Search This Blog

Showing posts with label PCB. Show all posts
Showing posts with label PCB. Show all posts

Thursday, August 3, 2017

KiCad အားစတင်အသုံးပြုခြင်း

KiCad ဆိုတဲ့ free software လေးက PCB ဆားကစ်ဘုတ်တွေ ဒီဇိုင်း လုပ်ဖို့ တော်တော် အဆင်ပြေတယ်။ အလကားပေးထားတာရယ်၊ ကန့်သတ်မှုတွေ မရှိပဲ စိတ်ကြိုက်သုံးနိုင်တာတွေရယ်ကိုတော်တော်သဘောကျမိတယ်။ စီးပွားဖြစ် အမြောက်အများထုတ်ရင် အသုံးဝင်တဲ့ BoM ၊ Gerber ဖိုင် လိုမျိုးတွေထုတ်ဖို့၊ ဒီဇိုင်းကို 3D မြင်ကွင်းနဲ့ ကြည့်ဖို့ တွေအတွက်ပါ ကိရိယာတွေပါတယ်။ Olimex တို့လို နာမည်ကြီး development ဆားကစ်ဘုတ် ပစ္စည်းကိရိယာ တွေလုပ်ရောင်းတဲ့ ကုမ္ပဏီတွေတောင် အခုနောက်ပိုင်း KiCad ကို ပြောင်းသုံးတယ်ဆိုပါတယ် [KiCad on Wikipedia]



ကျွန်တော် ကိုယ်တိုင်လည်း ဆားကစ်ဘုတ် တချို့လုပ်ပြီး သုံးကြည့်တာ အားလုံး အဆင်ပြေတာ တွေ့ရတယ်။ ဒါနဲ့ ကိုယ်တိုင်သုံးကြည့်လို့ ရတဲ့ အတွေ့အကြုံ၊ နည်းလမ်းလေးတွေကို စုပြီး မှတ်ထားချင်တာနဲ့ ၊ သူ့ရဲ့ Getting Started guide နဲ့ပေါင်းစပ်ပြီး၊ ကောင်းမယ်ထင်တဲ့ နမူနာလေးတွေနဲ့ မြန်မာလို KiCad သုံးနည်းစာအုပ်လေး ရေးဖြစ်တယ်။ စိတ်ဝင်စားရင် အောက်ကလင့်ခ်မှာ ယူပြီး ဖတ်ကြည့်ပါဦး။

https://yan9a.github.io/KiCad/kicadmm.pdf