Search This Blog

Tuesday, March 25, 2008

Velvia

Fujifilm ရဲ့ Velvia film ပုံစံမျိုး free software GIMP နဲ့ လုပ်ကြည့်ထားတာပါ။ အရောင် များများလွင်လွင် ထွက်အောင်ပါ။ Hue-Saturation tool ကို သုံးပြီး အရောင်တင်ရင်ရပေမယ့် ဒီနည်းက ပိုပြီး Velvia နဲ့ ပို နီးစပ်ပါတယ်။ နောက်တစ်ခုက အရောင်တွေကို Saturation သုံးပြီး အရမ်းတင်ရင် posterize ဖြစ်သွားတတ်ပေမယ့် ဒီနည်း နဲ့ဆို ပိုပြီး ကောင်းကောင်းတင်လို့ရပါတယ်။ ကိုယ်ပြင်မည့်ပုံကို File menu ရဲ့ open နဲ့ ဖွင့်ပါ။ ထို့နောက် Colors menu ရဲ့ Components မှ Channel mixer.. ကို ရွေးဖွင့်ပါ။
Output Channel မှာ Red ကို ရွေးပြီး အောက်က Red slider ရဲ့ တန်ဖိုးကို ၁၅၀ တင်ပါ။ အဲဒါ ကို ပြန် balance လုပ်ဖို့ Green, Blue sliders တွေရဲ့ တန်ဖိုးကို -၂၅ ပြန်လျှော့ပါ။ အဲဒီလိုပဲ Green နဲ့ Blue ကို လုပ်ပါ။


Output Channel: Red
Red: +150
Green: -25
Blue: -25
Output Channel: Green
Red: -25
Green: +150
Blue: -25
Output Channel: Blue
Red: -25
Green: -25
Blue: +150

ပြီးရင် အိုကေ နှိပ်ပါ။ ထို့နောက် colors menu မှာ Levels ကိုရွေးပြီး input levels ရဲ့ ဘယ်ဘက် အောက်က အနက်ရောင် slider ကို မိမိ စိတ်ကြိုက် contrast ရသည်ထိ တင်ပါ။
ထိုအခါ ရွှန်းလဲ့ တောက်ပ လှပ သည့် Velvia စတိုင် ပုံတစ်ပုံ ရရှိပါလိမ့်မည်။ အောက်တွင် မူရင်းနှင့် ယှဉ်ပြထားပါသည်။

Before
After

Reference:
http://photoshoptutorials.ws/photoshop-tutorials/photo-effects/velvia.html

No comments:

Post a Comment