Search This Blog

Wednesday, September 13, 2017

Pixy

Arduino, Raspberry Pi, BeagleBone စတာ တွေနဲ့ Computer Vision အလွယ်တကူ တွဲသုံး ချင်ရင် Pixy (http://cmucam.org/projects/cmucam5) ဆိုတဲ့ Vision System လေး သုံးရတာ လွယ်ကူ အဆင်ပြေ ပါတယ်။ ကိုယ် detect လုပ်ချင် တဲ့ အရာ ဝတ္တု တွေရဲ့ အရောင် ကို သင်ပေး ပြီးတာနဲ့ သူတို့ ကို အာရုံခံ ပေးပြီး နေရာ၊ အရွယ် စတာ တွေကို UART, SPI, I2C အစရှိတဲ့ interface တွေ နေ ပို့ ပေးနိုင် ပါတယ်။
ကွန်ပျူတာ ကနေ pixy ကို ဆက်သွယ် configure လုပ်ပေး နိုင်ပြီး၊ pixy ရဲ့ မြင်ကွင်း အတိုင်း ကြည့် ဖို့ pixymon (http://cmucam.org/projects/cmucam5/wiki/PixyMon_Overview) ဆိုတဲ့ application လည်းပါ ပါတယ်။
Arduino နဲ့ ဆက်သွယ် အသုံးပြု ဖို့ အတွက် "arduino_pixy-x.y.z.zip" (http://cmucam.org/projects/cmucam5/wiki/Latest_release) ဆိုတဲ့ လိုင်ဘရီ ကို ထည့်သုံး နိုင်ပါတယ်။ အဲ့ဒီ အထဲက hello_world နမူနာ ကို သုံးကြည့် တဲ့ အခါ အောက် က အတိုင်း နေရာ၊ အရွယ် တွေ detect လုပ်ပေး တာကို တွေ့ရ ပါတယ်။

No comments:

Post a Comment