
ပြီးတော pry opener tool လေးနဲ့ ဘေးကကုပ်ထားတဲ့ အလွှာကို တွန်းဖြုတ်ပါတယ်။

နောက် ဝက်အူ အတို ၄ လုံးထပ်ဖြုတ်ပါတယ်။

ပြီးရင် ပုံမှာပြထားတဲ့ ပလပ်ခေါင်းတွေကို ဆွဲဖြုတ်ပြီး ဆားကစ်ဘုတ်တွေကို ဖြုတ်ပါတယ်။


နောက်တော့ လေပူနဲ့ မှုတ်ပြီး အပေါ်က မှန်မျက်နှာပြင်ကို ဖြုတ် နိုင်ပါတယ်။ လေပူ အတွက် ဆံပင်လေမှုတ်စက် ကိုလည်းသုံးလို့ ရပါတယ်။ မှန်ကို ဂစ်တာ ပစ်လို ဟာမျိုးနဲ့ ဖိတွန်းမယ့် အစား ဝါယာကြိုးရဲ့ ကြေးအဆံကြိုးကို သုံးခဲ့ပါတယ်။

မျက်နှာပြင်ကို သန့်စင်ပြီးတဲ့ အခါ နှစ်ဖက်ကပ် တိပ်တွေကို ဘေးနှတ်ခမ်းသား တလျှောက် ကပ်ပါတယ်။

ပြီးတော့ မှန်မျက်နှာပြင် အသစ်ကို သူ့အပေါ်က ပလတ်စတစ် အလွှာကို ခွာပြီး ကပ်ပါတယ်။

ဒါကတော့ ပြင်ပြီးသွားတဲ့ အခါရတာတဲ့ပုံပါ။

No comments:
Post a Comment