Search This Blog

Tuesday, November 24, 2015

Wireless Communication using CC2530 Zigbee Wireless MCU

CC2530 က IEEE 802.15.4 နဲ့ Zigbee တွေအတွက် RF transceiver နဲ့ 8051 MCU ကို ပေါင်းစပ်ထားတဲ့ system-on-chip (SoC) solution တခုပါ။ သူ့ကို သုံးပြီး wireless module စမ်းလုပ်ဖို့ အတွက် CC2530EM Evaluation Modules နှစ်ခု၊ SmartRF05EB Evaluation Boards နှစ်ခု၊ နဲ့ CC2531 USB Dongle တခုပါတဲ့ CC2530DK devolopment kit ကို ဝယ်တာ USD 400 လောက်ပေးရပါတယ်။ သူတို့နဲ့ သုံးဖို့အတွက် TI ရဲ့ ဝက်ဘ်ဆိုက်မှာ အလကားပေးတဲ့ SmartRF Studio ကို စက်ထဲမှာ install လုပ်ပါတယ်။

CC2530DK

SimpliciTI

ပထမ အနေနဲ့ TI ရဲ့ SimpliciTI Compliant Protocol Stack ကို အရင် စမ်းကြည့်ဖို့ ဒေါင်းလုပ် လုပ်ပြီး စက်ထဲမှာ ထည့်လိုက်ပါတယ်။ SimpliciTI ရဲ့ နမူနာတွေ အကြောင်းကို သူ့ရဲ့ document folder ဖြစ်တဲ့ C:\Texas Instruments\SimpliciTI-IAR-1.2.0\Documents ထဲက SimpliciTI Sample Application User's Guide.pdf မှာ တွေ့ရပါတယ်။

SimpliciTI


IAR EW8051

CC2530 အတွက် firmware ကို IAR Embedded Workbench for 8051 သုံးပြီး devolop လုပ်ဖို့ သူ့ကို စက်ထဲမှာ install လုပ်ပါတယ်။ စမ်းသုံးဖို့ ရက် ၃၀ စာ evaluation licenses အလကားပေးပါတယ်။ Single user အတွက် USB Mobile Lock license ဝယ်သုံးမယ်ဆိုရင်တော့ USD 2000 လောက်ပေးရပါတယ်။

IAR EW8051 and hardware lock (dongle)

IAR ကို install လုပ်ပြီးရင် နမူနာ အနေနဲ့ C:\Texas Instruments\SimpliciTI-IAR-1.2.0\Projects\Examples\SRF05_8051\UART_Bridge\IAR ကိုသွားပြီး UART_Bridge.eww ကို ဖွင့်ပါတယ်။ SmartRF05EB Evaluation Board ကို ကွန်ပျူတာရဲ့ USB နဲ့ ဆက်ပြီး board ပေါ်က power ခလုပ်ကို ဖွင့်လိုက်တာနဲ့ ကွန်ပျူတာက သူ့ရဲ့ driver ကို အလိုအလျောက် သွင်းသွားပါတယ်။ စက်က မသိခဲ့ရင် သူ့ရဲ့ driver တွေအဆင်သင့်ပါလာပြီးသားဖြစ်တဲ့ IAR folder ကို manually ညွှန်လို့ရပါတယ်။ ပြီးရင် IAR ထဲက main_UART_Bridge.c ကိုဖွင့်ပြီး အဲဒီ description text တွေနဲ့ character အရေအတွက်ကို လိုသလို ပြင်ပါတယ်။

Editing text in IAR

အဲဒီနောက် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပထမ RF board အတွက် ဘယ်ဖက် အပေါ်နားက drop down list မှာ CC2530-Link To ကိုသုံးပြီး၊ smpl_config.dat ဖိုင်ထဲက device address မှာ ပထမဆုံး byte ကို မူရင်းအတိုင်း 0x79 ကိုပဲ သုံးပြီး build လုပ်၊ download and debug လုပ်ပါတယ်။ ဒုတိယ RF board အတွက်တော့ ဘယ်ဖက် အပေါ်နားက drop down list မှာ CC2530-LinkListen ကို ပြောင်းသုံးပြီး၊ smpl_config.dat ဖိုင်ထဲက device address မှာ ပထမဆုံး byte ကို 0x97 လို့ပြောင်းပြီး build လုပ်၊ download and debug လုပ်ပါတယ်။

Modifications for 2 different boards.

ပြီးရင် သူတို့ရဲ့ RS232 Comm တွေကို ကွန်ပျူတာတွေနဲ့ ဆက်ပြီး ကွန်ပျူတာ အချင်းချင်း wireless ဆက်သွယ်ပေးပို့လို့ရတာကို တွေ့ရပါတယ်။

Comm at board 1.


Comm at board 2.

No comments:

Post a Comment