- နိဒါန်း
- Windows တွင်တပ်ဆင်ခြင်း
- Linux တွင်တပ်ဆင်ခြင်း
- Mac တွင်တပ်ဆင်ခြင်း
- အကိုးအကားများ
နိဒါန်း
wxWidgets က Windows ၊ Linux နဲ့ Mac OSX အစ ရှိတဲ့ ပလက်ဖောင်း အမျိုးမျိုး ပေါ်မှာ GUI applications တွေ ရေးဖို့ အတွက် C++ library ပါ။ သူနဲ့ GUI code တွေ ရေးပြီး ရင် ပလက်ဖောင်း အမျိုးမျိုး ပေါ်မှာ ကုဒ် ကို သိပ်ပြင် စရာ မလိုပဲ တန်းပြီး compile လုပ်၊ run လုပ်လို့ ရပါတယ်။
wxWidgets က free လည်းပေး open source လည်း ဖြစ် တဲ့ software ပါ။ ကိုယ်ပိုင် ဆော့ဝဲ တွေ ထုတ်မယ် ဆိုရင် လည်း ဘာမှ ကန့်သတ်ချက် တွေ မရှိ ပါဘူး [
wxW98]။
အဲဒါက Qt နဲ့ အဓိက ကွာခြားချက် ပါ။ Qt က LGPLv3 လိုင်စင် ကို free ပေးထားပြီး၊ ကိုယ်ပိုင် စီးပွားရေး အတွက် သုံးမယ် ဆိုရင် ကန့်သတ်ချက် တချို့ ရှိတာကြောင့် လိုင်စင် ဝယ်ဖို့ လိုကောင်း လိုနိုင် ပါတယ် [
Qt17]။
Native platform ကို တတ်နိုင် သလောက် သုံးထား တာမို့ wxWidgets သုံးလို့ ရလာတဲ့ GUI တွေဟာ သုံးတဲ့ platform နဲ့ လိုက်ဖက်ပြီး ပင်ကို အမြင် အတိုင်း တသားထဲ ကျ တာကို ခံစား ရမှာပါ [
wxW12]။ Standard C++ ကိုပဲ သုံးထားပြီး Qt တို့လို အထူး extension တွေ မသုံးထား တဲ့ အတွက် ရှုပ်ထွေးမှု နည်းတာ ကလည်း ကောင်းတဲ့ အချက် တစ်ခုပါ။
wxWidgets နဲ့ ရလာတဲ့ binary application တွေဟာ သေးငယ် ပေါ့ပါး တာမို့ embedded system တွေအတွက် အထူး သင့်တော် ပါတယ်။ နောက်တစ်ခါ library အရွယ်အစား တွေ ယှဉ်ရင်လည်း ဥပမာ အနေနဲ့ Qt library ကို တပ်ဆင်ရင် \(\approx 200\) MB လောက် အရွယ် ရှိပေမယ့် wxWidgets library က \(\approx 30\) MB လောက်ပဲ ယူပါတယ်။
wxWidgets က C++ အတွက် သာ မကပဲ python, perl, php, java, lua, lisp, erlang, eiffel, C# (.NET), BASIC, ruby နဲ့ javascript အတွက် တောင်မှ bindings [
wxW15a] တွေ ရှိပါတယ်။ wxWidgets က တော်တော် ပြည့်စုံ ရင့်ကျက် တဲ့ GUI toolkits ဖြစ်ပြီး၊ utility classes လည်း အများကြီး ရှိတာမို့ ကောင်းမွန် သင့်တော် တဲ့ GUI toolkits အနေနဲ့ ညွှန်းဆို ချင်ပါတယ်။
wxWidgets ကို အသုံးပြုတဲ့ သူတွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပြီး အဲဒီ အထဲမှာ လူသိများ တာတွေက NASA, AMD, Xerox, နဲ့ Open Source Applications Foundation (OSAF) တို့ ဖြစ်ပါတယ်။ ထင်ရှားတဲ့ wxWidgets applications တွေက AVG AntiVirus, Audacity, Filezilla, Code::Blocks, CodeLite တို့ ဖြစ်ပါတယ်။