သာသနာနှစ် ၂၅၆၉ ခု၊ မြန်မာနှစ် ၁၃၈၇ ခု၊ ဝါခေါင် လဆန်း ၄ ရက်၊ တနင်္လာနေ့။

Search This Blog

Thursday, December 15, 2016

LaTeX Template for Thesis

Thesis အတွက် LaTeX နမူနာ ပုံစံ တစ်ခု ကို မျှဝေ ထားပါတယ်။
သူ့ကို https://github.com/yan9a/LaTeX_Template_Thesis မှာ ရယူနိုင်ပါတယ်။

ဒီနမူနာ ပုံစံ က pdflatex နဲ့ သုံးဖို့ ရည်ရွယ်တာပါ။ main_file.tex ဆိုတဲ့ ဖိုင်က အဓိက ဖိုင်ဖြစ်ပြီး၊ အခြားဖိုင် တစ်ချို့ကို \input ဆိုတဲ့ command ကိုသုံးပြီး ထည့်ထားပါတယ်။ ဖိုင်ရဲ့ အစမှာ \documentclass[12pt,a4paper]{report} ဆိုပြီး စာတမ်းရဲ့ အမျိုးအစားကို report နဲ့၊ စာရွက် အမျိုးအစားကို A4 စာရွက်၊ စာလုံး အရွယ်ကို 12 pt လို့ သတ်မှတ်လိုက် ပါတယ်။ \usepackage[pdftitle={Aye-Confirmation Report},pdfauthor={Yan Naing Aye}]{hyperref} က ထွက်လာမည့် pdf ဖိုင်မှာ ခေါင်းစဉ်နဲ့ စာရေးသူ တွေကို ထည့် ပေးပါတယ်။ ဝင်းဒိုး အိတ်စပလိုရာ မှာ မောက်စ် ကာစာ လေးကို ဖိုင်ပေါ်မှာ ထားလိုက်ရင် ဖြစ်ဖြစ်၊ ညာဖက် မောက်စ် ကလစ်ကို နှိပ်ပြီး properties ကို ကြည့်လိုက်ရင် ဖြစ်ဖြစ် တွေ့နိုင်ပါတယ်။ hyperref က သင့် ရဲ့ pdf ဖိုင်မှာ links တွေ၊ bookmarks တွေ ကိုလည်း ထည့်ပေးပါတယ်။ \def\titleSentence{ } ကိုသုံးပြီး ရီပို့ ရဲ့ ခေါင်းစဉ်ကို သတ်မှတ် တဲ့နေရာ မှာ သင့် သီးစစ် ရဲ့ ခေါင်းစဉ်နဲ့ အစားထိုး နိုင်ပါတယ်။ ဒီမှာ \los ဆိုတဲ့ ကွန်မန်း အသစ်တစ်ခု ကို list of symbols တွေကို အလွယ်တကူ ထည့်လို့ ရအောင် သတ်မှတ်ထားပါတယ်။ အဲဒီလို သတ်မှတ်ပြီး စာရင်း ရဲ့ ပုံစံ ကို ပြောင်းချင်ရင်လည်း အဲဒီ တစ်နေရာ ထဲမှာ ပဲ အလွယ်တစ်ကူ ပြောင်းလို့ ရသွားပါတယ်။ \renewcommand{\bibname}{References} ကတော့ Bibliography ဆိုတဲ့ ခေါင်းစဉ်အစား References နဲ့ အစားထိုးပေးပါတယ်။ \renewcommand{\baselinestretch}{1.5} က စာကြောင်းတွေ ကြားက အကွာအဝေး ကို ၁.၅ လို့ သတ်မှတ်ပေးပါတယ်။ ဒီ နမူနာ ပုံစံလေး သင့်အတွက် အသုံးကျမယ်လို့ မျှော်လင့်ပါတယ်။ သင့် သီးစစ်နဲ့ ပတ်သက်ပြီး အစစ အရာရာ ကံကောင်းပါစေ လို့ ဆုတောင်းလိုက် ပါတယ်။

No comments:

Post a Comment