အိတ်စပို့ရှာ လျော့ရင်တော့ မီးအိမ်ဘက်က အဆင်ပြေသွားပြီး ယွန်းဘူးဘက်က အရမ်းမှောင်သွားပါတယ်။
အဲဒါကို ဖြေရှင်းဖို့ကတော့ exposure bracketing နည်းကိုသုံးမှာပါ။ ပုံမှန် အိတ်စပို့ရှာနဲ့ တစ်ပုံ၊ အိတ်စပို့ရှာ များတာ ( +2 EV လောက်) က တစ်ပုံ၊ အိတ်စပို့ရှာ နည်းတာ ( -2 EV လောက်) က တစ်ပုံ၊ သုံးပုံကို ရိုက်ဖို့လိုပါတယ်။ ရိုက်တဲ့ အခါ ပုံတစ်ပုံနဲ့ တစ်ပုံ နေရာရွေ့မသွားအောင် သုံးချောင်းထောက် သုံးနိုင်ရင် ကောင်းပါတယ်။ ပြီးရင်ဖိုးကပ် ပွိုင့် မပြောင်းအောင် မန်နူရယ်ဖိုးကပ် သုံးသင့်ပါတယ်။ Depth of Field မပြောင်းအောင်က တော့ Aperture ကို အသေထားပါ။ ပြီးရင် GIMP မှာ Exposure Blending Plug-in ကို ထည့်ဖို့ လိုပါတယ်။
http://turtle.as.arizona.edu/jdsmith/exposure-blend-tinyscheme.scm ကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ GIMP 2.4.5 အတွက် C:\Program Files\GIMP-2.0\share\gimp\2.0\scriptsမှာ သွားပြီး အဲဒီဖိုင်ကိုထားပါ။ နေရာက ကိုယ် အင်စတောလုပ်ခဲ့တဲ့ နေရာပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ပြီးရင် GIMP ကိုဖွင့် Xtns menu ထဲက Photo က Exposure Blend ... ကို နှိပ်ပါ။

အဲဒီမှာ ပုံသုံးပုံ ကိုထည့်ပါ။ ပုံတွေရှိတဲ့ folder ကို ခဏ ခဏ navigate မလုပ်ချင်ရင် ဘယ်ဘက်အောက်နားမှာ ရှိတဲ့ Add ဆိုတဲ့ ခလုပ်ကို နှိပ်ခြင်းအားဖြင့် နောက်ထပ်ပုံတွေကို အလွယ်တကူထည့်နိုင်ပါတယ်။

အဲဒီမှာ ဆက်တင် တချို့ကို စိတ်ကြိုက်ထားနိုင်ပါတယ်။ ပြီးရင် အိုကေ ကိုနှိပ်ပါ။ အဲဒါဆိုရင် Exposure Blend လုပ်ပြီးသား ပုံတစ်ပုံ ကို ရရှိပါပြီ။


နောက်တစ်ခုက လေယာ ဝင်းဒိုးကို သွားပြီးတော့လဲ dark layer, bright layer တွေရဲ့ opacity ပြင်တာတို့၊ layer mask တွေကို အသေးစိပ် ခြယ်သတာ တို့ကိုလဲ လုပ်နိုင်ပါသေးတယ်။

Reference:
http://turtle.as.arizona.edu/jdsmith/exposure_blend.php
No comments:
Post a Comment