Search This Blog

Tuesday, April 12, 2016

Using 3rd party CC2530 modules

Aliexpress ကဝယ်လိုက်တဲ့ 3rd party CC2530 module သေးသေးလေးတွေ ( ပထမတခု ဒုတိယတခု ) ကို သုံးတဲ့ အကြောင်း ပြောချင်ပါတယ်။ အရင် ဆောင်းပါး မှာ TI ရဲ့ CC2530DK ကို သုံးတဲ့ အကြောင်း ပြောဖူးပါတယ်။ အခု ဆောင်းပါး ကတော့ 3rd party module တွေကို SmartRF05EB ကိုသုံးပြီး debug နဲ့ download လုပ်တဲ့ အကြောင်း ပါ။


Figure. CC2530 အသေးလေးပါ။ 13 mm x 18 mm အရွယ်ပဲ ရှိပါတယ်။




မူရင်း CC2530EM module ကို SmartRF05EB မှာ မတပ်ပဲ ဖြုတ်ထားပြီး၊ third party CC2530 module ကို SmartRF05EB ရဲ့ External SoC debug မှာ သွားဆက်ပါမယ်။ External module ကို SmartRF05EB ကနေ power 3.3V ပေးချင်တာကြောင့် Debug connector နားက ၊ R30 ကို short circuit လုပ် (ဒါမှမဟုတ် 0 ohm ဆက်) လိုက်ပါတယ်။ External module ရဲ့ IO voltage နဲ့ ညီတဲ့ voltage ကို debug connector ရဲ့ pin 2 မှာ ပေးဖို့ လိုတာကြောင့် ဒီနေရာမှာ ခုနက R30 နဲ့ ဆက်ပြီး 3.3V ပေးထားတဲ့ pin 9 ကို pin 2 နဲ့ loop back ပြန်ဆက်လိုက်ပါတယ်။


Figure. Debug port of SmartRF05EB. Loop back pin 9 to pin 2 if the external module does not connect anything to this pin.


နောက် တခုက UART bridge program ရဲ့ baud rate ကို 9600 ကနေ 115200 ကို ပြောင်းချင်တာမို့ IAR EW မှာ smpl_nwk_config.dat ဒါမှမဟုတ် uart.c ဆိုတဲ့ ဖိုင်ထဲမှာ အောက်မှာ ပြထားတဲ့ အတိုင်း ပြင်လိုက်ပါတယ်။




Figure. Modifying UART baud rate to 115200.



A quick setup for testing. UART pins of CC2530 (Rx: P0.2, Tx: P0.3) connect to an FTDI cable.



Figure. Debugging an external CC2530 module.



Figure. Some info



Figure. ဒီ module က 3.3V regulator ပါတာမို့၊ firmware ထည့်ပြီးတဲ့ အခါ FTDI ရဲ့ power ကိုသုံးပြီး ဆက်သွယ် အသုံးပြုလို့ရပါတယ်။



Figure. A screen shot while the listening module is in action.


Cutecom ကို အောက်ကအတိုင်းဖွင့်နိုင်ပါတယ်။
sudo cutecom


No comments:

Post a Comment