Search This Blog

Showing posts with label wxWidgets. Show all posts
Showing posts with label wxWidgets. Show all posts

Thursday, January 30, 2020

Multithreading with wxWidgets

C++ program တွေမှာ wxWidgets ကို သုံးပြီး multithreading လုပ်ဆောင်မှု တွေ ပြုလုပ် တဲ့အကြောင်း ဆွေးနွေး ပါမယ်။ ဆွေးနွေးမယ့် နမူနာ ပုံစံ အမျိုးမျိုး က
တို့ ဖြစ်ပါတယ်။

အခြေခံ multithreading နမူနာ နဲ့ သူ့ကို run လိုက်လို့ ရလာတဲ့ ရလဒ် ကို အောက်က link နဲ့ ပုံမှာ ပြထားပါတယ်။

https://github.com/yan9a/wxwidgets/blob/master/thread/thread1/thread1.cpp




Figure 1. thread1.cpp


Simple Multithreading Example

ရိုးရှင်း တဲ့ multithreading နမူနာ အနေနဲ့

https://github.com/yan9a/wxwidgets/blob/master/thread/th-simple/th-simple.cpp

ဆိုတဲ့ ပရိုဂရမ် လေးကို ဆွေးနွေး ပါမယ်။ ပရိုဂရမ် မှာ start ၊ stop ၊ pause နဲ့ resume ဆိုတဲ့ button လေးခု ကို အရင် ထည့် ပါမယ်။ Start button က thread အသစ် တစ်ခု ကို ဖန်တီး ပြီး၊ စတင် ဖို့ပါ။ Stop က နောက်ဆုံး ဖန်တီး လိုက်တဲ့ thread ကို ရှာပြီး ဖျက်ပေး ပါလိမ့်မယ်။ Pause က နောက်ဆုံး စတင် တဲ့ thread ကို ရှာပြီး ခေတ္တရပ် (pause) လုပ်ပေး ပါတယ်။ Resume က အရင်ဆုံး paused လုပ်ခဲ့ တဲ့ thread ကို ရှာပြီး၊ ပြန် run ပေးဖို့ ပါ။

Friday, October 5, 2018

Using MS SQL Server from C++ with wxWidgets

MS SQL server ကို ODBC API နဲ့ C++ ပရိုဂရမ် ရေးပြီး ဆက်သွယ် အသုံးပြု တဲ့ အကြောင်း ဆွေးနွေး ပါမယ် [Eas18]။ အဲဒီနောက် Class module တစ်ခု ဖန်တီးပြီး wxWidgets GUI application တွေမှာ SQL server တွေကို သုံးတဲ့ နမူနာ တစ်ခုကို ဆက်လက် ဖော်ပြ ပါမယ်။ Unix နဲ့ Linux စက်တွေ အတွက်တော့ အောက်က လင့်ခ်

Using Microsoft SQL Server from Linux Machines with ODBC & FreeTDS
(http://coolemerald.blogspot.com/2018/10/using-microsoft-sql-server-from-linux.html)


မှာ ဖော်ပြ ထားတဲ့ အတိုင်း FreeTDS နဲ့ ODBC ကို တပ်ဆင် ထားဖို့ လို ပါတယ်။

Thursday, October 4, 2018

MySQL Connector C++ 8.0 with wxWidgets

MySQL Connector C++ 8.0 ကို wxWidgets နဲ့ တွဲသုံး တဲ့ နမူနာ တစ်ခု ကို ဖော်ပြ ချင် ပါတယ်။ wxWidgets ထည့်သွင်း အသုံးပြုပုံ နဲ့ MySQL server, MySQL Connector C++ 8.0 တို့ တပ်ဆင် အသုံးပြု ပုံ အသေး စိတ်တွေ ကို အောက်က လင့်ခ် တွေမှာ ဖော်ပြ ထားတဲ့ အရင်ပို့စ် တွေ မှာ တွေ့နိုင် ပါတယ်။

ceMySQL.h Cross-platform C++ programming with wxWidgets

Using MySQL Database with C++ on Various Platforms Including ARM Single Board Computers

အဲဒီ အတွက် ဆက်သွယ် အသုံးပြု မယ့် MySQL server မှာ mytest ဆိုတဲ့ database နဲ့၊ အထဲမှာ mytable ဆိုတဲ့ table ကို Figure 1 မှာ ပြထား တဲ့ အတိုင်း MySQL Workbench နဲ့ ဖန်တီး ထားလိုက် ပါမယ်။


Figure 1. Creating a database 'mytest' and a table 'mytable' using MySQL Workbench.


Monday, January 22, 2018

UDP/TCP Socket Programming with wxWidgets

  1. နိဒါန်း
  2. UDP
  3. TCP
  4. အကိုးအကားများ

နိဒါန်း

wxWidgets နဲ့ UDP ၊ TCP တို့ကို သုံးပြီး network ပေါ်မှာ ဒေတာ အပြန် အလှန် ပေးပို့ ဆက်သွယ် တဲ့ အကြောင်း ဆွေးနွေး ချင် ပါတယ်။ အဲဒီ အတွက် wxWidgets ကို တပ်ဆင် ထားဖို့ လိုပါ တယ်။ သူ့ကို platform အမျိုးမျိုး အတွက် တပ်ဆင်တဲ့ အကြောင်း တွေကို အောက်က လင့်ခ် မှာ ဖတ်နိုင် ပါတယ်။
အင်တာနက် စတဲ့ network တွေ ပေါ်မှာ TCP ဒါမှမဟုတ် UDP တွေသုံးပြီး စက်တစ်ခု နဲ့ တစ်ခု ဒေတာ တွေ အပြန်အလှန် ပို့ဖို့ အတွက် socket တွေကို အသုံးပြု နိုင် ပါတယ်။ ခေတ်ပေါ် operating system တွေ အားလုံးက socket layer ကို အထောက် အပံ့ ပေးကြ ပေမယ့် platform ပေါ်မူ တည်ပြီး socket ကို အသုံး ပြုရတဲ့ ပုံစံ တွေက အမျိုးမျိုး ကွဲပြား နိုင်ပါတယ်။ wxWidgets မှာ အောက်ခံ platform အတွက် ပူစရာ မလိုပဲ အလွယ် တကူ အသုံးပြုနိုင်တဲ့ socket class ပါ ပါတယ်။ အဲဒီ class ကို မတူညီတဲ့ ပုံစံ နည်းလမ်း အမျိုးမျိုး နဲ့ အသုံးပြုနိုင်ပြီး၊ အသုံးပြုပုံ နမူနာ တချို့ကို အောက်မှာ ဆက်ပြီး ဖော်ပြထား ပါတယ်။


Thursday, November 23, 2017

OpenCV with wxWidgets

  1. နိဒါန်း
  2. Linux
  3. Windows
  4. အကိုးအကားများ

နိဒါန်း

OpenCV ကို wxWidgets နဲ့ တွဲသုံး တဲ့ အကြောင်း ဆွေးနွေး ချင် ပါတယ်။ အဲဒီ အတွက် OpenCV နဲ့ wxWidgets တို့ကို တပ်ဆင် ထားဖို့ လိုပါ တယ်။ သူတို့ ကို platform အမျိုးမျိုး အတွက် တပ်ဆင်တဲ့ အကြောင်း တွေကို အောက်က လင့်ခ် တွေမှာ ဖတ်နိုင် ပါတယ်။

Linux

Linux နဲ့ terminal ပေါ်မှာ command ရိုက်ထည့် ပြီး build လုပ်တာ လွယ်ကူ ရိုးရှင်း ပါတယ်။ နမူနာ အနေနဲ့ wxcvsimple.cpp (online) ဆိုတဲ့ ရိုးရှင်း တဲ့ ပရိုဂရမ် လေး တစ်ခု ရေးကြည့် ပါမယ်။ ပရိုဂရမ် အစမှာ Application ရဲ့ OnInit() ဆိုတဲ့ method ထဲမှာ
wxInitAllImageHandlers();
ဆိုတာကို ထည့်ပါမယ်။ အဲဒီနောက် MyFrame ဆိုတဲ့ wxFrame ရဲ့ derived class ထဲမှာ ပုံရိပ် တွေကို ဖော်ပြဖို့ wxStaticBitmap variable တွေကို ကြေငြာ လိုက် ပါမယ်။ MyFrame ရဲ့ constructor မှာ wxStaticBitmap တွေကို ဖန်တီးဖို့ အောက်က ကုဒ် ကို သုံးနိုင် ပါတယ်။

Friday, October 27, 2017

Cross-platform C++ programming with wxWidgets

  1. နိဒါန်း
  2. Windows တွင်တပ်ဆင်ခြင်း
  3. Linux တွင်တပ်ဆင်ခြင်း
  4. Mac တွင်တပ်ဆင်ခြင်း
  5. အကိုးအကားများ

နိဒါန်း

wxWidgets က Windows ၊ Linux နဲ့ Mac OSX အစ​ ရှိ​တဲ့ ပ​လက်​ဖောင်း အမျိုး​မျိုး ပေါ်​မှာ GUI applications တွေ ရေး​ဖို့ အတွက် C++ library ပါ။ သူ​နဲ့ GUI code တွေ ရေး​ပြီး​ ရင် ပ​လက်​ဖောင်း အမျိုး​မျိုး ပေါ်​မှာ ကုဒ် ကို သိပ်​ပြင်​ စရာ မ​လို​ပဲ တန်း​ပြီး compile လုပ်၊ run လုပ်​လို့​ ရ​ပါ​တယ်။

wxWidgets ​က free လည်း​ပေး open source လည်း ​ဖြစ် တဲ့ software ပါ။ ကိုယ်​ပိုင် ဆော့​ဝဲ တွေ​ ထုတ်​မယ်​ ဆို​ရင် လည်း ဘာ​မှ ကန့်​သတ်​ချက်​ တွေ မ​ရှိ​ ပါ​ဘူး [wxW98]။ အဲဒါက Qt နဲ့ အဓိက ကွာခြားချက် ပါ။ Qt က LGPLv3 လိုင်စင် ကို free ပေးထားပြီး၊ ကိုယ်ပိုင် စီးပွားရေး အတွက် သုံးမယ် ဆိုရင် ကန့်သတ်ချက် တချို့ ရှိတာကြောင့် လိုင်စင် ဝယ်ဖို့ လိုကောင်း လိုနိုင် ပါတယ် [Qt17]။

Native platform ကို တတ်နိုင် သလောက် သုံးထား တာမို့ wxWidgets သုံးလို့ ရလာတဲ့ GUI တွေဟာ သုံးတဲ့ platform နဲ့ လိုက်ဖက်ပြီး ပင်ကို အမြင် အတိုင်း တသားထဲ ကျ တာကို ခံစား ရမှာပါ [wxW12]။ Standard C++ ကိုပဲ သုံးထားပြီး Qt တို့လို အထူး extension တွေ မသုံးထား တဲ့ အတွက် ရှုပ်ထွေးမှု နည်းတာ ကလည်း ကောင်းတဲ့ အချက် တစ်ခုပါ။

wxWidgets နဲ့ ရလာတဲ့ binary application တွေဟာ သေးငယ် ပေါ့ပါး တာမို့ embedded system တွေအတွက် အထူး သင့်တော် ပါတယ်။ နောက်တစ်ခါ library အရွယ်အစား တွေ ယှဉ်ရင်လည်း ဥပမာ အနေနဲ့ Qt library ကို တပ်ဆင်ရင် \(\approx 200\) MB လောက် အရွယ် ရှိပေမယ့် wxWidgets library က \(\approx 30\) MB လောက်ပဲ ယူပါတယ်။

wxWidgets က C++ အတွက် သာ မကပဲ python, perl, php, java, lua, lisp, erlang, eiffel, C# (.NET), BASIC, ruby နဲ့ javascript အတွက် တောင်မှ bindings [wxW15a] တွေ ရှိပါတယ်။ wxWidgets က တော်တော် ပြည့်စုံ ရင့်ကျက် တဲ့ GUI toolkits ဖြစ်ပြီး၊ utility classes လည်း အများကြီး ရှိတာမို့ ကောင်းမွန် သင့်တော် တဲ့ GUI toolkits အနေနဲ့ ညွှန်းဆို ချင်ပါတယ်။

wxWidgets ကို အသုံးပြုတဲ့ သူတွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပြီး အဲဒီ အထဲမှာ လူသိများ တာတွေက NASA, AMD, Xerox, နဲ့ Open Source Applications Foundation (OSAF) တို့ ဖြစ်ပါတယ်။ ထင်ရှားတဲ့ wxWidgets applications တွေက AVG AntiVirus, Audacity, Filezilla, Code::Blocks, CodeLite တို့ ဖြစ်ပါတယ်။

Wednesday, May 31, 2017

Programming serial port in C++ with wxWidgets for Windows and Linux

Seriar Port ကိုအသုံးပြုနိုင်တဲ့၊ ကျနော်ဖန်တီးထားတဲ့ C++ class library လေးတစ်ခု အကြောင်း ပြောချင်ပါတယ်။ သူက cross-platform ဖြစ်ပြီး Windows ရော၊ Linux မှာပါ သုံးနိုင်ပါတယ်။ နမူနာ အနေနဲ့ ရိုးရှင်းတဲ့ C++ console program လေးတစ်ခုကို ဖော်ပြထားပြီး၊ GUI application အနေနဲ့ wxWidgets ကိုသုံးထားတဲ့ program ကိုပါ ဖော်ပြထားပါတယ်။ သူတို့ရဲ့ source code တွေကို အောက်က လင့်ခ် မှာ တွေ့နိုင်ပါတယ်။

https://github.com/yan9a/serial


Figure. A wxWidgets GUI application using 'Serial' class with Visual Studio 2017