Search This Blog

Monday, August 31, 2015

A Workshop about Brain Enhancement Techniques

တနေ့က NTU Healthy Lifestyle ကလုပ်တဲ့ Brain Enhancement Techniques Workshop ဆိုတာ သွားနားထောင် လိုက်သေးတယ်။ နေ့လည် ထမင်းစားချိန်မှာ ပေါ့ပေါ့ပါးပါး ခဏလေး လုပ်တဲ့ workshop လေးဆိုတော့ ဘာမှ ထွေထွေထူးထူး မရှိလှပါဘူး။ ပိုက်ဆံလည်း မပေးရပါဘူး။ လာနားထောင်တဲ့ သူတွေကို သစ်တော်သီး လေးတွေ ဝေပါတယ်။



Mental wellbeing နဲ့ဆိုင်တဲ့ Self Esteem, Resillence, Emotional Intelligence, Social Intelligence, Cognitive Efficacy တို့မှာ အခု ပြောတာက Cognitive Efficacy နဲ့ ဆိုင်တဲ့ အပိုင်းပေါ့။

ပုံကို တခါကြည့် ပြီးတာနဲ့ မျက်စိမှိတ် တပတ်လှည့်ပြီး မြည်းရဲ့ အမြီးရှိတဲ့ နေရာကို ဘယ်လောက်မှန်အောင် ထောက်နိုင်လဲတို့၊ ပစ္စည်းအများကြီးပါတဲ့ ဓာတ်ပုံတပုံကို ပြပြီး ၁၀ စက္ကန့်လောက်အတွင်းမှာ ဘယ်နှခု မှတ်မိလဲတို့၊ လူတယောက်ရဲ့ လက်ညှိုးနဲ့ လက်မကြားမှာ ပေတံကို ထားပြီး တခြားတယောက်က လွှတ်ချလိုက်တဲ့ အခါ ဘယ်နှစင်တီမီတာ အတွင်း မိအောင် ဖမ်းနိုင်လဲတို့၊ အဲဒါမျိုးလေးတွေနည်းနည်း ဆော့ပါတယ်။



နောက်တခါ CogniFit, brainHQ, Lumosity အစရှိတဲ့ web site တချို့ကို ညွှန်းပါတယ်။ Workshop လုပ်တာက NIE ဖက်မှာဆိုတော့ ကျောင်းထဲကနေ လမ်းနဲနဲ လျှောက်သွားရပါတယ်။ ဒါက အပြန်မှာ ကင်မရာဖုန်းနဲ့ ဟိုရိုက်ဒီရိုက် ရိုက်လာတာ။

No comments:

Post a Comment