Search This Blog

Showing posts with label ပျော်ရွှင်မှု. Show all posts
Showing posts with label ပျော်ရွှင်မှု. Show all posts

Saturday, April 8, 2017

ပျော်ရွှင်မှုဆိုတာ

အိုင်ဖုန်းအသစ်ရတာပျော်စရာလား?
အိုင်ဖုန်း အသစ်ရတာကို ပျော်စရာ ဟုတ်မဟုတ် စဉ်းစားမိတော့ ပျော်စရာ ဆိုတာ ဘာလဲ၊ ပျော်စရာကို ဘယ်လိုသတ်မှတ်လဲ ဆိုတာကို ရှင်းရှင်းလင်းလင်းရှိဖို့ လိုပြန်ရော။ ပျော်တယ်ဆိုတာ ကောင်းကောင်းမွန်မွန် နေရတာ ဖြစ်နိုင်သလို၊ စိတ်ခံစားမှု တစ်ခုလည်း ဖြစ်နိုင်မယ်။ အဲ့နှစ်ခုက တစ်ထပ်ထည်း ကျချင်မှလည်းကျမယ်။ ကောင်းကောင်းမွန်မွန် နေနိုင်ပေမယ့် ရွှင်လန်းအားရမှု ရှိချင်မှ ရှိမယ်လေ။ သာယာမှုတွေပြည့်နေတဲ့ ဘဝကလည်း ကောင်းမွန်မွန်နေနိုင်တာ ဟုတ်ချင်မှဟုတ်မယ် မဟုတ်လား။

ပျော်ရတဲ့အကြောင်းများ
ပျော်ရတဲ့ အကြောင်းရင်းတွေက အနည်းဆုံး သုံးခုလောက်တော့ ရှိတယ်လို့ ဆိုကြတယ်။
* ဟိဒနဇင်(hedonism) ဆိုတဲ့ သာယာကြည်နူးဖွယ် တွေပြည့်နေတဲ့ အတွေ့အကြုံ၊
* ကိုယ့်ဘဝကိုယ် ရောင့်ရဲ ကျေနပ်တာ နဲ့
* ဖွံဖြိုးရရှိမှုဆိုင်ရာ ကျေနပ်အားရတာမျိုး တွေတဲ့။
Hedonistic နည်းကတော့ သာယာဖွယ် ခံစားမှု တွေနဲ့ ပျော်စရာရှာတာ။ ဘီစီ ၄၀၀ လောက်က အာရစ္စတစ်ပတ် (Aristippus) ဆိုတဲ့ လူကြီးနဲ့ သူ့မြေးတို့ ပြောခဲ့ကြဖူးတဲ့ အယူအဆပေါ့။