Search This Blog

Showing posts with label Laser. Show all posts
Showing posts with label Laser. Show all posts

Wednesday, September 3, 2014

Adjustable Voltage Regulator Using LM337

အောက်မှာ ပြထားတဲ့ laser diodes လေးတွေအတွက် adjustable voltage regulator လုပ်ဖို့ လိုလာပါတယ်။

Wednesday, December 19, 2012

Current Driver for Laser Diode

Laser Diode ကို မောင်းဖို့ current driver ဆားကစ် တစ်ခုကို လုပ်ကြည့်ထား ပါတယ်။ ပုံမှန်အားဖြင့် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း CE with RE ပုံစံ ကို LED အတွက် current source အနေနဲ့ သုံးရတာကို ကြိုက်ပါတယ်။ ဒီဆားကစ်မှာ Laser Components ကထုတ်တဲ့ laser diode ADL-65055TL ကိုသုံးထားပါတယ်။ သူ့ရဲ့ ပုံမှန် အလုပ်လုပ် တဲ့ operating current က 25mA၊ အမြင့်ဆုံး maximum current က 35mA နဲ့ ပုံမှန် အလုပ်လုပ်တဲ့ operating voltage က 2.2V ပါ။
12V ပါဝါ ဆပ်ပလိုင်း အတွက် ထရန်စစ်စတာရဲ့ VCE(saturation) ကို သုညလို့ အနီးစပ်ဆုံး ယူဆပြီး RE ရဲ့ တန်ဖိုးကို အောက်က အတိုင်း တွက်လို့ရပါတယ်။ $$R_E=\frac{Vcc-V_L}{I_{max}}=\frac{12-2.2}{35m}=280 \Omega $$ အဲဒီ CE configuration အတွက် ချဲ့ဆ အများကြီး မလိုတာနဲ့ bypass capacitor ကို မသုံးခဲ့ ပါဘူး။ ဒီ class A amplifier ရဲ့ အထွက် လျှပ်စီးcurrent ကို 23mA နဲ့ 29 mA ကြားမှာ ပြောင်းနေစေချင် တာနဲ့ ထရန်စစ်စတာ ၂ ရဲ့ ပုံမှန် quiescent emitter current ကို IE2=26mA (operating current ပတ်ဝန်းကျင်လောက်မှာ) လို့ သတ်မှတ်လိုက်ပါတယ်။ အဲဒါဆိုရင် emitter voltage က VE2=RE x Iop= 280 x 26m = 7.28V လို့ ရပါတယ်။ input impedance မြင့်ဖို့အတွက် CC amplifier ကိုရှေ့ကနေ တဆင့် ထပ်ခံလိုက်တဲ့ အခါ အောက်မှာ ပြထားတဲ့ ပုံအတိုင်း ဖြစ်သွားပါတယ်။
base-emitter junction voltage, VBE ကို 0.7V လို့ ယူလိုက်ရင် ထရန်စစ်စတာ ၁ ရဲ့ ပုံမှန် တည်ငြိမ် base voltage က VB1= 7.28+0.7+0.7=8.68V ဖြစ်သွားပါတယ်။ သေးငယ်လွန်းတဲ့ ဘေ့စ် လျှပ်စီးကို ထည့်မစဉ်းစား ပဲ R1 နဲ့ R2 ကို တွက်လိုက်ရင် $$ V_{B1}=Vcc \times \frac{R_2}{R_1+ R_2}$$ $$ \frac{R_1}{R_2}+ 1=\frac{12}{8.68V}$$ R2=2.6 R1 လို့ ထွက်လာပါတယ်။ R1 တန်ဖိုးကို 22k လို့ ကြုံရာ ယူလိုက်မယ်ဆိုရင် R2 က 57k လို့ရပါတယ်။ အဝင် ac input voltage ကတော့ (29-23)m x 280= 1.68V peak to peak လောက်ပေးရမှာ ဖြစ်ပါတယ်။ lab ထဲမှာ ရှိတဲ့ ဟာလေးတွေနဲ့ လုပ်ကြည့်ပြီး ရလာတဲ့ prototype လေးကို အောက်မှာ ပြထားပါတယ်။