Search This Blog

Tuesday, March 25, 2008

Lomography

Lomo lens တွေနဲ့ ရိုက်ထားတဲ့ ပုံစံ မျိုး GIMP နဲ့ လုပ်ကြည့်ထားတာပါ။ Lomography အကြောင်းကိုတော့ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ Lomo ပုံတွေမှာ သိသာထင်ရှားတဲ့ vignette (lens ကြောင့်ဖြစ်တဲ့ အနားမှောင်တွေ) ရှိပါတယ်။ ပထမ ဆုံး အဲဒါကို အရင်ထည့်ပါမယ်။ GIMP tool box ထဲက စက်ဝိုင်းပုံ selection tool ကို ရွေးပြီး ပုံ အပြည့် select မှတ်ပါ။ ထို့နောက် ပုံရဲ့ Select Menu က Invert ကိုရွေးပါ။



နောက် Layer Menu မှ New layer (or) Ctrl+Shift+N ကို ရွေးပါ။ ထို့နောက် Layer နာမည်ကို Vignette လို့ပေးပြီး၊ Transparency ရွေးပြီး အိုကေ နှိပ်ပါ။



အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Foreground color အမည်းနဲ့ Background color အဖြူ ကိုရွေးပါ။ Dialog menu ကနေ layer ကို ရွေးပြီး layer dialog ကို သွားပါ။ "Vignette" layer ကို select လုပ်ထားဖို့လိုပါတယ်။ ပြီးတော့ Edit menu ကနေ Fill with FG color ကိုရွေးပြီး select မှတ်ထားတဲ့နေရာတွေမှာ အမည်း ဖြည့်ပါတယ်။ ပြီးရင် select menu ကနေ None ကိုရွေးပြီး selection ကို ဖြုတ်ပါမယ်။



ထို့နောက် Filter menu က Blur ကနေ Gaussian Blur ကိုဖွင့်ပါ။ ပုံမှာ ပြထားတဲ့ တန်ဖိုး ၁၅၀ ရွေး ( ဘလား radius ကို ပုံရဲ့ လေးပုံ တစ်ပုံလောက်) ပြီး အိုကေ နှိပ်ပါ။



ထို့နောက် Layer dialog ကိုသွားပြီး Vignette layer ရဲ့ Opacity ကို ၇၅ ရာနှုန်းလောက်ထားပါ။ အမှန်တော့ တန်ဖိုးတွေက ကိုယ့်အကြိုက်လိုက်ပြီး စိတ်ကြိုက်ထားလို့ရပါတယ်။



ထိုနောက် Background layer ကို select မှတ်ပါ။ Dialog menu က Channels ကို ရွေးပြီး Channels dialog ကို ဖွင့်ပါ။ ထိုနောက် Red channel တစ်ခုထဲကို ရွေးမှတ်ပါ။



ထို့နောက် Color menu မှ Brightness-Contrast ကို ရွေးပြီး Contrast ကို ၅၀ ခန့် တင်လျှင် ကောင်းပါသည်။



ထိုနည်းတူ Green channel ကိုလည်း contrast ၅၀ ခန့် တင်ပါ။ ထိုအခါ lomo စတိုင် ဓာတ်ပုံ တစ်ပုံ ရရှိပါမယ်။ အောက်မှာ မူရင်းပုံ နဲ့ လိုမိုပုံ ကို ယှဉ်ပြထားပါတယ်။

Before


After


Reference:
http://photoshoptutorials.ws/photoshop-tutorials/photo-effects/lomography.html

No comments:

Post a Comment