Search This Blog

Friday, March 31, 2017

မြန်မာနိုင်ငံ၏ဗဟို

မြန်မာနိုင်ငံ ရဲ့ အလယ်ဗဟို ဆိုပြီး ဖေ့ဘုတ်ပေါ် တွေ့မိတာ တခါကို တစ်မျိုး ဖြစ်နေလား ထင်မိတယ်။ ဒါနဲ့ ဂူဂယ်တို့၊ ဝီကီ တို့မှာ ရှာကြည့်တော့လည်း အဲ့ဒီ ဒေတာ ကို မတွေ့ဘူး ဖြစ်နေတယ်။ အဲ့ဒီတော့ စပ်စပ်စုစု ကိုယ့်ဟာကိုယ်ပဲ တွက်ကြည့်လိုက်တာ မြန်မာပြည် မြေပုံရဲ့ အလယ်ဗဟို (Geometric mean သို့ centroid) က လတ္တီကျု ၂၀.၈၆ ဒီဂရီ နဲ့ လောင်ဂျီကျု ၉၆.၄၈ ဒီဂရီ ဆိုပြီး ထွက်လာတယ်။ ဂူဂယ် မြေပုံမှာ ပြန်ကြည့်တော့ မန္တလေးတိုင်းထဲမှာ၊ ပင်းတယ နဲ့နီးတာကို တွေ့ရတယ်။ ဖေ့ဘုတ်မှာ တွေ့မိတာနဲ့ မတူဘူး။ တွက်တာက တော့ ဂူဂယ်မြေပုံမှာ စကရင်ရှော့ရိုက်၊ GIMP နဲ့ အဖြူအမည်း ပြောင်းပြီး၊ opencv နဲ့ centroid ရှာလိုက်တာပါပဲ။ ဂူဂယ်မြေပုံက Mercator projection သုံးထားတာမို့ အဲဒီအတွက်ပါ ထည့်တွက်ထားတယ်။

Source code: https://github.com/yan9a/Myanmar_Centroid

အသေးစိတ် ရှင်းလင်းချက်။ ။ဤစာအုပ် အခန်း ၅၊ အပိုင်း ၄



ရှေး အရင်တုန်းက မြေပုံရဲ့ ဗဟိုက ကူမဲမြို့ အရှေ့ဖက် မှိုင်းမော်ဆိုတဲ့ ရွာမှာလို့ကြားတယ်။ ဒီအောက်က ဟာကတော့ ဖေ့ဘုတ်မှာတွေ့မိတဲ့ဟာပါ။ အခုမြေပုံနဲ့ တွက်လို့ရတဲ့ အဖြေနဲ့တော့ မတူဘူး။

Real-time Face Detection



Source: https://github.com/yan9a/Real-time_Face_Detection

Document: https://yan9a.github.io/OpenCV_Projects/opencv320.pdf

Thursday, February 23, 2017

Opencv-3.2.0 on Windows 10 - 64 bit Using Visual Studio 2015

Windows အတွက် pre-built လုပ်ပြီး ဖြစ်သော လက်ရှိ နောက်ဆုံးထွက် OpenCV အခြေကျ ဗာရှင်း ကိုသုံးမည်။ ၄င်းအား
https://sourceforge.net/projects/opencvlibrary/files/opencv-win/
တွင် ယူနိုင်သည်။ ရရှိ လာသော opencv-3.2.0-vc14.exe အား ဤ နမူနာ အတွက် C:\opencv အောက်တွင် opencv320 အနေနှင့် extract လုပ်သည်။ IDE အတွက် Visual Studio 2015 ကို https://www.visualstudio.com/downloads/ မှ ရယူ ၍ install လုပ်မည်။ အောက်ပါ အဆင့် များကို Windows 10 64 bit တွင် Visual Studio 2015 နှင့် OpenCV-3.2.0 အား သုံး၍ စမ်းကြည့် ထားသည်။ အခြား ဗားရှင်းများ အတွက်လည်း ဆင်တူ ယိုးမှား နည်းလမ်း များသာ ဖြစ်သည်။

64 bit windows နှင့် Visual Studio 2015 အတွက် enviroment variable တစ်ခု အနေနှင့် OPENCV_DIR ကို သတ်မှတ် မည်။ ထို့အတွက် Command window ကို administrator အနေနှင့် run ရန် start menu ကို right click နှိပ်၍ command prompt (admin) ကို ရွေးပြီး လျင် အောက်ပါ အတိုင်း ရိုက်ထည့် နိုင်သည်။

setx -m OPENCV_DIR C:\opencv\opencv320\build\x64\vc14


Wednesday, February 22, 2017

မြန်မာဘာသာ အတွက် LaTeX Report ပုံစံ

XeLaTeX ကို အသုံးပြု၍ မြန်မာ ဘာသာဖြင့် report ရေးသားရန် နမူနာ ပုံစံ ( template) တစ်ခု ဖြစ်သည်။

https://github.com/yan9a/LaTeX_Myanmar_Language တွင် တွေ့နိုင်သည်။

မြန်မာဘာသာဖြင့် ရေးသား ထားသည် များကို အသုံးပြုရန် ယူနီကုဒ်ကို ထောက်ပံ့သော XeLaTeX ကို အသုံးပြုရန် လိုသည်။ XeLaTeX စမ်းသပ်ရန် ရိုးရှင်းသည့် နမူနာ များအား အရင် ပို့စ် အဟောင်း တခု ဖြစ်သော Myanmar (Burmese) Language with XeTeX and LuaTeX တွင် တွေ့နိုင်သည်။ မြန်မာ ဘာသာဖြင့် သုံးရန် လိုအပ်သည်မှာ burmese.sty ကို folder တစ်ခုထဲမှာ ထားပြီး report ၏အစတွင်
\usepackage{burmese}
ကို ထည့်လိုက်ရုံသာ ဖြစ်သည်။ နမူနာ အနေနှင့် အသုံးများသော LaTeX editor တစ်ခုဖြစ်သည့် TeXstudio ကိုသုံးမည်။ အသုံးပြုသည့် မြန်မာဖောင့်ကို ပြင်လိုပါက burmese.sty ဖိုင်တွင် ပြင်ရမည်။

Tuesday, February 21, 2017

Integration of Accelerometers

3-axis accelerometer တွေကို ကိုယ်ထည်အမာ တစ်ခုမှာ လိုအပ်ချက်နဲ့ ကိုက်ညီသလို တပ်ထားပါတယ်။ အဲဒီ ကိုယ်ထည်အမာ ကလည်း ရွေ့ချင်တဲ့ အဖြောင့် (linear) နဲ့ အလှည့် (angular) လှုပ်ရှားမှုတွေနဲ့ ရွေ့နေပါတယ်။ တပ်ထားတဲ့ accelerometer တွေက linear acceleration တွေကိုပဲ အာရုံခံနိုင်တဲ့ အတွက် angular ရွေ့လျားမှု တွေကို မသိဘူး ဖြစ်နေပါတယ်။

သိချင်တာ တစ်ခုက accelerometer တွေ အများကြီးက တိုင်းတာလို့ ရတဲ့ တန်ဖိုးတွေကို ပေါင်းပြီး ထပ်တူညီတဲ့ စုပေါင်း integrated equivalent accelerometer တစ်ခုအနေနဲ့ ရနိုင်မလား ဆိုတာပါပဲ။
စဉ်းစားကြည့်လိုက်တော့ ရနိုင်တယ် လို့ ထင်ပါတယ်။

Monday, January 9, 2017

Creating Dynamic Link Library (DLL) in C++ and Using it in Visual Basic .NET

Visual Basic .NET 2012 (vs11) မှာသုံးဖို့ အတွက် DLL (Dynamic Link Library) တခုကို C++ နဲ့ ဖန်တီးဖို့ နည်းလမ်း ၂ ခု ကို ဆွေးနွေးချင်ပါတယ်။

  • CLR Class Library
  • Win32 DLL


  • Thursday, December 15, 2016

    LaTeX Template for Thesis

    Thesis အတွက် LaTeX နမူနာ ပုံစံ တစ်ခု ကို မျှဝေ ထားပါတယ်။
    သူ့ကို https://github.com/yan9a/LaTeX_Template_Thesis မှာ ရယူနိုင်ပါတယ်။

    Wednesday, August 10, 2016

    TFT LCD Touch Screen - ILI9341

    Aliexpress ကနေ 2.4 inch 240 x 320 resolution ရှိတဲ့ TFT LCD touch screen လေး ဝယ်ပြီး သုံးကြည့်ဖြစ်ပါတယ်။



    အဲဒီ module လေးက LCD display ရော၊ touch input ရော၊ SD card reader လေးပါ ပါပါတယ်။ Adafruit libraries တွေကို သုံးပြီး ကျွန်တော် ရေးကြည့်ထားတဲ့ နမူနာ program တချို့ကို

    https://github.com/yan9a/TFT_LCD_Touch_Arduino

    မှာ တွေ့နိုင်ပါတယ်။

    Thursday, July 7, 2016

    Motor Driver - DRV8834

    Stepper motor AM1020-V-6-65 လေးကို drive လုပ်ဖို့ အတွက် motor driver လေးတခု design လုပ်ဖြစ်ပါတယ်။ အစက Allegro ရဲ့ A4988 ကို သုံးဖို့ စဉ်းစားပေမယ့် motor အတွက် supply voltage က 8V - 35V ဖြစ်နေတော့ လက်ရှိ 6V motor နဲ့ မကိုက်တာ တကြောင်း၊ chip အရွယ်ကလည်း 5 mm x 5 mm ဖြစ်နေတော့ ကိုယ်လိုချင်တဲ့ အရွယ်ထက် နည်းနည်း ကြီးနေတာတကြောင်းကြောင့် တခြား driver ကို ထပ်ရှာဖြစ်ပါတယ်။ TI ရဲ့ DRV8835 ကျပြန်တော့ 2 mm x 3 mm အရွယ်လေးကို သဘောကျပေမယ့် DC motor တွေအတွက်အဓိက ရည်ရွယ်ထားတာမို့ stepper motor ကို အလွယ်တကူ ထိန်းဖို့ indexer မပါတာကို တွေ့ရပါတယ်။ ဒါနဲ့ 4 mm x 4 mm အရွယ်၊ motor supply voltage 2.5V - 10.8V ရပြီး၊ 1.5A per coil ရတဲ့ DRV8834 ကိုပဲ ရွေးလိုက်ပါတယ်။

    Wednesday, May 18, 2016

    DS1307 Real-time Clock

    DS1307 Real-time clock လေးကို အသုံးပြုပုံ အကြောင်း ပြောချင်ပါတယ်။ AliExpress က module လေးဝယ်တာ ၁ ဒေါ်လာလောက်ပဲ ပေးရပါတယ်။ AT24C32 ဆိုတဲ့ 32k EEPROM လေးပါ အဆစ် ပါသေးတယ်။


    Figure. Setup.