Search This Blog

Showing posts with label X DevAPI. Show all posts
Showing posts with label X DevAPI. Show all posts

Wednesday, August 1, 2018

Using MySQL Database with C++ on Various Platforms Including ARM Single Board Computers

Database server တွေကို ဆက်သွယ် အသုံးပြု တဲ့ C++ application တွေ ရေးသား တဲ့ အကြောင်း ဆွေးနွေး ပါမယ်။ MySQL (မိုင် အက်စ် ကျူ အယ်) က Oracle ရဲ့ open source ဖြစ်တဲ့ database management system တစ်ခု ဖြစ် ပါတယ်။ သူက free ရနိုင်ပြီး၊ robust ဖြစ်ရုံ မက ပဲ platforms တော်တော် များများ ပေါ်မှာ အလုပ်လုပ် ပါတယ်။ Odroid လို 32 bit armv7 achitecture SBC လေးတွေ ပေါ်မှာ တောင် source ကနေ build လုပ်ပြီး run နိုင်ပြီး၊ functionality တွေ စုံသလို၊ user interface မျိုးစုံ ရှိတာ မို့ နမူနာ အနေနဲ့ MySQL database serser ကို ဆက်သွယ် အသုံးပြု ပါမယ်။

MySQL server ကို traditional အတိုင်း relational database ပုံစံ နဲ့ သုံးလို့ ရသလို၊ schema ကို အသေ သတ်မှတ် စရာ မလိုတဲ့၊ NoSQL လို့လည်း ခေါ်ကြတဲ့ document store အနေနဲ့ လည်း သုံးလို့ ရပါတယ်။ Relational database မှာ သိမ်းမယ့် table ရဲ့ column အားလုံး ကြိုသိ ပြီး schema ကြိုသတ်မှတ် ဖို့ လိုပေမယ့်၊ document store ကတော့ schema flexible ဖြစ်ပြီး JSON object နဲ့ ကိုယ်စားပြု ဖော်ပြ ပါတယ်။ ဒီ နေရာမှာ relational model ရဲ့ power နဲ့ document store ရဲ့ flexibility ကို ပေါင်းစပ် အသုံးပြု လို့ ရအောင် X DevAPI ကို သုံးပြီး application တွေ ပြုလုပ် တဲ့ အကြောင်း ဆွေးနွေး ပါမယ်။