Search This Blog

Thursday, December 11, 2014

Sepia Toning in GIMP

အဖြူအမဲ ဓာတ်ပုံတွေ တရက်တပုံနဲ့ ငါးရက် ငါးပုံတိတိတင်ဖို့ ဖေ့ဘုတ်မှာ challenge လုပ်ခံရတာနဲ့ အဖြူအမဲ ပုံတွေ ဖေ့ဘုတ်မှာ တင်ဖြစ်ပါတယ်။ နောက်တော့ ရိုးရိုး အဖြူအမဲ ပုံတင်ရတာ ပျင်းလာတာနဲ့ ရှေးခေတ်က အဖြူအမဲ ဓာတ်ပုံ အဟောင်းပုံမျိုး ဖြစ်အောင် ဝါကျန့်ကျန့် အရောင် မျိုး GIMP မှာ ထည့်ကြည့်ထားပါတယ်။ Sepia Toning မှာ အသေးစိတ် ပြောထားတဲ့ အတိုင်း လုပ်ထားတာပါ။ အခု ဒီပို့စ်မှာ တော့ အဲဒါကို အကျဉ်းချုပ်ပြီး မှတ်မိလွယ်အောင် ပြန်ချုံငုံ ရေးလိုက်ပါတယ်။ မူရင်းပုံ ကအောက်က ပြထားတဲ့ အတိုင်းပါ။


  • Image menu -> Mode -> Grayscale ကိုနှိပ်ပြီး မူရင်းပုံကို အဖြူအမဲ ပြောင်းပါတယ်။ ပြီးရင် Mode ကို RGB ပြန်ပြောင်းပါတယ်။
  • Foreground color ကို RED=162 GREEN=138 နဲ့ BLUE=101 ရွေး၊ Layer အသစ်တစ်ခု ဖန်တီးပြီး Layer Fill Type ကို Foreground သတ်မှတ်ပါမယ်။ အဲဒီအရောင်နဲ့ Layer တစ်ခုရလာတဲ့ အခါ ညာဖက် ကလစ်နှိပ်ပြီး Add Layer Mask နှိပ်ပြီး White (Full Opacity) နဲ့ Mask ဖန်တီးပါမယ်။
  • အဖြူအမဲ ပုံရဲ့ Layer ကိုနှိပ်ပြီး select all နဲ့ copy (Ctrl+A နဲ့ Ctrl+C) လုပ်ပါမယ်။ ပြီးရင် Mask Layer ပေါ်မှာ paste (Ctrl+V) လုပ်ပြီး ကျောက်ဆူးပုံ Anchor ခလုပ်ကို နှိပ်ပါမယ်။ နောက် Colors menu -> Invert လုပ်ပါမယ်။ နောက် အဲဒီ Layer ရဲ့ Mode (blending mode) ကို Color လို့ရွေးပေး၊ opacity ကို စိတ်ကြိုက်ရွေး လိုက်ရင် အောက်ကပုံ အတိုင်း ရလာပါမယ်။
  • Filter menu -> Decor -> Old Photo မှာ Sepia နဲ့ Mottle ကိုမထည့်ပဲ ထပ်ပြီး ပြင်ချင်လည်း ပြင်နိုင်ပါတယ်။


အခုလို နည်းကို မသုံးပဲ Filter menu -> Decor -> Old Photo မှာ Sepia ကိုသုံးပြီး ပြောင်းထားတဲ့ပုံကို အောက်မှာ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

No comments:

Post a Comment