Showing posts with label tools. Show all posts
Showing posts with label tools. Show all posts
Friday, March 4, 2011
Simple 6 DOF Translation and Rotation Stages
ပစ္စည်း တစ်ခု ကို 6 degrees of freedom (DOF) နဲ့ ထိန်းဖို့ လိုအပ်ချက် ပေါ်လာပါတယ်။ နေရာ ရွေ့ ဖို့ မော်တာနဲ့ မောင်းတဲ့ translation stage သုံးခု ရယ်၊ အနေအထား အတွက် မော်တာနဲ့ မောင်းတဲ့ rotary stage သုံးခု ကို သုံးပြီး ထိန်းမှာပါ။ သူ့ကို prismatic joint သုံးခု နဲ့ revolute joint သုံးခု ပါတဲ့ robot arm တစ်ခု အနေနဲ့ စဉ်းစားလို့ ရပေမယ့်၊ သာမန် ရိုးရှင်းတဲ့ ကိရိယာ တစ်ခု အတွက် မသင့်တော် တဲ့ ရှုပ်ထွေးတဲ့ kinematics တွက်ချက်မှု တွေ မပါအောင် တည်ဆောက်ချင် ပါတယ်။ နမူနာ တွက်ချက်မှု တစ်ခု ကို ဒီမှာ တွေ့ နိုင်ပါတယ်။ rotary stage တွေရဲ့ ဝင်ရိုးတွေ ကို အထိန်းခံ ပစ္စည်း မှာ ဖြတ်သွားအောင် စီစဉ် ထားမယ် ဆိုရင်တော့ ရိုးရှင်းတဲ့၊ ဒါရိုက် ထိန်းချုပ်လို့ ရတဲ့ ကိရိယာ တစ်ခုကို ရရှိနိုင်ပါတယ်။ ကျွန်တော် ဒီဇိုင်း လုပ်ကြည့်ထား တဲ့ ပုံတွေကို အောက်မှာတွေ့ နိုင်ပါတယ်။
Thursday, December 30, 2010
Inkscape
Inkscape က Illustrator တို့၊ CorelDraw တို့ လိုမျိုး vector graphic editor တစ်ခုပါ။ ပိုကောင်းတာ တစ်ခုကတော့ Inkscape က အလကား ရနိုင်တဲ့ free software ဖြစ်တာပါပဲ။ Open source software လည်း ဖြစ်ပါတယ်။
သူ့ကို http://inkscape.org/ မှာ ယူလို့ရပါတယ်။
သူ့ကို ကြိုက်တာ တစ်ခုကတော့ graphics တွေကို pdf format အနေနဲ့ save လုပ်လို့ရတာပါပဲ။ အဲဒါကြောင့် pdflatex သုံးပြီး pdf ဖိုင်တွေ ထုတ်တဲ့ အခါ image ဖိုင်တွေ သုံးတာနဲ့ စာရင် ပိုကောင်းတဲ့ graphic quality ကို ရနိုင်ပါတယ်။ သူတို့ဟာ Scalable Vector Graphics ဖြစ်တာမို့ magnify လုပ်ကြည့် ရင် တောင် bitmap image တွေလို ပြဿနာ မရှိပါဘူး။
အောက်မှာ နမူနာ အနေနဲ့ Inkscape ကို သုံးပြီး မြားခေါင်း ပါတဲ့ မျဉ်းကြောင်း တစ်ကြောင်း ဆွဲ ကြည့် ထားပါတယ်။ ၁။ Bezier Curves ကိုရွေးပါ။ မျဉ်းကြောင်းကို စဆွဲ ဖို့ ကလစ် နှိပ်ပြီး၊ မျဉ်းကြောင်း ကို အဆုံးသတ်ဖို့ double click နှိပ်ပါ။ (click တစ်ချက်ပဲ နှိပ်ပြီး enter key နှိပ်လည်း ရပါတယ်။) ၂။ Object menu မှာ ရှိတဲ့ Fill and Stroke... command ကိုနှိပ်ပါ။ (ဒါမှမဟုတ် ဘယ်ဘက်အောက်နားက Fill: သို့ Stroke: ကို နှိပ်လို့လည်း ရပါတယ်။) နောက် Stroke style tab ထဲက End Markers ကို arrow ပြောင်းပါ။ ၃။ မျဉ်းကြောင်း ရဲ့ အရောင် ကို Stroke paint tab ထဲမှာ ပြောင်းနိုင်ပါတယ်။ မြားခေါင်း ရဲ့ အရောင် ကို ပါ ပြောင်းဖို့ အတွက် Extensions->Modify Path->Color Markers to Match Stroke ကို နှိပ် နိုင် ပါတယ်။ သင်္ချာ သင်္ကေတ တွေ ထည့် ချင်ရင်တော့ ctrl+u ကို နှိပ်ပြီး ထည့်ချင်တဲ့ သင်္ကေတရဲ့ hexadecimal Unicode code point ကို ရိုက်ပြီး enter ကိုနှိပ်ပါ။
http://wiki.inkscape.org/wiki/index.php/FAQ
http://www.unicode.org/charts/PDF/U0370.pdf

Monday, July 12, 2010
Random Password Generator
ကျွန်တော့ computer user account အချို့က password ပြောင်းဖို့ ပုံမှန် နားပူနားဆာ လုပ်လေ့ ရှိပါတယ်။ ကျောင်းက အီးမေးလ် လို တစ်ချို့ ကောင်တွေဆို သုံးပြီးသား password history ကို ဆယ်ခုလောက် ထိ မှတ်ထား တတ်တော့ သုံးပြီးသား ကို ပြန်သုံးလို့ မရ ပါဘူး။
အဲဒီတော့ ကျွန်တော့မှာ password အသစ် တွေကို ထပ်ကာ ထပ်ကာ စဉ်းစား ရတဲ့ ဒုက္ခ ပိုလာ ပါတယ်။ နောက် တော့ Internet မှာ အလကား ရတဲ့ random password generator တွေကို သုံးပါတယ်။ အရင်နေ့ က တော့ စာဖတ်ရင်း ပျင်းလာတာနဲ့ random password generator တစ်ခုကို ကိုယ့် ဟာကိုယ် အပျော်သဘော နဲ့ ရေးကြည့်ထားပါတယ်။ အောက်က လင့်ခ် မှာကြည့်နိုင်ပါတယ်။
Source PHP file
Ref: http://en.wikipedia.org/wiki/Password_generator

Subscribe to:
Posts (Atom)