Search This Blog

Thursday, November 26, 2015

Low Power DC-DC Power Supply

TPS82085 က inductor ပါသူ့ထဲမှာ တခါထဲပါပြီး efficiency မြင့်တဲ့ 3A ထိ ထုတ်ပေးနိုင်တဲ့ step down converter (MicroSiP DC/DC Power Module) တခုပါ။ အဝင်ဗို့ 2.5V ကနေ 6V အထိရပြီး၊ အထွက်ဗို့ 0.8V ကနေ အဝင်နဲ့ ညီတဲ့အထိ adjust လုပ်လို့ရပါတယ်။ အရွယ်အစားက လည်း 3.0-mm x 2.8-mm x 1.3-mm ပဲရှိပြီး 8-Pin ပါတဲ့ Package နဲ့လာပါတယ်။ Switching frequency က 2.4 MHz နဲ့ အလုပ်လုပ်ပါတယ်။

Figure. Pin Functions.

  • EN - Pin 1 က high ဆိုရင် အလုပ်လုပ်မှာ ဖြစ်ပြီး၊ low ပေးထားရင် အလုပ်မလုပ်ပါဘူး။ 400 kΩ internal pull-down resistor ပါပါတယ်။
  • PG - Pin 2 က power good output ပါ။ open drain output pin ဖြစ်ပြီး 1 mA ထိ sink လုပ်ပေးနိုင်ပါတယ်။ အထွက်ဗို့ အမှန်ရဲ့ 95% ကျော် လာပြီဆိုတာနဲ့ high impedance ဖြစ်နေမှာဖြစ်ပါတယ်။ Disable ဖြစ်တဲ့အချိန်၊ thermal shutdown ဖြစ်တဲ့အချိန်၊ အထွက်ဗို့အမှန်ရဲ့ 90% အောက်ထိကျသွားတဲ့ အချိန်တွေမှာဆိုရင်တော့ low ဖြစ်သွားပါမယ်။
  • VIN - Pin 3,4 က အဝင် ဗို့ဆက်ဖို့ပါ။
  • GND - Pin 5,6 က ground ဆက်ဖို့ပါ။
  • FB - Pin 7 က feedback reference အဝင် pin ပါ။ Feedback regulation voltage 800 mV ဖြစ်ပြီး external resisnor divider ဆက်ပြီး လိုချင်တဲ့ အထွက်ဗို့ရအောင် ဆက်နိုင်ပါတယ်။
  • VOUT - Pin 8 က အထွက်ဗို့ပါ။


Figure. 3.6V output application. PG indicator LED can be used only when the output voltage is greater than its forward voltage.

Resistors တွေရဲ့ တန်ဖိုးနဲ့ အထွက်ဗို့ရဲ့ ဆက်သွယ်ချက် ကို အောက်ပါအတိုင်း ဖော်ပြနိုင်ပါတယ်။ $$R1 = R2 . ( VOUT/0.8 - 1 ) $$ အဲဒီမှာ R2 ရဲ့ တန်ဖိုးက 180 kΩ ထက်မကျော်သင့်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် R2 ကို 160 kΩ သုံးလိုက်ရင် R1 တန်ဖိုးက 560 kΩ ရပါတယ်။ အဝင် capacitor ရဲ့ တန်ဖိုးက 10 μF နဲ့ အထက်သုံးနိုင်ပြီး၊ အထွက် capacitor ရဲ့ တန်ဖိုးကတော့ 22 μF နဲ့ 150 μF ကြားမှာရှိဖို့လိုပါတယ်။

Figure. Layout example.

အထွက် current အများကြီး လိုပြီး၊ PCB မှာနေရာ နည်းနည်းပဲ ရှိတဲ့ အခါမျိုးမှာ တော်တော် အဆင်ပြေပါတယ်။ အထွက် current အများကြီး မလိုပဲ၊ အဝင်ဗို့ နည်းနည်းပဲ ရှိတဲ့အခါမျိုး၊ single cell နဲ့ သုံးတဲ့ အခါမျိုးဆိုရင်တော့ TPS61200 တို့၊ LTC3525 တို့နဲ့လည်း အဆင်ပြေပါတယ်။
Reference
http://www.ti.com/lit/ds/symlink/tps82085.pdf

No comments:

Post a Comment