Search This Blog

Showing posts with label Bali. Show all posts
Showing posts with label Bali. Show all posts

Monday, February 16, 2015

A Visit to Bali

ဘာလီ ဆိုတဲ့ နေရာ ကို အစက ငပလီတို့လို ပင်လယ်ကမ်းခြေပဲထင် နေတာ၊ နောက်မှ တကယ်သွားလည်မှ ကမ်းခြေတင် မကဘဲ မြန်မာပြည်က ပုဂံလိုမျိုး ရှေးဟောင်း အမွေအနှစ် ဘုရားကျောင်းတွေ၊ ငေးမောဖွယ်ရာ အနုပညာလက်ရာတွေ၊ အက စတဲ့ ကြာရှည်မြင့်မားတဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ တိမ်တွေကြားက မီးတောင်တွေ၊ စိမ်းလန်းလှပတဲ့ ရှုခင်းတွေ နဲ့ ဘာလီ ပါလား ဆိုတာ တွေ့မြင် ခဲ့ရတယ်။ ငယ်ငယ်တုန်း ကတည်းက ကြားဖူးခဲ့တဲ့ ဖြူသီရဲ့ ပိုလာဘာလီ ဆိုတဲ့ သီချင်းကြောင့်လည်း ဘာလီဆိုတဲ့ နေရာကို စိတ်မှန်းနဲ့ ရင်းနှီးခဲ့၊ ပိုသွားချင်ခဲ့တာပါ။ အဲဒီက လူတွေက ဖော်ရွေ ကြတာများ ပါတယ်။ အစားအသောက် တွေကို တော့ ထိုင်းတို့၊ မလေးတို့လောက် သိပ်မကြိုက်လှ သလို၊ စျေးကလည်း သိပ်မသက်သာလှ ပါဘူး။ သွားရေးလာရေး ကတော့ ကားစင်းလုံးငှားရတာ သက်သာသလို လွယ်ကူ အဆင်ပြေလှ ပါတယ်။