Search This Blog

Showing posts with label Centroid of Myanmar. Show all posts
Showing posts with label Centroid of Myanmar. Show all posts

Friday, March 31, 2017

မြန်မာနိုင်ငံ၏ဗဟို

မြန်မာနိုင်ငံ ရဲ့ အလယ်ဗဟို ဆိုပြီး ဖေ့ဘုတ်ပေါ် တွေ့မိတာ တခါကို တစ်မျိုး ဖြစ်နေလား ထင်မိတယ်။ ဒါနဲ့ ဂူဂယ်တို့၊ ဝီကီ တို့မှာ ရှာကြည့်တော့လည်း အဲ့ဒီ ဒေတာ ကို မတွေ့ဘူး ဖြစ်နေတယ်။ အဲ့ဒီတော့ စပ်စပ်စုစု ကိုယ့်ဟာကိုယ်ပဲ တွက်ကြည့်လိုက်တာ မြန်မာပြည် မြေပုံရဲ့ အလယ်ဗဟို (Geometric mean သို့ centroid) က လတ္တီကျု ၂၀.၈၆ ဒီဂရီ နဲ့ လောင်ဂျီကျု ၉၆.၄၈ ဒီဂရီ ဆိုပြီး ထွက်လာတယ်။ ဂူဂယ် မြေပုံမှာ ပြန်ကြည့်တော့ မန္တလေးတိုင်းထဲမှာ၊ ပင်းတယ နဲ့နီးတာကို တွေ့ရတယ်။ ဖေ့ဘုတ်မှာ တွေ့မိတာနဲ့ မတူဘူး။ တွက်တာက တော့ ဂူဂယ်မြေပုံမှာ စကရင်ရှော့ရိုက်၊ GIMP နဲ့ အဖြူအမည်း ပြောင်းပြီး၊ opencv နဲ့ centroid ရှာလိုက်တာပါပဲ။ ဂူဂယ်မြေပုံက Mercator projection သုံးထားတာမို့ အဲဒီအတွက်ပါ ထည့်တွက်ထားတယ်။

Source code: https://github.com/yan9a/Myanmar_Centroid

အသေးစိတ် ရှင်းလင်းချက်။ ။ဤစာအုပ် အခန်း ၅၊ အပိုင်း ၄



ရှေး အရင်တုန်းက မြေပုံရဲ့ ဗဟိုက ကူမဲမြို့ အရှေ့ဖက် မှိုင်းမော်ဆိုတဲ့ ရွာမှာလို့ကြားတယ်။ ဒီအောက်က ဟာကတော့ ဖေ့ဘုတ်မှာတွေ့မိတဲ့ဟာပါ။ အခုမြေပုံနဲ့ တွက်လို့ရတဲ့ အဖြေနဲ့တော့ မတူဘူး။