ပုံမှန် crystal oscillator တစ်ခု နဲ့ နမူနာ layout design တစ်ခုကို ပုံတွေမှာ ဖော်ပြထားပါတယ်။ Crystal ထုတ်လုပ်သူ တွေက crystal တစ်ခု အတွက် ရှိသင့်တဲ့ CL (load capacitance) ကို သူ့အတွက် datasheet မှာ ဖော်ပြထားလေ့ ရှိပါတယ်။ အဲဒီ တန်ဖိုးဟာ crystal ကမြင်ရမယ့် C1 ၊ C2 နဲ့ pin ၊ board ၊ PCB trace တို့ရဲ့ ရှိသမျှ စုစုပေါင်း capacitance ( Cstray ) တို့ကို တန်းဆက် (series ဆက်) ထားတဲ့ တန်ဖိုးပါ။ Cstray ရဲ့ ပုံမှန် တန်ဖိုးက 2 pF နဲ့ 7 pF ကြားမှာ ရှိတတ်ပါတယ်။ သူတို့ ရဲ့ ဆက်သွယ်မှု ကို အောက်ပါ ညီမျှခြင်း နဲ့ ဖော်ပြနိုင် ပါတယ်။
CL=(C1 * C2)/(C1 + C2) + Cstray
C1 နဲ့ C2 တို့ကို ရွေးချယ်တဲ့ အခါ ပုံမှန်အား ဖြင့် တန်ဖိုးတူ တာကို သုံးကြပါတယ်။ ဒါကြောင့်
C1 = C2=2 * (CL - Cstray)
ဖြစ်ပါတယ်။
ဥပမာ Cstray က 4 pF နဲ့ CL က 18 pF ဖြစ်မယ်ဆိုရင် C1 နဲ့ C2 က 28 pF ဖြစ်သင့်ပါတယ်။ ဒါဆို ဝယ်လို့ရမယ့် normalized တန်ဖိုး 30 pF ကို သုံးနိုင်ပါတယ်။
Showing posts with label Oscillator. Show all posts
Showing posts with label Oscillator. Show all posts
Thursday, March 3, 2011
Tuesday, May 25, 2010
Astable Multivibrator using Op-amp
မိတ်ဆွေ တစ်ယောက်က op-amp circuit တစ်ခုရဲ့ oscillation frequency ကို တွက်ထုတ်ဖို့ အကူ အညီ တောင်းလာ ပါတယ်။ တိုင်းကြည့်လို့ ရတဲ့ frequency က ၁၀၉ kHz ရှိတယ်လို့ ဆိုပါတယ်။ သူက ထွက်လာတဲ့ oscillation frequency နဲ့ သုံးထားတဲ့ passive component တွေရဲ့ ဆက်သွယ်မှု ကို တွက်ထုတ် ချင်တာ ပါ။ ဒီလို analog circuits တွေကို မတွေ့ ဖြစ်တာ တော်တော် ကြာနေ ပေမယ့် ကြည့်ပေးမယ် လို့ သဘောတူ လိုက်ပါတယ်။ ဒါနဲ့ သူက ဆားကစ် ပတ်လမ်း ပုံကို ဖုန်းနဲ့ ဓာတ်ပုံရိုက် ပြီး MMS နဲ့ ပို့ လိုက်ပါတယ်။
ကြည့် လိုက်တော့ သူ့ရဲ့ တည်ဆောက်ပုံ က ရိုးရှင်းပြီး တွေ့ နေကြ ပုံစံ မျိုး ဖြစ်နေတာနဲ့ frequency ကို တွက်ကြည့် ပြီး ဖုန်းနဲ့ ဓာတ်ပုံ ပြန်ရိုက်၊ အောက်က ပုံတွေကို သူဆီကို MMS နဲ့ ပြန် ပို့ လိုက်ပါတယ်။
ကြည့် လိုက်တော့ သူ့ရဲ့ တည်ဆောက်ပုံ က ရိုးရှင်းပြီး တွေ့ နေကြ ပုံစံ မျိုး ဖြစ်နေတာနဲ့ frequency ကို တွက်ကြည့် ပြီး ဖုန်းနဲ့ ဓာတ်ပုံ ပြန်ရိုက်၊ အောက်က ပုံတွေကို သူဆီကို MMS နဲ့ ပြန် ပို့ လိုက်ပါတယ်။
Subscribe to:
Posts (Atom)

