Search This Blog

Showing posts with label LaTeX. Show all posts
Showing posts with label LaTeX. Show all posts

Wednesday, February 22, 2017

မြန်မာဘာသာ အတွက် LaTeX Report ပုံစံ

XeLaTeX ကို အသုံးပြု၍ မြန်မာ ဘာသာဖြင့် report ရေးသားရန် နမူနာ ပုံစံ ( template) တစ်ခု ဖြစ်သည်။

https://github.com/yan9a/LaTeX_Myanmar_Language တွင် တွေ့နိုင်သည်။

မြန်မာဘာသာဖြင့် ရေးသား ထားသည် များကို အသုံးပြုရန် ယူနီကုဒ်ကို ထောက်ပံ့သော XeLaTeX ကို အသုံးပြုရန် လိုသည်။ XeLaTeX စမ်းသပ်ရန် ရိုးရှင်းသည့် နမူနာ များအား အရင် ပို့စ် အဟောင်း တခု ဖြစ်သော Myanmar (Burmese) Language with XeTeX and LuaTeX တွင် တွေ့နိုင်သည်။ မြန်မာ ဘာသာဖြင့် သုံးရန် လိုအပ်သည်မှာ burmese.sty ကို folder တစ်ခုထဲမှာ ထားပြီး report ၏အစတွင်
\usepackage{burmese}
ကို ထည့်လိုက်ရုံသာ ဖြစ်သည်။ နမူနာ အနေနှင့် အသုံးများသော LaTeX editor တစ်ခုဖြစ်သည့် TeXstudio ကိုသုံးမည်။ အသုံးပြုသည့် မြန်မာဖောင့်ကို ပြင်လိုပါက burmese.sty ဖိုင်တွင် ပြင်ရမည်။

Thursday, December 15, 2016

LaTeX Template for Thesis

Thesis အတွက် LaTeX နမူနာ ပုံစံ တစ်ခု ကို မျှဝေ ထားပါတယ်။
သူ့ကို https://github.com/yan9a/LaTeX_Template_Thesis မှာ ရယူနိုင်ပါတယ်။

Thursday, July 19, 2012

Myanmar (Burmese) Language with XeTeX and LuaTeX

LaTeX မှာ မြန်မာစာ ကို မှန်မှန်ကန်ကန် ပေါ်ဖို့ အတွက် ဆိုရင် ယူနီကုတ် ကို သုံးလို့ရတဲ့ ဇီးတက်ခ် (XeTeX) နဲ့ လူဝါတက်ခ် (LuaTeX) တို့ကို သုံးဖို့လိုပါတယ်။ မြန်မာစာ ပေါ်ဖို့ TeX Live တို့၊ MiKTeX တို့နဲ့ တစ်ခါတည်း ပါလာတဲ့ XeTeX နဲ့ LaTeX တွေဟာ နောက်ဆုံးပေါ် ဗားရှင်းတွေ ဖြစ်ဖို့ လိုကောင်း လိုပါလိမ့်မယ်။ အယ်ဒီတာ ဆော့ဖ်ဝဲ တွေဖြစ်တဲ့ TeXmaker တို့၊ TeXstudio တို့ မှာ TeX ဖိုင်တွေကို အလွယ်တကူ သုံးရလွယ်အောင် user command တွေ သတ်မှတ် လို့ရပါတယ်။ TeXstudio မှာ ဆိုရင် အဲဒီလို သတ်မှတ်ဖို့ အတွက် Options menu ကို သွားပြီး Configure TeXstudio... ကို နှိပ်ပါ။ နောက် Commands ကို နှိပ်ပြီး PdfLaTeX အတွက် သုံးထားတဲ့ command ကို ကော်ပီ ကူးယူပါ။
အဲဒီနောက် User menu ကိုပြန်သွားပြီး User Commands -> Edit User Commands ကို နှိပ်ပြီး အစိမ်းရောင် အပေါင်း လက္ခဏာ သင်္ကေတ ကို နှိပ်ပါ။ ပြီးရင် ခုနက ကော်ပီကူးထားတဲ့ command ကို Paste လုပ်ပြီး XeTeX ကို သုံးဖို့ pdflatex ဆိုတဲ့ နေရာမှာ xelatex နဲ့ အစားထိုးပါ။ LuaTeX ကိုသုံးဖို့ အတွက်လည်း ခုနက နည်းအတိုင်း ထပ်လုပ်ပြီး lualatex နဲ့ အစားထိုးပါ။
အောက်က နမူနာ (Z1.tex) က xelatex နဲ့ရော lualatex နဲ့ပါ အလုပ်လုပ် ပါတယ်။
\documentclass{article}
\usepackage{fontspec}
\setmainfont{Zawgyi-One}
\begin{document}
ျမန္မာစာ
\end{document}
နောက်ထပ် lua script တွေ သုံးထားတဲ့ lualatex နမူနာ က luaZ1.tex ပါ။ LuaTeX ကို Zawgyi-One ၊ Padauk ၊ Myanmar3 ၊ Myanmar MN အစရှိတဲ့ ဖောင့်တွေနဲ့ စမ်းကြည့်တဲ့ အခါ Zawgyi-One တစ်ခုပဲ လက်ရှိ ဗားရှင်း (LuaTeX, Version beta-0.70.1-2011082320) မှာ လုပ်တာကို တွေ့ပါတယ်။
XeTeX ကတော့ Zawgyi-One နဲ့ Padauk ကို ပလက်ဖောင်း အားလုံးမှာ ပေါ်အောင် လုပ်နိုင်ပြီး၊ Myanmar MN ကိုလည်း Mac OS X မှာ ပေါ်အောင် လုပ်နိုင်ပါတယ်။ ဇော်ဂျီ အတွက် ဘာမှ ပြဿနာ မရှိပေမယ့် Unicode ဖောင့်တွေဖြစ်တဲ့ Padauk အစရှိတဲ့ ဖောင့်တွေမှာတော့ renderer ကို သတ်မှတ် ပေးဖို့လိုပါတယ်။ အောက်က နမူနာမှာတော့ Renderer=Graphite ဆိုပြီး Graphite ကို renderer အနေနဲ့ သတ်မှတ်ပေးလိုက် ပါတယ်။ Myanmar MN ဖောင့် အတွက် ဆိုရင်တော့ Renderer=AAT လို့ သုံးနိုင်ပါတယ်။ နမူနာ အနေနဲ့ အောက်မှာ ပြထားတဲ့ XeFontspec.tex ကို ကြည့်နိုင်ပါတယ်။
\fontspec[Renderer=Graphite]{Padauk} အစား renderer ကို သတ်မှတ်နိုင်တဲ့ တခြားနည်း ကတော့ \font\1="Padauk/GR" \1 ပါ။ အဲဒီမှာ /GR က Graphite font renderer အတွက် ဖြစ်ပြီး၊ /AAT က ATSUI renderer (Mac OS X အတွက်သာ) အတွက် နဲ့၊ /ICU ကို သုံးရင် ICU OpenType renderer အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို renderer သတ်မှတ်တာ က ကျွန်တော့် Windows XP နဲ့ Ubuntu Linux မှာ ရှိတဲ့ xelatex ဗားရှင်းတွေ အတွက် အလုပ် မလုပ်ဘူး ဖြစ်နေ ပါတယ်။ ကံကောင်းချင်တော့ Calmhill ရဲ့ ဘလော့ဂ် မှာ Padauk ကို ပေါ်အောင် \fontspec[Script=Myanmar]{Padauk} ကို သုံးထားတဲ့ နည်းကို တွေ့ပါတယ်။ နမူနာက XePadauk.tex ပါ။
Myanmar MN အတွက် နမူနာက XeMyanmarMN.tex ပါ။ Myanmar3 ကိုစမ်းကြည့်တာတော့ လောလောဆယ် ပလက်ဖောင်း အားလုံးမှာ မရသေး ပါဘူး။

Updated post: မြန်မာဘာသာ အတွက် LaTeX Report ပုံစံ

Friday, June 8, 2012

LaTeX Bibliography with TeXstudio

TeXstudio (အရင်နာမည် TexMakerX ၊ http://texstudio.sourceforge.net/) က LaTeX နဲ့စာရေးဖို့အတွက် ဆော့ဖ်ဝဲ အယ်ဒီတာ တစ်ခုပါ။ ပုံမှန်အားဖြင့် တော့ ပေပါ တစ်စောင် ယူလိုက်ပြီဆို သူ့အတွက် citation ကိုလဲ အဲဒီမှာပဲ BibTeX style နဲ့ အလွယ်တစ်ကူ ယူလို့ရပါတယ်။ ပြီးရင် အဲဒီရလာတဲ့ BibTeX entry ကို BibTeX database ဖိုင်တစ်ခု ဖန်တီးပြီး သိမ်းထားလို့ရပါတယ်။ BibTeX database ဖိုင်ရဲ့ extension က .bib ပါ။ TeXstudio မှာ ကိုယ့်ဟာကို BibTeX entry တစ်ခုဖန်တီးမယ် ဆိုရင်လဲ လွယ်ပါတယ်။ ဥပမာ Ref1.bib ဆိုပြီး BibTeX database ဖိုင်တစ်ခုကို ဖန်တီးပြီး menu က bibliography ကို ကလစ်နှိပ်ပါ။ နောက် ကိုယ့် ပေပါရဲ့ အမျိုးအစားကို နှိပ်လိုက်ရင် required fields တွေရော၊ optional fields တွေရော အကုန်ထည့်ပေးသွားမှာပါ။ အကယ်၍ optional fields တွေကို ဖယ်ချင်ရင်တော့ clean command ကိုနှိပ်ပြီး ရှင်းလို့ရပါတယ်။ အဲဒီထက်ပို လွယ်တာက တော့ BibTeX insert dialog ... ကို နှိပ်ပြီး ထည့််တာပါ။



New BibTeX entry ဆိုတဲ့ dialog လေးပေါ်လာရင် ကိုယ်လိုတာကို ရွေးထည့်ပြီး OK နှိပ်လိုက်ရုံပါပဲ။ စာရေးသူတွေ ရဲ့ နာမည် ကို ဖြည့်တဲ့ အခါ နာမည် တွေကြားမှာ and ဆိုတဲ့ စာလုံးနဲ့ ခြားပေးရပါမယ်။ အဲဒီ database ဖိုင်ကို ဖန်တီးပြီးရင် သူ့ကို ယူသုံးမယ့် TeX ဖိုင် တစ်ခုကို ဖန်တီးပါမယ်။ ဥပမာ TestBibTex.tex ဆိုပါတော့။ အဲဒီမှာ Ref1.bib ကို \bibliography{Ref1} ဆိုပြီး အောက်ကပုံအတိုင်း သုံးလို့ရပါတယ်။ ဒီနမူနာမှာတော့ အသုံးများတဲ့ ieeetr ဆိုတဲ့ စတိုင်ကို သုံးထားတဲ့ အတွက် အကိုးအကားတွေဟာ သူတို့ကို ကိုးကားထားတဲ့ အစဉ်အတိုင်း နံပါတ်တပ်၊ အစဉ်အတိုင်း ပေါ်လာမှာပါ။





ပုံမှန်အားဖြင့်တော့ မှန်ကန်တဲ့ output ဖိုင်တစ်ဖိုင် ထွက်လာအောင် LaTeX ကို အကြိမ်ကြိမ် run ပေးရပါတယ်။ (LaTeX ကို run ဖို့ MiKTeX ဒါမှမဟုတ် TeX Live ဆော့ဖ်ဝဲ တစ်ခုခုကို ကွန်ပျူတာထဲမှာ ထည့်ပြီးသား ရှိရပါမယ်။) ဥပမာ pdflatex ကိုသုံးပြီး run မယ်ဆိုရင်
အဆင့် ၁။ pdflatex
အဆင့် ၂။ bibtex
အဆင့် ၃။ pdflatex
အဆင့် ၄။ pdflatex
ဆိုပြီး လေးခါ run မှ ရပါတယ်။ TeXstudio မှာတော့ အဆင်ပြေတာ တစ်ခုက Quick Build လုပ်ဖို့ 'F1' တစ်ခါနှိပ် လိုက်ရုံနဲ့ နောက်ဆုံး မှန်ကန်တဲ့ output ဖိုင် ထွက်လာတဲ့ အထိ သူ့ဟာသူ လုပ်သွားတာပါ။ အကယ်၍ စာရေးသူ-ခုနှစ် ဆိုတဲ့ ပုံစံ အကိုးအကား ကို လိုချင်ရင်တော့ \usepackage{natbib} ကို အောက်မှာ ပြထားတဲ့ အတိုင်း အလွယ်တစ်ကူ သုံးနိုင်ပါတယ်။



နမူနာ ပြထားတဲ့ ဖိုင်တွေကို အောက်က လင့်ခ် တွေမှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။
TestBibTex.tex
TestNatbib.tex
Ref1.bib
အကိုးအကား တွေကို စီမံဖို့ တော့ ဆော့ဖ်ဝဲသုံးတာ ပိုအဆင်ပြေပြီး JabRef Reference Manager ကို သဘောကျပါတယ်။
အကိုးအကား။ http://en.wikibooks.org/wiki/LaTeX/Bibliography_Management