်လောက NTU ရဲ့ Campus Recreation and Wellness (CReW) ကလုပ်ပေးတဲ့ Communication with Children ဆိုတဲ့ talk လေးကို သွားနားထောင်ဖြစ်တယ်။ ပြောတဲ့သူက Employee Wellbeing Centre က Staff Counsellor တစ်ယောက်ဖြစ်တဲ့ Ms. Janet Phang ပါ။ နေရာက Campus Clubhouse ရဲ့ Orchid Room မှာပါ။ စင်ကာပူ ဒေါ်လာ ၅ ဒေါ်လာပေးရပါတယ်။ သူတို့ စီစဉ်ထားတဲ့ Fusion spoon က အစားအသောက် Potato Salad, Teriyaki Chicken, Sweet & Sour Fish,Braised Tofu with Mushroom, Curry mixed vegetable, Fried Bee Hoon, Chocolate Éclair, Coffee, Tea, Fruit Punch တွေနဲ့ တင်ကို တော်တော်တန်နေပါပြီ။ ပြီးတော့ free gift ပေးတဲ့ အပူအအေးခံတဲ့ mug ခွက်လေးကလည်း တော်တော်ကောင်းပါတယ်။ အဲ.. ပြောသွားတဲ့ အကြောင်းအရာတွေလဲ တော်တော် သဘောကျပါတယ်။


Figure. Communication with children.


တချို့ဟာလေးတွေ မှတ်သားစရာလေးတွေ ပါတယ်။ နောက် '30 million word gap' ဆိုတာလည်း ပြောတယ်။ မိဘ က စကားများများ ပြောပေးတဲ့ ကလေးတွေက ပိုတော် ပို ဖွံ့ဖြိုး တယ်တဲ့။ ပြောတဲ့ အခါမှာလည်း အားပေး စကား များများ အပြောခံရတဲ့ ကလေးတွေက ပိုတော်တယ်တဲ့။ ဖတ်ဖို့ စာအုပ်လေး တအုပ်ညှန်းတယ်။ Adele Faber & Elaine Mazlish ရဲ့ 'How to Talk So Kids Will Listen & Listen So Kids Will Talk' တဲ့။ ဘယ်မှာဝယ်လို့ရလည်း မေးလိုက်တော့ Kinokuniya တို့ ဘာတို့မှာဝယ်လို့ ရတယ် ဆိုတာနဲ့ အွန်လိုင်းကနေ လှမ်းဝယ်ဖြစ်တယ်။ ပို့ခတော့ ပေးရတယ်။ ဒါပေမယ့် မိတ်ဆွေတစ်ယောက်ညွှန်းတာနဲ့ အခုနောက်ပိုင်းတော့ စာအုပ်တွေဝယ်တဲ့ အခါ Book Depository ကနေပဲလှမ်းမှာဖြစ်တော့တယ်။ စျေးပိုသက်သာပြီး၊ ပို့ခ မပေးရဘူး။ နဲနဲတော့ ပိုစောင့်ရတယ်။ နှစ်ပတ်လောက်ကြာတယ်။ Kinokuniya လို packing ကောင်းကောင်းနဲ့ အိမ်ကို လာပို့တာ မဟုတ်ဘူး ဂျပ်ပြားနဲ့ ထုပ်ထားပြီး စာတိုက်သေတ္တာထဲကိုပဲ ထည့်သွားတာ။









အိမ်မှာ ကလေးတွေနဲ့ ဆော့ဖြစ်တဲ့ ဟာလေးတွေကို သူတို့အမေက video ရိုက်ပေးထားတာ လေးတွေ ပြန် edit လုပ်၊ ပြန်ပေါင်းထားတာ လေး youtube ပေါ်အမှတ်တရ တင်ဖြစ်တယ်။

No comments:

Post a Comment