မြန်မာ ပြက္ခဒိန်တွေမှာ ဗေဒင်နဲ့ ဆက်စပ်တဲ့ အခါပေးရက် ဥပမာ ရက်ကောင်း၊ရက်ဆိုး တွေကို ဖော်ပြလေ့ ရှိပါတယ်။
ဒီစာတမ်းမှာ အောက်ကရက်တွေနဲ့ သူတို့ကို javascript ကုဒ် သုံးပြီး ဘယ်လိုတွက်မလဲဆိုတာ ဖော်ပြပါမယ်
- ဥပုသ် နှင့် အဖိတ်နေ့
- ရက်ရာဇာ
- ပြဿဒါး
- သမားညို
- အမြိတ္တစုတ်
- ဝါရမိတ္တုကြီး
- ဝါရမိတ္တုငယ်
- ရက်ပုပ်
- သမားဖြူ
- ရက်ယုတ်မာ
- မဟာရက်ကြမ်း
- ရှမ်းရက်
- နဂါးပေါ်
- နဂါးခေါင်းလှည့်
- မဟာဘုတ်
- နက္ခတ်
- အနှစ်ချုပ်
နေ့တွေ နဲ့ ပတ်သက်ပြီး အသေးစိတ်တွေ ကို အောက်ကလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Free Thinker
IT Mg Mg
ဥပုသ်နှင့် အဖိတ်နေ့
မြန်မာ ပြက္ခဒိန်မှာ လပြည့်၊ လကွယ် နဲ့ လဆန်း၊ လဆုတ် ၈ ရက်နေ့တွေက ဥပုသ် နေ့ဖြစ်ပြီး၊  အဲဒီမတိုင်ခင်ရက်က အဖိတ်နေ့ ဖြစ်ပါတယ်။ ဥပုသ်နေ့ နဲ့ အဖိတ်နေ့ကို စစ်ပေးတဲ့ javascrpit ကုဒ်ကို အောက်မှာ ဖော်ပြထားပါတယ်။
//Sabbath and Sabbath eve
//input: ( md= day of month 0-30, mml= length of month)
//output: (sabbath [sabbath:1, else: 0], sabbatheve [sabbath eve:1, else: 0])
sabbath=0; if((md==8)||(md==15)||(md==23)||(md==mml)) sabbath=1;
sabbatheve=0;if((md==7)||(md==14)||(md==22)||(md==(mml-1))) sabbatheve=1;
ရက်ရာဇာ
ကိစ္စ အမျိုးမျိုး ကို ရက်ရာဇာမှာ ပြုလုပ် ဆောင်ရွက်ပါက အောင်မြင်နိုင်တယ် လို့ ဆိုပါတယ်။ မင်္ဂလာ ကိစ္စတွေ ကို ရက်ရာဇာမှာ အဓိက ထားပြီး ပြုလုပ်ကြပါတယ်။လနဲ့ နေ့ အပေါ်မှာ မူတည်တဲ့ ရက်ရာဇာ နေ့တွေကို အောက်က ဇယားမှာ ပြထားပါတယ်။ 
  ရက်ရာဇာ
| လ | နေ့ | 
| တန်ခူး၊ ဝါခေါင်၊ နတ်တော် | ဗုဒ္ဓဟူး၊ သောကြာ | 
| ကဆုန်၊ တော်သလင်း၊ ပြာသို | ကြာသပတေး၊ စနေ | 
| နယုန်၊ သီတင်းကျွတ်၊ တပို့တွဲ | အင်္ဂါ၊ ကြာသပတေး | 
| ဝါဆို၊ တန်ဆောင်မုန်း၊ တပေါင်း | တနင်္ဂနွေ၊ ဗုဒ္ဓဟူး | 
//Yatyaza
//input: (mm= month, wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (yatyaza [yatyaza:1, else: 0])
yatyaza=0; m1=mm%4; wd1=Math.floor(m1/2)+4;
wd2=((1-Math.floor(m1/2))+m1%2)*(1+2*(m1%2)); 
if((wd==wd1)||(wd==wd2)) yatyaza=1;
ပြဿဒါး
ပြဿဒါး နေ့က ပျက်စီးတတ်၏ လို့ ဆိုကြပါတယ်။ လနဲ့ နေ့ အပေါ်မှာ မူတည်တဲ့ ပြဿဒါး နေ့တွေကို အောက်က ဇယားမှာ ပြထားပါတယ်။ 
  ပြဿဒါး
 | လ | နေ့ | 
| တန်ခူး၊ ဝါခေါင်၊ နတ်တော် | ကြာသပတေး၊ စနေ | 
| ကဆုန်၊ တော်သလင်း၊ ပြာသို | ဗုဒ္ဓဟူး၊ သောကြာ | 
| နယုန်၊ သီတင်းကျွတ်၊ တပို့တွဲ | တနင်္ဂနွေ၊ တနင်္လာ | 
| ဝါဆို၊ တန်ဆောင်မုန်း၊ တပေါင်း | အင်္ဂါ၊ ဗုဒ္ဓဟူး မွန်းလွဲ | 
//Pyathada
//input: (mm= month, wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (pyathada [pyathada:1, afternoon pyathada:2, else: 0])
m1=mm%4;
pyathada=0; wda=[1,3,3,0,2,1,2];  if(m1==wda[wd]) pyathada=1;
if((m1==0)&&(wd==4)) pyathada=2;
သမားညို
သမားညို နေ့မှာ ဆုံးရှုံးရတတ်၏ လို့ ဆိုပါတယ်။ လနဲ့နေ့ အပေါ်မူတည်တဲ့ သမားညိုကိုအောက်က ဇယားမှာ ပြထားပါတယ်။
  သမားညို
| လ | နေ့ | 
|---|
| တန်ခူး | စနေ၊ တနင်္ဂနွေ | 
| ကဆုန် | တနင်္လာ၊ အင်္ဂါ | 
| နယုန် | ဗုဒ္ဓဟူး၊ ကြာသပတေး | 
| ဝါဆို | သောကြာ၊ စနေ | 
| ဝါခေါင် | တနင်္ဂနွေ၊ တနင်္လာ | 
| တော်သလင်း | အင်္ဂါ၊ ဗုဒ္ဓဟူး | 
| သီတင်းကျွတ် | ကြာသပတေး၊ သောကြာ | 
| တန်ဆောင်မုန်း | စနေ၊ တနင်္ဂနွေ | 
| နတ်တော် | စနေ၊ တနင်္ဂနွေ | 
| ပြာသို | တနင်္ဂနွေ၊ တနင်္လာ | 
| တပို့တွဲ | အင်္ဂါ၊ ရာဟု | 
| တပေါင်း | ကြာသပတေး၊ သောကြာ | 
//Thamanyo
//input: (mm= month [1:Tagu, ... , 12:Tabaung], wd= weekday [0:sat, 1:sun, ... , 6:fri])
//output: (thamanyo [Thamanyo:1, else: 0])
thamanyo=0; m1=mm-1-Math.floor(mm/9); wd1=(m1*2-Math.floor(m1/8))%7;
wd2=(wd+7-wd1)%7; if(wd2<=1) thamanyo=1;
အမြိတ္တစုတ်
ဘယ်ကိစ္စ မဆို အမြိတ္တစုတ် ရက်မှာ ဆောင်ရွက်ရင် ပြဿဒါး၊ ဝါရမိတ္တု၊ ရက်ကြမ်း ဘယ်လောက် အဆိုးကြုံကြုံ ပြီးစီး အောင်မြင်နိုင်တယ်။ အမြိတ္တစုတ် ရက်က ရက်တစ်ရက်ရဲ့ အဆိုး၊ အပြစ် အားလုံး ကြေပျက်စေတယ်။ မကောင်းတဲ့ အခိုက်အညံ့ အားလုံး ဖယ်ရှားပေးတယ် လို့ဆိုပါတယ်။ ရက်နဲ့နေ့ အပေါ်မူတည်တဲ့ အမြိတ္တစုတ် ကို အောက်က ဇယားမှာ ပြထားပါတယ်။
  အမြိတ္တစုတ်
| လဆန်း၊ လဆုတ် ရက် | နေ့ | 
|---|
| ၁ | သောကြာ | 
| ၂ | ဗုဒ္ဓဟူး | 
| ၃ | တနင်္လာ | 
| ၄ | ကြာသပတေး | 
| ၅ | စနေ | 
| ၇ | အင်္ဂါ | 
| ၈ | တနင်္ဂနွေ | 
//Amyeittasote
//input: (d=waxing or waning day, wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (amyeittasote [Amyeittasote:1, else: 0])
amyeittasote=0; wda=[5,8,3,7,2,4,1]; if(d==wda[wd]) amyeittasote=1;
ဝါရမိတ္တုကြီး
ဝါရမိတ္တုကြီး နေ့က နှောင့်နှေး ပျက်စီး တတ်၏ လို့ ဆိုပါတယ်။ ရက်နဲ့နေ့ အပေါ်မူတည်တဲ့ ဝါရမိတ္တုကြီး ကို အောက်က ဇယားမှာ ပြထားပါတယ်။
  ဝါရမိတ္တုကြီး
| လဆန်း၊ လဆုတ် ရက် | နေ့ | 
|---|
| ၇ | စနေ | 
| ၁ | တနင်္ဂနွေ | 
| ၄ | တနင်္လာ | 
| ၈ | အင်္ဂါ | 
| ၉ | ဗုဒ္ဓဟူး | 
| ၆ | ကြာသပတေး | 
| ၃ | သောကြာ | 
//Warameittugyi
//input: (d=waxing or waning day, wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (warameittugyi [warameittugyi:1, else: 0])
warameittugyi=0; wda=[7,1,4,8,9,6,3]; if(d==wda[wd]) warameittugyi=1; 
ဝါရမိတ္တုငယ်
ဝါရမိတ္တုငယ် နေ့က နှောင့်နှေး ပျက်စီး တတ်၏ လို့ ဆိုပါတယ်။ ရက်နဲ့နေ့ အပေါ်မူတည်တဲ့ ဝါရမိတ္တုငယ် ကိုအောက်က ဇယားမှာ ပြထားပါတယ်။
  ဝါရမိတ္တုငယ်
| လဆန်း၊ လဆုတ် ရက် | နေ့ | 
|---|
| ၆ | စနေ | 
| ၁၂ | တနင်္ဂနွေ | 
| ၁၁ | တနင်္လာ | 
| ၁၀ | အင်္ဂါ | 
| ၉ | ဗုဒ္ဓဟူး | 
| ၈ | ကြာသပတေး | 
| ၇ | သောကြာ | 
//Warameittunge
//input: (d=waxing or waning day, wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (warameittunge [warameittunge:1, else: 0])
warameittunge=0; wn=(wd+6)%7; if((12-d)==wn) warameittunge=1; 
ရက်ပုပ်
ရက်ပုပ် က ညစ်နွမ်းတတ်၏ လို့ ဆိုကြပါတယ်။ ရက်နဲ့နေ့ အပေါ်မူတည်တဲ့ ရက်ပုပ်ကိုအောက်က ဇယားမှာ ပြထားပါတယ်။
  ရက်ပုပ်
| လဆန်း၊ လဆုတ် ရက် | နေ့ | 
|---|
| ၈ | စနေ | 
| ၁ | တနင်္ဂနွေ | 
| ၄ | တနင်္လာ | 
| ၆ | အင်္ဂါ | 
| ၉ | ဗုဒ္ဓဟူး | 
| ၈ | ကြာသပတေး | 
| ၇ | သောကြာ | 
//Yatpote
//input: (d=waxing or waning day, wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (yatpote [yatpote:1, else: 0])
yatpote=0; wda=[8,1,4,6,9,8,7]; if(d==wda[wd]) yatpote=1; 
သမားဖြူ
သမားဖြူ နေ့မှာ ဆုံးရှုံးရတတ်၏ လို့ ဆိုပါတယ်။ ရက်နဲ့နေ့ အပေါ်မူတည်တဲ့ သမားဖြူ ကိုအောက်က ဇယားမှာ ပြထားပါတယ်။
  သမားဖြူ
| လဆန်း၊ လဆုတ် ရက် | နေ့ | 
|---|
| ၁ | စနေ၊ တနင်္ဂနွေ | 
| ၂ | တနင်္ဂနွေ | 
| ၃ | ကြာသပတေး၊ သောကြာ | 
| ၄ | ကြာသပတေး | 
| ၅ | ဗုဒ္ဓဟူး | 
| ၆ | တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး | 
| ၇ | သောကြာ | 
| ၁၁ | တနင်္လာ | 
//Thamaphyu
//input: (d=waxing or waning day, wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (thamaphyu [thamaphyu:1, else: 0])
thamaphyu=0; wda=[1,2,6,6,5,6,7];  if(d==wda[wd]) thamaphyu=1;
wda=[0,1,0,0,0,3,3]; if(d==wda[wd]) thamaphyu=1;
if((d==4) && (wd==5)) thamaphyu=1;
နဂါးပေါ်
နဂါးပေါ်မှာ တပိုင်းတစ ဖြစ်တတ်၏ လို့ဆိုပါတယ်။ ရက်နဲ့နေ့ အပေါ်မူတည်တဲ့ နဂါးပေါ်ကိုအောက်က ဇယားမှာ ပြထားပါတယ်။
  နဂါးပေါ်
| နေ့ | လဆန်းရက် | လဆုတ် ရက် | 
|---|
| စနေ |  | ၂၊ ၁၁ | 
| တနင်္ဂနွေ | ၂ | ၄၊ ၆ | 
| တနင်္လာ | ၁၊ ၂၊ ၄၊ ၁၂ | ၃ | 
| အင်္ဂါ | ၁၀ |  | 
| ဗုဒ္ဓဟူး | ၉ | ၃ | 
| ကြာသပတေး | ၂ |  | 
| သောကြာ |  | ၆ | 
//Nagapor
//input: (md=day [0-30], wd= weekday [0:sat, 1:sun, ..., 6:fri])
//output: (nagapor [Nagapor:1, else: 0])
nagapor=0; wda=[26,21,2,10,18,2,21];  if(md==wda[wd]) nagapor=1;
wda=[17,19,1,0,9,0,0]; if(md==wda[wd]) nagapor=1;
if(((md==2) && (wd==1)) ||(((md==12)||(md==4)||(md==18)) && (wd==2)))nagapor=1;
ရက်ယုတ်မာ
ရက်ပုပ် က ညစ်နွမ်းတတ်၏ လို့ ဆိုကြပါတယ်။ လနဲ့ လဆန်း၊ လဆုတ် ရက် အပေါ်မူတည်တဲ့ ရက်ယုတ်မာကိုအောက်က ဇယားမှာ ပြထားပါတယ်။
  ရက်ယုတ်မာ
| လ | လဆန်း၊ လဆုတ် ရက် | 
|---|
| တန်ခူး၊ ဝါဆို | ၆ | 
| ကဆုန်၊ တပို့တွဲ | ၄ | 
| နယုန်၊ တော်သလင်း | ၈ | 
| ဝါခေါင်၊ တန်ဆောင်မုန်း | ၁၀ | 
| သီတင်းကျွတ်၊ ပြာသို | ၁၂ | 
| နတ်တော်၊ တပေါင်း | ၂ | 
//Yatyotema
//input: (mm= month [1:Tagu, ... , 12:Tabaung], d=waxing or waning day [1 - 15])
//output: (yatyotema [yatyotema:1, else: 0])
yatyotema=0; m1=(mm%2)?mm:((mm+9)%12); m1=(m1+4)%12+1; if(d==m1) yatyotema=1;
မဟာရက်ကြမ်း
ရှောင်ရ၏ လို့ ဆိုပါတယ်။ လနဲ့ လဆန်း၊ လဆုတ် ရက် အပေါ်မူတည်တဲ့ မဟာရက်ကြမ်းကိုအောက်က ဇယားမှာ ပြထားပါတယ်။
  မဟာရက်ကြမ်း
| လ | လဆန်း၊ လဆုတ် ရက် | 
|---|
| တန်ခူး | ၅ | 
| ကဆုန်၊ နယုန် | ၆ | 
| ဝါဆို၊ ဝါခေါင် | ၁ | 
| တော်သလင်း၊ သီတင်းကျွတ် | ၂ | 
| တန်ဆောင်မုန်း၊ နတ်တော် | ၃ | 
| ပြာသို၊ တပို့တွဲ | ၄ | 
| တပေါင်း | ၅ | 
//Mahayatkyan
//input: (mm= month [1:Tagu, ... , 12:Tabaung], d=waxing or waning day [1 - 15])
//output: (mahayatkyan [Mahayatkyan:1, else: 0])
mahayatkyan=0; m1=(Math.floor((mm%12)/2)+4)%6+1; if(d==m1) mahayatkyan=1;
ရှမ်းရက်
ရှောင်ရ၏ လို့ ဆိုပါတယ်။ လနဲ့ လဆန်း၊ လဆုတ် ရက် အပေါ်မူတည်တဲ့ ရှမ်းရက်ကိုအောက်က ဇယားမှာ ပြထားပါတယ်။
  ရှမ်းရက်
| လ | လဆန်း၊ လဆုတ် ရက် | 
|---|
| တန်ခူး၊ ကဆုန် | ၈ | 
| နယုန်၊ ဝါဆို | ၂ | 
| ဝါခေါင် | ၉ | 
| တော်သလင်း၊ သီတင်းကျွတ် | ၃ | 
| တန်ဆောင်မုန်း | ၅ | 
| နတ်တော် | ၁ | 
| ပြာသို၊ တပေါင်း | ၄ | 
| တပို့တွဲ | ၇ | 
//Shanyat
//input: (mm= month [1:Tagu, ... , 12:Tabaung], d=waxing or waning day [1 - 15])
//output: (shanyat [Shanyat:1, else: 0])
shanyat=0; sya=[8,8,2,2,9,3,3,5,1,4,7,4]; if(d==sya[mm-1]) shanyat=1;
နဂါးခေါင်းလှည့်
ကျွန်တော်တို့ နေအဖွဲ့အစည်း ပါဝင်ရာ နဂါးငွေ့တန်း (Milky Way) ဂလက်ဆီ ကြီးက အဝိုင်း အပြား ပုံ ဖြစ်ပါတယ်။ ညအချိန် ကောင်းကင် ကိုကြည့်လိုက်ရင် အဝိုင်း အပြားနဲ့ တန်းတဲ့ တစ်လျှောက်မှာ ကြယ်တွေ ထူထပ်များပြားစွာ ရှိတာမို့ အမှုန် အငွေ့ အတန်း ကြီး သဖွယ် မြင်ရပါတယ်။ အဲဒီ အမှုန် အငွေ့တန်းကြီး ဦးလှည့်ရာ အရပ်ကို နဂါးခေါင်းလှည့်တဲ့ အရပ်လို့ခေါ်ပါတယ်။
 
  နဂါးခေါင်းလှည့်
| လ | အရပ်မျက်နှာ | 
|---|
| တပေါင်း၊ တန်ခူး၊ ကဆုန် | အနောက် | 
| နယုန်၊ ဝါဆို၊ ဝါခေါင် | မြောက် | 
| တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း | အရှေ့ | 
| နတ်တော်၊ ပြာသို၊ တပို့တွဲ | တောင် | 
//Nagahle
//input: (mm= month [1:Tagu, ... , 12:Tabaung])
//output: (nagahle [0: west, 1: north, 2: east, 3: south])
nagahle=Math.floor((mm%12)/3);
မဟာဘုတ်
ပုတိ၊ ဘင်္ဂ၊ မရဏ၊ အထွန်း၊ သိုက်၊ ရာဇ၊ အဓိပတိ ဟူ၍ မဟာဘုတ် အိမ် ၇ မျိုးရှိသည် 
[မဟာဘုတ်-ဝီကီပီးဒီးယား]။
//Mahabote
//input: (my= myanmar year, wd= weekday [0=sat, 1=sun, ..., 6=fri])
//output: (mahabote [0=Binga, 1=Atun, 2=Yaza, 3=Adipati, 4= Marana, 5=Thike, 6=Puti])
mahabote=(my-wd)%7;
နက္ခတ်
မြန်မာ မွေး သက္ကရာဇ် ကို ၃ ဖြင့် စား၍၊ ၁ ကြွင်းပါက နတ် နက္ခတ်၊ ၂ ကြွင်းပါက လူ နက္ခတ်၊ ၀ ကြွင်းပါက ဘီလူး နက္ခတ် ဟု ဆိုကြသည်။
//Mahabote
//input: (my= myanmar year)
//output: (nakhat [0=orc, 1=elf, 2=human])
nakhat=my%3;
အနှစ်ချုပ်
ရှေ့မှာ ဖော်ပြခဲ့တဲ့ ပြက္ခဒိန် အခါပေးရက်တွေကို javascript ဖန်ရှင် အနေ့နဲ့ အောက်မှာ အနှစ်ချုပ်ပြီး ဖော်ပြထားပါတယ်။
//Checking Astrological days
//input: (mm=month, mml= length of the month,md= day of the month [0-30], 
// wd= weekday  [0=sat, 1=sun, ..., 6=fri], my=Myanmar year)
//output: (sabbath, sabbatheve,yatyaza,pyathada,thamanyo,amyeittasote,
// warameittugyi,warameittunge,yatpote,thamaphyu,nagapor,yatyotema,
// mahayatkyan,shanyat,nagahle [0=west, 1=north, 2=east, 3=south],
//  mahabote [0=Binga, 1=Atun, 2=Yaza, 3=Adipati, 4= Marana, 5=Thike, 6=Puti]
// nakhat [0=orc, 1=elf, 2=human])
// More details @ http://cool-emerald.blogspot.sg/2013/12/myanmar-astrological-calendar-days.html
function astro(mm,mml,md,wd,my) {
 var d,sabbath,sabbatheve,yatyaza,pyathada,thamanyo,amyeittasote;
 var warameittugyi,warameittunge,yatpote,thamaphyu,nagapor,yatyotema;
 var mahayatkyan,shanyat,nagahle,m1,wd1,wd2,wda,sya,mahabote;
 if (mm<=0) mm=4;//first waso is considered waso
 d=md-15*Math.floor(md/16);//waxing or waning day [0-15]
 sabbath=0; if((md==8)||(md==15)||(md==23)||(md==mml)) sabbath=1;
 sabbatheve=0;if((md==7)||(md==14)||(md==22)||(md==(mml-1))) sabbatheve=1;
 yatyaza=0; m1=mm%4; wd1=Math.floor(m1/2)+4;
 wd2=((1-Math.floor(m1/2))+m1%2)*(1+2*(m1%2));
 if((wd==wd1)||(wd==wd2)) yatyaza=1;
 pyathada=0; wda=[1,3,3,0,2,1,2]; if(m1==wda[wd]) pyathada=1;
 if((m1==0)&&(wd==4)) pyathada=2;//afternoon pyathada
 thamanyo=0; m1=mm-1-Math.floor(mm/9); wd1=(m1*2-Math.floor(m1/8))%7;
 wd2=(wd+7-wd1)%7; if(wd2<=1) thamanyo=1;
 amyeittasote=0; wda=[5,8,3,7,2,4,1]; if(d==wda[wd]) amyeittasote=1;
 warameittugyi=0; wda=[7,1,4,8,9,6,3]; if(d==wda[wd]) warameittugyi=1;
 warameittunge=0; wn=(wd+6)%7; if((12-d)==wn) warameittunge=1;
 yatpote=0; wda=[8,1,4,6,9,8,7]; if(d==wda[wd]) yatpote=1;
 thamaphyu=0; wda=[1,2,6,6,5,6,7];  if(d==wda[wd]) thamaphyu=1;
 wda=[0,1,0,0,0,3,3]; if(d==wda[wd]) thamaphyu=1;
 if((d==4) && (wd==5)) thamaphyu=1;
 nagapor=0; wda=[26,21,2,10,18,2,21];  if(md==wda[wd]) nagapor=1;
 wda=[17,19,1,0,9,0,0]; if(md==wda[wd]) nagapor=1;
 if(((md==2)&&(wd==1))||(((md==12)||(md==4)||(md==18))&&(wd==2)))nagapor=1;
 yatyotema=0; m1=(mm%2)?mm:((mm+9)%12); m1=(m1+4)%12+1; if(d==m1)yatyotema=1;
 mahayatkyan=0; m1=(Math.floor((mm%12)/2)+4)%6+1; if(d==m1) mahayatkyan=1;
 shanyat=0; sya=[8,8,2,2,9,3,3,5,1,4,7,4]; if(d==sya[mm-1]) shanyat=1;
 nagahle=Math.floor((mm%12)/3);
 mahabote=(my-wd)%7;
 nakhat=my%3;
 return {sabbath:sabbath,sabbatheve:sabbatheve,yatyaza:yatyaza,
 pyathada:pyathada,thamanyo:thamanyo,amyeittasote:amyeittasote,
 warameittugyi:warameittugyi,warameittunge:warameittunge,
 yatpote:yatpote,thamaphyu:thamaphyu,nagapor:nagapor,
 yatyotema:yatyotema,mahayatkyan:mahayatkyan,shanyat:shanyat,
 nagahle:nagahle,mahabote:mahabote,nakhat:nakhat};
}
Related post: 
Algorithm, Program and Calculation of Myanmar Calendar
No comments:
Post a Comment